Connect with us

Videos

ဂျာမနီအသင်း နည်းပြချုပ် နာဂယ်စ်မန်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားမတိုင်မီ ဂိုးသမားပြဿနာနှင့် ရင်ဆိုင်နေရ

ဘာလင်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဂျာမနီအသင်း နည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်းအနေဖြင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမတိုင်မီ ရွေးချယ်စရာ ဂိုးသမားရှားပါးနေသည့် ပြဿနာနှင့် မကြုံစဖူး ရင်ဆိုင်နေရသည်။အသက် ၃၉ နှစ်အရွယ် မာနူအယ် နော်ယာက လက်ရွေးစင်အသင်းတွင် ပြန်လည်ကစားမည်ဆိုခြင်းကို ငြင်းပယ်ထားသလို မာ့ခ်-အန်ဒရေ တာစတီဂျန်မှာလည်း ဒဏ်ရာပြန်လည်ရရှိခဲ့ခြင်းကြောင့် လအတန်ကြာ အနားယူရမည်ဖြစ်သဖြင့် ပါဝင်ကစားနိုင်ဖွယ် မရှိတော့ချိန်တွင် အိုလီဗာ ဘောင်းမန်းမှာ ကမ္ဘာ့ဖလား လေးကြိမ်ဆွတ်ခူးထားသည့် ဂျာမနီအသင်းအတွက် ပထမဦးစားပေး ရွေးချယ်စရာ ဖြစ်လာမည်ဖြစ်သည်။

