International Organizations
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် ဆောလျင်စွာ ဆွေးနွေးညှိနှိုင်းရန် တရုတ် တိုက်တွန်း
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၀ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယူကရိန်းအရေးစိစစ်မှုအတွင်း ပါဝင်ဆွေးနွေးရာ၌ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းပေါ်သို့ ဆောလျင်စွာလျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ယူကရိန်းအကျပ်အတည်းသည် ကြာရှည်နေဆဲဖြစ်သလို မြေပြင်စစ်ပွဲများသည်လည်း မရပ်နားသေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားသူများက တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအား တင်းကျပ်စွာလိုက်နာရန်၊ အရပ်သားပြည်သူများနှင့် အရပ်ဘက်သုံးအဆောက်အဦများ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ရန် ထပ်မံတိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုသည် ယူကရိန်းအကျပ်အတည်းအားဖြေရှင်းသည် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့်လမ်းကြောင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် နိုင်ငံရေးဆန္ဒကို ဖော်ပြပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသောလမ်းကြောင်းသို့ ဆောလျင်စွာလျှောက်လှမ်းကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေး၍ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် တက်တက်ကြွကြွတိုက်တွန်းကာ အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အတွက် အကျိုးရှိသောအခြေအနေဖန်တီးပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယမန်နှစ်က တရုတ်နိုင်ငံသည် ဘရာဇီး စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ ယူကရိန်းအကျပ်အတည်း “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ်ဖွဲ့စည်းမှုကို တွန်းအားပေးခဲ့ကြောင်း၊ မကြာသေးမီက အဆိုပါအဖွဲ့ငယ်သည် သံအမတ်ကြီးအဆင့် အစည်းအဝေးကျင်းပ၍ မီဒီယာများအား ဆွေးနွေးပြောကြားမှု လုပ်ဆောင်ခဲ့ရာ လတ်တလောကာလအတွင်း သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးထိတွေ့မှု လုပ်ဆောင်ခြင်းအား ကြိုဆိုပြီး ဘက်အသီးသီးက အခွင့်အလမ်းအား အမိအရဆုပ်ကိုင်ကာ တွေ့ဆုံဆွေးနွေးမှုအလားအလာအား ထိန်းသိမ်းထားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု ဖုချုံးက ဆိုသည်။
အဖွဲ့ငယ်သည် အခြေအနေပြေလျော့မှုအား တွန်းအားပေးရန်၊ စစ်ပွဲအဆင့်မြင့်တက်မှုအား ကာကွယ်ရန် လက်ကိုင်ထားကြောင်း၊ ဘက်အသီးသီးအနေဖြင့် ပဋိပက္ခဖြစ်ပွားသူထံသို့ လက်နက်ဖြန့်ချိခြင်း အပါအဝင် ပဋိပက္ခအား ဆိုးရွားသွားစေနိုင်သည့် လုပ်ရပ်ကို ရှောင်ကြဉ်သင့်ကြောင်း၊ ဘုံရည်မှန်းချက်မှာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဘက်စုံထောင့်စုံသော၊ တရားမျှတသော၊ ရေရှည်ဖြစ်သည့်အပြင် ပဋိပက္ခဖြစ်ပွားသူများ၏ ဂရုပြုမှုကို ထင်ဟပ်သော၊ ပဋိပက္ခဖြစ်ပွားသူက လက်ခံနိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရန်ဖြစ်သည်ကို အဖွဲ့ငယ်က အလေးထား ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
အဖွဲ့ငယ်အနေဖြင့် ပဋိပက္ခဖြစ်ပွားသူများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအား ထောက်ခံအားပေးလိုကြောင်း၊ ဘက်အသီးသီးအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအား တင်းကျပ်စွာလိုက်နာကာ စစ်သုံ့ပန်းများလဲလှယ်ခြင်း စသည့် လူသားချင်းစာနာမှု အဆိုပြုချက်အား ထောက်ခံအားပေးရန် အဖွဲ့ငယ်က တိုက်တွန်းကြောင်း၊ အဖွဲ့ငယ်အနေဖြင့် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်လာသည့် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများအပေါ် များစွာဂရုပြုကြောင်း၊ နိုင်ငံအသီးသီးက ပုံမှန်နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်သည့် အခွင့်အရေးအား ကာကွယ်ထိန်းသိမ်းရန် အဖွဲ့ငယ်ကအဆိုပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ယူကရိန်းအရေးကိစ္စတွင် ရပ်တည်ချက်သည် အလွန်တိကျရှင်းလင်း၍ တစ်သမတ်တည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးနှင့် ထိတွေ့မှုကို အစဉ်အမြဲ တက်ကြွစွာလုပ်ဆောင်ပြီး ငြိမ်းချမ်းရေးအတွက် အပြေးအလွှား လုပ်ဆောင်လျက်ရှိသလို ဆွေးနွေးညှိနှိုင်းမှုမြှင့်တင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့် ချိတ်ဆက်မှုကို ဆက်လက် ထိန်းသိမ်းကာ နိုင်ငံတကာအသိုက်အဝန်းတွင် ဟန်ချက်ညီ၍ အပြုသဘောဆောင်ကာ ဆင်ခြင်တုံတရားရှိသော အသံများ မြှင့်တင်ရန်၊ အပစ်ရပ်မှုအား ဆောလျင်စွာဖော်ဆောင်ရန်၊ အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကို တွန်းအားပေးရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
中方呼吁俄乌冲突当事方尽快谈判
新华社联合国11月20日电 中国常驻联合国代表傅聪20日在安理会审议乌克兰问题时发言,呼吁俄乌冲突当事方尽快走上谈判解决的道路。
傅聪说,当前,乌克兰危机还在延宕,地面战事仍未停歇。中方再次呼吁冲突当事方保持冷静克制,严格遵守国际人道法,切实保护平民和民用设施安全。对话谈判是解决乌克兰危机的唯一可行出路,中方呼吁冲突当事方展现政治意愿,尽快走上谈判解决的道路。中方呼吁国际社会加大人道援助,积极劝和促谈,为危机的政治解决继续创造有利条件。
傅聪说,去年,中国和巴西等全球南方国家共同推动成立乌克兰危机“和平之友”小组。不久前,小组再次举行大使级会议并对媒体发表谈话,欢迎近期有关各方开展的对话接触,呼吁各方抓住机遇,维持对话势头。小组主张推动局势缓和,防止战事升级。各方应避免采取加剧冲突的行为,包括向当事方扩散武器。小组重申,共同目标必须是通过谈判达成一份全面、公正、持久,且反映冲突当事方关切、为冲突当事方所接受的和平协议。小组愿支持冲突当事方开展后续行动。小组呼吁各方严格遵守国际人道法,支持交换战俘等人道倡议。小组对单边制裁造成的负面影响深表关切,主张维护各国开展正常国际贸易和经济合作的权利。
傅聪说,中方在乌克兰问题上的立场非常明确、一以贯之。中方始终积极同有关各方接触,为和平奔走、为促谈努力。中方愿继续与各方保持沟通,增进国际社会中的平衡客观理性声音,为早日实现停火止战、推动危机政治解决发挥建设性作用。(完)
图说:11月17日,在位于纽约的联合国总部,中国常驻联合国代表傅聪(前排中)在安理会会议上发言。新华社记者 张凤国 摄
