Africa & Middle East
တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်က ကွန်ဂို-တရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော အနာဂတ်အလားအလာ ဖွင့်လှစ်ပေး
ဘရာဇာဗီလီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကွန်ဂို (ဘရာဇာဗီးလ်) သတင်းဌာန သတင်းဝက်ဘ်ဆိုက်သည် မကြာသေးမီက ကွန်ဂို (ဘရာဇာဗီးလ်) စီးပွားရေးသုံးသပ်မှုနှင့် မူဝါဒသုတေသနစင်တာ ဌာနမှူး၊ စီးပွားရေးပညာရှင် ဝုဖ်မာဖရီအား သီးသန့်တွေ့ဆုံမေးမြန်းမှုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါဆောင်းပါးတွင် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်သည် ကွန်ဂို-တရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော အနာဂတ်အလားအလာ ဖွင့်လှစ်ပေးသည်ဟု ယူဆထားသည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” သည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံအတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်စက်စက်ကို ပံ့ပိုးပေးလိုက်သည်။ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်တွင် ဆန်းသစ်တီထွင်မှု၊ ခေတ်မီအသွင်ကုန်ထုတ်လုပ်ငန်းစနစ်နှင့် အစိမ်းရောင် အသွင်ကူးပြောင်းမှုအား အရေးကြီးနေရာ၌ ထားရှိရာ တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံစံသည် အရည်အသွေးမြှင့်တင်မှု၊ သိပ္ပံနည်းပညာ မိမိကိုယ်ပိုင်ရပ်တည်မှု စသည့် ဦးတည်ချက်များထံ ပြောင်းလဲလာမှုကို ပေါ်လွင်စေသည်။ ယင်းသည် ကွန်ဂို-တရုတ် ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် စွမ်းအင်၊ စက်မှုနှင့် အခြေခံအဆောက်အဦ စသည့်ကဏ္ဍများကို တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ရသည်။
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့်ကဏ္ဍများအား အင်တိုက်အားတိုက်ဖော်ဆောင်သွားမည်ဖြစ်သည်။ ယင်းသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံက နည်းပညာလွှဲပြောင်းမှုအား လက်ခံရယူခြင်း၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်း ဖော်ဆောင်ခြင်းအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးမည်ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံက ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအား တက်တက်ကြွကြွ တွန်းအားပေးဖော်ဆောင်လျက်ရှိရာ ယင်းသည် ကွန်ဂို-တရုတ်နှစ်နိုင်ငံက ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင် စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်သည်။ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ ကျေးလက်ဒေသ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအသွင်ပြောင်းရေး (Electrification) တည်ဆောက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်တွင် တံခါးဖွင့်လှစ် ပူးပေါင်းဆောင်ရွက်မှုအား အခိုင်အမာလက်ကိုင်ထားရန်လည်း အလေးထားဖော်ပြထားသည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံအတွက် ရင်းနှီးထည့်ဝင်မှုလမ်းကြောင်းအသစ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၎င်းက ကမ္ဘာ့စီးပွားရေးကွန်ရက်အတွင်း ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ပါဝင်ရန်အတွက် တွန်းအားပေးသွားမည်ဖြစ်သည်။
လူရည်ချွန်ပျိုးထောင်မှုသည် ကွန်ဂို-တရုတ် နှစ်နိုင်ငံ အသစ်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော ထောက်ခံမှု ပံ့ပိုးပေးလိုက်သည်။ နှစ်နိုင်ငံက နည်းပညာလေ့ကျင့်မှု၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲသိပ္ပံသုတေသနစင်တာ တည်ဆောက်မှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ စီးပွားရေး အမျိုးစုံလင်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ကူညီပေးမည်ဖြစ်ပေသည်။ (Xinhua)

ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ အနောက်ပိုင်း Bouenza ပြည်နယ် Loudima မြို့ စန်းစန်း စိုက်ပျိုးရေးနည်းပညာ ကုမ္ပဏီလီမိတက်၌ တရုတ်ဘက်နှင့် ဒေသခံ နည်းပညာဝန်ထမ်းများက ပီလောပီနံမှုန့်အား စမ်းသပ်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
全球瞭望丨刚果(布)经济学家:中国“十五五”规划将为刚中合作开辟广阔前景
新华社布拉柴维尔11月20日电(记者郑扬子)刚果(布)通讯社新闻网站日前播发对刚果(布)经济分析与政策研究中心主任、经济学家沃尔夫·穆费雷的专访。文章认为,中国“十五五”规划将为刚中合作开辟广阔前景。文章摘要如下:
中国“十五五”规划将为刚果(布)提供全新的经济与技术合作机遇。“十五五”规划建议把创新、现代化产业体系和绿色转型放在重要位置,体现了中国经济发展模式向提升质量、科技自主等方向的转变。这有望推动刚中长期合作关系的发展,特别是在能源、工业和基础设施等领域。
在“十五五”期间,中国将大力发展人工智能、可再生能源等领域,这将为刚果(布)承接技术转移、发展本地制造业创造新的机遇。
此外,中国积极推进碳达峰碳中和,这也将有助于刚中两国在水电、太阳能等领域开展合作。相关合作有望促进刚果(布)农村地区的电气化建设。
“十五五”规划建议还强调坚持开放合作,南南合作将为刚果(布)开辟新的融资渠道,推动其更好地融入全球经济网络。
人才培养为刚中两国新一轮合作提供关键支撑。两国在技术培训、高校合作、建设联合科研中心等方面的合作,将助力刚果(布)经济多元化发展。(完)
图说1、9月2日,来华出席中国人民抗日战争暨世界反法西斯战争胜利80周年纪念活动的刚果(布)总统萨苏抵达北京。 新华社记者 张晨霖 摄
图说2、9月10日,在刚果(布)西部布恩扎省卢迪马镇生生农业科技有限公司,中方和当地技术人员一起检测木薯粉。新华社记者 郑扬子 摄
