Connect with us

Asia

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော တောင်-မြောက် ကိုရီးယား ဆက်ဆံရေးပုံစံသစ် တည်ဆောက်ရန် တောင်ကိုရီးယား သမ္မတ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုသည့် အခမ်းအနားတွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

လက်ရှိ ရင်ဆိုင်နေရသည့် အကြောင်းအရာမှာ တောင်-မြောက် ရန်လိုမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို အဆုံးသတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော တောင်-မြောက် ကိုရီးယား ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

လီဂျေမြောင်က ယင်းနေ့တွင် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည်နယ် Goyang မြို့၌ “ဒီမိုကရေစီနှင့် ငြိမ်းချမ်းသောပေါင်းစည်းရေး အတိုင်ပင်ခံအစည်းအဝေး” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသာ စိတ်ရင်းမှန်ကန်စွာဖြင့် အလျင်လက်ကမ်းမည်၊ စိတ်ရှည်လက်ရှည်ကြိုးပမ်းမည် ဆိုလျှင် မြောက်ကိုရီးယား၏ သဘောထားသည်လည်း ပြောင်းလဲလာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အကယ်၍ ရန်လိုမှုမှ သယ်ဆောင်လာသည့် ကွဲလွဲမှုအရင်းအနှီးများကို ငြိမ်းချမ်းရေးအခြေခံသည့် တိုးတက်မှုတွန်းအားအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် “ကိုရီးယားကျွန်းဆွယ်အန္တရာယ်” ကို “ကိုရီးယားကျွန်းဆွယ်အကျိုးစီးပွား” အဖြစ်သို့ ပြောင်းလဲနိုင်ကာ ထိုမှတစ်ဆင့် ခိုင်မာသည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြောင်း၊ ယင်းမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံလုံးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယနေ့နောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ အစိုးရအနေဖြင့် တောင်-မြောက် ကိုရီးယား စစ်ရေးနယ်နိမိတ်မျဉ်းတစ်လျှောက် စစ်ရေးတင်းမာမှုအနေအထားများကို လျှော့ချသွားမည် ဖြစ်ကြောင်း၊ မတော်တဆ ပဋိပက္ခဖြစ်နိုင်ခြေကို ဖယ်ရှားရန် လိုအပ်သည့်အစီအမံများကို အပြုသဘောဆောင်စွာဖြင့် ဦးစွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
တောင်-မြောက် တွေ့ဆုံဆွေးနွေးမှု ပြန်လည်ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အနာဂတ်ကို ဖွင့်လှစ်သည့် မဖြစ်မနေလိုအပ်ချက် ဖြစ်ကြောင်း၊ ပွင့်လင်းရိုးသားသည့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တောင်-မြောက် ကိုရီးယားအကြား ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန် အဆိုပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ် စစ်ပွဲအခြေအနေကို အဆုံးသတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းသွားမည် ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
韩国总统呼吁建立和平共存的新型韩朝关系
新华社首尔12月2日电(记者张粲 孙一然)韩国总统李在明2日表示,当前所面临课题是终结南北间敌对与对立,建立和平共存的新型韩朝关系。
李在明当天在韩国京畿道高阳市出席“民主和平统一咨询会议”启动仪式并发表演讲。他表示,只要韩国先伸出诚意之手,耐心努力,朝鲜态度也可能发生变化。他说,如果能够将敌对所带来的分裂成本转化为以和平为基础的增长动力,就能把“半岛风险”转变为“半岛红利”,从而构建牢固的和平,这对韩国和朝鲜都是最好选择。
李在明表示,韩国政府今后会在韩朝军事分界线一带降低军事紧张气氛,将积极主动采取必要措施,以消除偶发冲突可能性。他说,恢复南北对话是开创和平共存未来的必要条件,提议恢复韩朝间沟通渠道,以重启坦诚对话。
李在明还说,将持续努力终结朝鲜半岛战争状态,追求实现朝鲜半岛无核化。(完)
1. 11月1日,韩国总统李在明在欢迎仪式现场。 当地时间11月1日下午,国家主席习近平出席韩国总统李在明举行的欢迎仪式。 新华社记者 李琰 摄