Connect with us

North America

ထရမ့်က လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် အမည်စာရင်းတင်သွင်းမည့်သူအား ထုတ်ပြန်ကြေညာနိုင်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်ဗဟိုဘဏ် အဆောက်အဦ အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် ဒီဇင်ဘာ ၂ ရက်က အိမ်ဖြူတော်၌ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းအနေဖြင့် ၂၀၂၆ ခုနှစ် မေလ၌ ရာထူးသက်တမ်းကုန်ဆုံးမည့် လက်ရှိ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell နေရာတွင်ဆက်ခံရန်အတွက် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်အဖြစ် အမည်စာရင်းတင်သွင်းမည့်သူအား ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာသွားနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent အနေဖြင့် အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် ဆန္ဒမရှိကြောင်းလည်း ထရမ့်က ထိုနေ့တွင် အတည်ပြုခဲ့သည်။
ထိုမတိုင်မီ ထရမ့်က အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်အဖြစ် အမည်စာရင်း တင်သွင်းမည့်သူနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ပြီးဖြစ်ကြောင်းဆိုခဲ့သည်။ ထရမ့်နှင့် ၎င်း၏အကြံပေးပုဂ္ဂိုလ်၊ မဟာမိတ်များ၏ အမြင်တွင် အိမ်ဖြူတော် အမျိုးသားစီးပွားရေးကောင်စီ ဒါရိုက်တာ Kevin Hassett သည် အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်အဖြစ် ထိပ်တန်းရွေးချယ်ထားသူဖြစ်သည်ဟု Bloomberg သတင်းဌာနက သတင်းအရင်းအမြစ်၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။ သက်ဆိုင်ရာဥပဒေသတ်မှတ်ချက်အရ အမေရိကန်သမ္မတက အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ အမည်စာရင်းတင်သွင်းပြီးနောက် အထက်လွှတ်တော်၏ အတည်ပြုချက် ရယူရန်လိုအပ်ပေသည်။
Jerome Powell သည် ထရမ့်၏ ပထမသမ္မတ သက်တမ်းကာလအတွင်း အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဘိုင်ဒန်အစိုးရလက်ထက်တွင် ဆက်တိုက် အမည်စာရင်းတင်သွင်းခံရ၍ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
ထရမ့်သည် အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒကြောင့် Jerome Powell အား ကြိမ်ဖန်များစွာ လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ပြီးနောက် ထရမ့်သည် Jerome Powell အား ကြိမ်ဖန်များစွာ ဝေဖန်ပြောဆိုခဲ့ပြီး အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းလျှော့ချမှု နှေးကွေးလွန်းသည်ဟု ပြစ်တင်ကာ Jerome Powell အား ရာထူးမှဖယ်ရှားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒ လွတ်လပ်မှုအား ထိန်းသိမ်းထားနိုင်မည်လောနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
特朗普或于明年初公布新任美联储主席提名人选
新华社纽约12月2日电(记者刘亚南)美国总统特朗普2日在白宫举行的内阁会议上说,他很可能在2026年初公布下任美国联邦储备委员会主席提名人选,以接替将于2026年5月结束任期的现任主席鲍威尔。
特朗普当天还确认,美国财政部长贝森特无意担任美联储主席的职务。
此前,特朗普称已就新任美联储主席提名人选做出决定。彭博社援引知情人士说法报道,在特朗普及其顾问和盟友眼中,白宫国家经济委员会主任凯文·哈西特是下任美联储主席的头号候选人。根据相关法律规定,美国总统提名美联储主席人选后,需获参议院批准。
鲍威尔在特朗普首个总统任期内被提名为美联储主席,于2018年2月上任。后在拜登政府时期获得提名连任。
特朗普多次因美联储货币政策公开批评鲍威尔。今年1月再次就任总统后,特朗普反复批评鲍威尔,指责美联储降息过慢,并威胁解除鲍威尔职务。美联储能否保持货币政策独立性引发广泛担忧。(完)
图说:这是10月29日在美国首都华盛顿拍摄的美国联邦储备委员会大楼外景。新华社记者 胡友松 摄