Connect with us

Europe

ဗြိတိန်နိုင်ငံက နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး ရွှေ့ပြောင်းနေထိုင်မှုစနစ် ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ ဆန္ဒပြမှုနေရာတွင် စည်းစနစ်ထိန်းသိမ်းနေသော ဗြိတိန်ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံသည် နိုဝင်ဘာ ၂၀ ရက်တွင် နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး ရွှေ့ပြောင်းနေထိုင်မှုစနစ် ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်သော သတင်းကြေညာချက်အရ သိရသည်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနှင့် လူမှုဖူလုံရေးထောက်ပံ့မှုကို အားကိုးသည့် ပြည်ဝင်သူများအနေဖြင့် နှစ်ပေါင်း ၂၀ မှ ၃၀ အထိ စောင့်ဆိုင်းပြီးမှ ရာသက်ပန်နေထိုင်ခွင့် ရရှိမည်ဖြစ်ရာ ယင်းသည် “ဥရောပတိုက်၏ အတင်းကျပ်ဆုံး” ရွှေ့ပြောင်းနေထိုင်မှု မူဝါဒဖြစ်လာမည်ဖြစ်သည်။
ယခုအကြိမ် ပြုပြင်ပြောင်းလဲမှုကို ၂၀၂၁ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ ၂ သန်းနီးပါး အကျုံးဝင်ကာ ရာသက်ပန်နေထိုင်ခွင့်ရရှိထားပြီး ဗြိတိန်နိုင်ငံ၌ နေထိုင်နေပြီးဖြစ်နေသူများအပေါ် သက်ရောက်မှုမရှိကြောင်း သတင်းကြေညာချက်တွင် ဖော်ပြထားသည်။

လစာနိမ့်လုပ်သားများသည် အခြေခံစံနှုန်းအရ စောင့်ဆိုင်းရန်ကာလ ၁၅ နှစ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အဆိုပါသတင်းအရ သိရသည်။ အစိုးရလူမှုဖူလုံရေးထောက်ပံ့မှုကို အားကိုးသည့် ရွှေ့ပြောင်းနေထိုင်သူများကမူ နှစ်ပေါင်း ၂၀ စောင့်ဆိုင်းရမည်ဖြစ်ပြီး လက်ရှိတောင်းဆိုချက်၏ ၄ ဆဖြစ်ရာ ဥရောပတွင် အချိန်အကြာရှည်ဆုံး စံချိန်တင်ခဲ့သည်။ ထို့အပြင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် ဗီဇာသက်တမ်းကျော်လွန်၍ ဆက်လက်နေထိုင်သူများ၏ စောင့်ဆိုင်းကာလကမူ အကြာရှည်ဆုံး နှစ်ပေါင်း ၃၀ ဖြစ်နိုင်သည်။
လက်ရှိကျင့်သုံးနေသည့်စနစ်အောက်တွင် ရွှေ့ပြောင်းနေထိုင်သူများက သာမန်အားဖြင့် ဗြိတိန်နိုင်ငံ၌ ၅ နှစ်ကြာနေထိုင်ပြီးနောက် သတ်မှတ်ထားသည့်အခြေအနေအောက်တွင် ရာသက်ပန်နေထိုင်ခွင့်ရရှိကြကြောင်း၊ အဆိုပါမူဝါဒသည် စီးပွားရေးဗီဇာအမျိုးအစား၊ မိသားစုအမျိုးအစားလမ်းကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အမျိုးအစားလမ်းကြောင်းဖြင့် ပြည်ဝင်လာသော ရွှေ့ပြောင်းနေထိုင်သူအုပ်စုအား လွှမ်းခြုံထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

——————-
(Chinese Version)
英国启动50年来最大移民制度改革
新华社伦敦11月20日电(记者郑博非)根据英国内政部20日发布的新闻稿,英国当天启动50年来最大移民制度改革。非法移民与依赖社会福利的入境者需等待20年至30年才能获得永久居留资格,这将是“欧洲最严格”的移民政策。
新闻稿说,此次改革适用于自2021年以来抵英的近200万名移民,但不影响已获得永居身份并在英国生活的人员。
根据新闻稿,低薪劳动者将面临15年基准等待期。依赖政府福利救济的移民则将等待20年,是现行要求的4倍,创欧洲最长纪录。此外,非法移民和签证逾期滞留者的等待期最长可达30年。
新闻稿称,现行制度下,移民通常在英国住满5年后即可在一定条件下获得永居。该政策覆盖通过经济类签证、家庭类途径和人道主义类途径入境的移民群体。(完)
图说:9月13日,在英国首都伦敦,英国警方维护现场秩序。新华社记者 高文成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.