Africa & Middle East
ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့ ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်များ ဘူဆန်တွေ့ဆုံဆွေးနွေးပွဲနှင့် နိုဝင်ဘာ ၂၄ ရက် ဖုန်းဖြင့်ဆက်သွယ်မှု၏ အရေးကြီးသဘောတူညီချက်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ နောက်တစ်ဆင့်လုပ်ဆောင်မည့် လက်တွေ့ပူးပေါင်းဆောင်ရွက်ချက်များနှင့် ကုန်သွယ်စီးပွားရေးကဏ္ဍ အပြန်အလှန်စိုးရိမ်မှုများအား လျော်ကန်စွာဖြေရှင်းရန်အတွက် နက်နက်ရှိုင်းရှိုင်း အပြုသဘောဆောင်စွာ ဖလှယ်မှုများ လုပ်ဆောင်ခဲ့ကြသည်။
နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ကွာလာလမ်ပူ ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးပွဲ ရလဒ်များ အကောင်အထည်ဖော်မှုအခြေအနေကို အပြုသဘောဆောင်စွာ သုံးသပ်ခဲ့သည်။ နှစ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှု ယန္တရားအခန်းကဏ္ဍကို ဆက်လက်ကောင်းမွန်စွာ အသုံးပြုကာ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများ အဆက်မပြတ်တိုးချဲ့၍ ပြဿနာအကြောင်းအရာများအား လျှော့ချပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး အဆက်မပြတ် တည်ငြိမ်စွာကောင်းမွန်လာရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
何立峰与美国财政部长贝森特、贸易代表格里尔举行视频通话
新华社北京12月5日电(记者谢希瑶、董雪)12月5日晚,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特和贸易代表格里尔举行视频通话,双方围绕落实好中美两国元首釜山会晤和11月24日通话重要共识,就下一步开展务实合作和妥善解决经贸领域彼此关切,进行了深入、建设性的交流。双方积极评价中美吉隆坡经贸磋商成果执行情况,表示要在两国元首战略引领下,继续发挥好中美经贸磋商机制作用,不断拉长合作清单、压缩问题清单,推动中美经贸关系持续稳定向好。(完)
图说:当地时间10月25日至26日,中美两国经贸团队在马来西亚吉隆坡举行中美经贸磋商。这是10月25日磋商前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特合影。 新华社记者 白雪骐 摄