သို့သော် ဘောင်းမန်း၏ အရန်အဖြစ်ထားရှိမည့် ဂိုးသမားများကို ရွေးချယ်ရန် လိုအပ်မှုနှင့် ပြိုင်ပွဲကြီးများတွင် အဆိုပါ ဟော့ဖန်ဟိမ်းဂိုးသမား၏ အတွေ့အကြုံအားနည်းမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောဆိုရာတွင် နာဂယ်စ်မန်း၏ ပြဿနာမှာ ပို၍ပင် မြင်သာထင်သာရှိလာခဲ့သည်။
ဂျာမနီအသင်းမှာ ဆယ်စုနှစ်များစွာတိုင်အောင် ထိပ်တန်းအဆင့် ဂိုးသမားများကို ပိုင်ဆိုင်ထားခဲ့သော်လည်း မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်တို့တွင် ကျင်းပမည့် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်ဖွယ်ရာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်။
မာနူအယ် နော်ယာ
ဘိုင်ယန်မြူးနစ် ဂိုးသမား မာနူအယ် နော်ယာက နိုင်ငံတကာပြိုင်ပွဲများတွင် ပြန်လည်ကစားမည်မဟုတ်ဟု ယခုသီတင်းပတ်၌ ထပ်လောင်းပြောကြားခဲ့ကာ ၎င်း၏ ကစားသမားဘဝကို ကလပ်အသင်းအတွက်သာ မြှုပ်နှံသွားမည်ဟု ဆိုသည်။
၎င်းအနေဖြင့် ယခုရာသီကုန်၌ ဘိုင်ယန်အသင်းနှင့် ထပ်မံသက်တမ်းတိုးခြင်း ပြုမပြုအတွက် အပြီးသတ် ဆုံးဖြတ်ချက်အား လာမည့်လများအတွင်း ချမှတ်သွားမည်ဟု မျှော်လင့်ရသည်။
“ကျွန်တော့်အသင်းဟာ ဂျာမနီရဲ့ အကောင်းဆုံးဂိုးသမားကို ပိုင်ဆိုင်ထားပြီး အဲဒီအချက်ကို ကျေနပ်သဘောကျကြမှာပါ” ဟု ဘိုင်ယန်နည်းပြ ဗင်းဆင့် ကွန်ပနီက ပြောကြားခဲ့ကာ မိမိတို့အသင်းမှာ ပြိုင်ပွဲသုံးခုစလုံးတွင် ယှဉ်ပြိုင်နေပြီး လာမည့်ရာသီအတွက် အင်အားဖြုန်းတီးမည်မဟုတ်ဟု ဆိုသည်။
နော်ယာအနေဖြင့် အသင်း၌ဆက်ရှိမည် သို့မဟုတ် ကစားသမားဘဝအား အဆုံးသတ်မည် ဆိုသည်မှာ ၎င်းအပေါ်၌သာ မူတည်သည်ဟု ဘိုင်ယန်အသင်းက ပြောသည်။
မာ့ခ်-အန်ဒရေ တာစတီဂျန်
အသက် ၃၃ နှစ်အရွယ် တာစတီဂျန်မှာ ဘာစီလိုနာအသင်းမှ လာလီဂါပြိုင်ဘက် ဂျီရိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။
နည်းပြ နာဂယ်စ်မန်းက အဆိုပါ အသက် ၃၃ နှစ်အရွယ် ဂိုးသမားအတွက် အလုံးစုံ တံခါးပိတ်ထားခြင်း မဟုတ်သော်လည်း ၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာမှ ပြန်ကောင်းလာရန်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးနေသည်။
တာစတီဂျန်အနေဖြင့် ဒဏ်ရာကြောင့် အနည်းဆုံး နှစ်လကြာ အနားယူရဖွယ်ရှိသည့်အတွက် ကမ္ဘာ့ဖလားအမီ ပြန်လာနိုင်ရေးမှာ ဖြစ်နိုင်ဖွယ်မရှိပေ။
အိုလီဗာ ဘောင်းမန်း
ဟော့ဖန်ဟိမ်းအသင်း ဂိုးသမားဖြစ်သူ ဘောင်းမန်းမှာ ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် လက်ရှိပြသနေသည့် လက်စွမ်းကြောင့် ချီးကျူးခံနေရသလို မကြာမီက လက်ရွေးစင်အသင်းတွင် ပါဝင်ခွင့်ရရှိနေပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ နည်းပါးနေခြင်းမှာ ထည့်သွင်းဆွေးနွေးစရာ အကြောင်းအရာတစ်ခုဖြစ်သည်။
ယခုနွေရာသီတွင် အသက် ၃၆ နှစ် ပြည့်တော့မည့် ဘောင်းမန်းမှာ ယခင်က တတိယဂိုးသမားအဖြစ် ရွေးချယ်ခံရပြီးနောက် ပရိသတ်များ၏ အာရုံစိုက်မှုကို တဖြည်းဖြည်းရရှိလာခဲ့သည်။
ဘောင်းမန်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း၏ နံပါတ်တစ်ဂိုးသမား ဖြစ်လာမည်ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သလို ဝါရင့်ဂိုးသမား နော်ယာကလည်း ဘောင်းမန်းအား ကမ္ဘာ့ဖလားအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
အလက်ဇန်းဒါး နူဘယ်
အသက် ၂၉ နှစ်အရွယ် စတုဂတ်ဂိုးသမား နူဘယ်မှာမူ လတ်တလော၌ လက်စွမ်းတည်ငြိမ်မှု မရှိခြင်းကြောင့် အရန်အဖြစ်သာ ရှိနေပုံရသည်။
နူဘယ်မှာ ဘိုင်ယန်မှ စတုဂတ်သို့ အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သော်လည်း ဘိုင်ယန်အသင်းက ယိုနက်စ် အူရာဘစ်အား နော်ယာ၏နေရာကို ဆက်ခံနိုင်သူအဖြစ် အားထားလျက်ရှိသည်။ ဂျာမနီအသင်းအတွက် စံချိန်တင် ပွဲအများဆုံးကစားထားသည့် ကစားသမားဖြစ်သူ လိုသာ မက်သီးယက်စ်က နော်ယာအား အသင်း၌ဆက်နေအောင် စည်းရုံးဖျောင်းဖျရန် သို့မဟုတ် အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးအား ခေါ်ယူရန် အကြံပြုထားသည်။ (Xinhua)
#Nagelsmann #WorldCup #GoalkeeperIssue #Germany #နာဂယ်စ်မန်း #ကမ္ဘာ့ဖလား #ဂိုးသမားပြဿနာ #ဂျာမနီ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117