North America
အမေရိကန်-တရုတ် ကာဗွန်နည်းကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဧရာမကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများရှိ
ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် ပဲပုပ်တင်သွင်းသည့်နိုင်ငံနှင့် တင်ပို့သည့်နိုင်ငံများအနေဖြင့် ကြီးမားသော ပမာဏ၊ နှစ်ဖက်ကာလကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကို အခြေခံ၍ အမေရိကန်နှင့် တရုတ်သည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန်နည်းကုန်ထုတ်လုပ်မှု စသည့်ကဏ္ဍများ၌ ဧရာမကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများရှိကြောင်း အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီ (USSEC) အမှုဆောင်အရာရှိချုပ် Jim Sutter က ဒီဇင်ဘာ ၄ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ပြောကြားခဲ့သည်။
ထိုနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက ဝါရှင်တန်၌ Jim Sutter နှင့် တွေ့ဆုံခဲ့ရာ စိုက်ပျိုးရေးကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ တရုတ်လုပ်ငန်းကုမ္ပဏီ ကိုယ်စားပြုအနေဖြင့် တရုတ်နိုင်ငံ ဆီနှင့် စားသောက်ကုန် ကော်ပိုရေးရှင်း (COFCO)၊ Optimize Integration Group စသည့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
Jim Sutter က အခမ်းအနားပြီးနောက် မီဒီယာများ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် CCPIT အနေဖြင့် ယခုအကြိမ် အမေရိကန်ခရီးစဉ်အတွင်း တရုတ်-အမေရိကန် စက်မှုစီးပွားလောက၏ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သော၊ ဖလှယ်လှုပ်ရှားမှု နက်ရှိုင်းစွာလုပ်ဆောင်သော ဆန္ဒကိုဖော်ပြလိုက်ကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများစွာ ဤနေရာသို့ အတူတကွလာရောက်၍ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအား အတူတကွ တွန်းအားပေးဖော်ဆောင်ခြင်းအတွက် များစွာဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ Jim Sutter က တရုတ်နိုင်ငံသည် အမေရိကန် ပဲပုပ်လုပ်ငန်း၏ အရေးကြီးဆုံး ဈေးကွက်ဖြစ်ကြောင်း၊ အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီ (USSEC) သည် ၁၉၈၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၌ လုပ်ငန်းဆောင်ရွက်ခဲ့ရာ ယနေ့တိုင် ၄၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အမေရိကန် ပဲပုပ်လုပ်ငန်းသည် တရုတ်ဈေးကွက်၌ လုပ်ငန်းဆောင်ရွက်နေသည်မှာ အချိန်ကြာရှည်လှပြီဖြစ်သလို အလွန်ခိုင်မြဲသည့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ထားကြောင်း၊ ယင်းသည် တရုတ်ဈေးကွက်အား “အစားထိုးရန်ခက်ခဲသည့်” အကြောင်းရင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Jim Sutter က တရုတ်-အမေရိကန်ဆက်ဆံရေးအပေါ် ယုံကြည်ချက် အပြည့်အဝရှိပြီး ယင်းသည် တည်ငြိမ်ခိုင်မြဲသော၊ ရေရှည်ဖြစ်သော နှစ်ဖက်ဆက်ဆံရေးဖြစ်မည်ဟု ယူဆကြောင်း၊ “နှစ်နိုင်ငံရဲ့ ပဲပုပ်ကုန်သွယ်ရေးက အလွန်ကောင်းတဲ့ စံနမူနာတစ်ခု ဖြစ်လာနိုင်ပြီး နှစ်နိုင်ငံက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်တာ၊ ဆက်ဆံရေးကို ဘယ်လိုပြန်လည်တည်ဆောက်တာကို ပြသနိုင်ကာ နှစ်ဖက်က မှန်ကန်တဲ့ဦးတည်ချက်အတိုင်း ရှေ့သို့ချီတက်မှုကို အာမခံပေးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
美国大豆出口协会负责人:美中在低碳生产领域存在巨大合作机会
新华社华盛顿12月4日电(记者熊茂伶)美国大豆出口协会首席执行官苏健(英文名:吉姆·萨特)4日在华盛顿表示,基于中国和美国作为大豆进口国和出口国的巨大规模、双方长期合作历史,美中在绿色发展、低碳生产等方面存在巨大合作机会。
当天,中国贸促会会长任鸿斌在华盛顿会见苏健,就加强农业领域务实合作等议题进行交流。中国企业代表中粮油脂、优合集团等相关负责人参加会见。
苏健在活动结束后接受媒体采访时说,中国贸促会此次访美展现中美工商界开展合作、深化交流的意愿,很高兴中国企业一同来到这里,共同努力推进合作发展。
在回答新华社记者提问时,苏健表示,中国是对美国大豆行业至关重要的市场。美国大豆出口协会1982年起就在中国开展工作,到现在已经43年。美国大豆行业在中国市场耕耘已久,也建立了非常牢固的关系网络,这就是中国市场“难以被取代”的原因。
苏健表示对中美关系充满信心,认为这会是一段稳固的、长期的双边关系。“两国的大豆贸易可以成为一个很好的范例,展示两国如何合作、如何重建关系,并确保双方沿着正确的方向前进。”(完)
图说:9月29日,在内蒙古自治区兴安盟扎赉特旗音德尔镇,扎赉特旗雨之润农牧业专业合作社工作人员查看即将收获的大豆品质。新华社记者 马宁 摄
