Connect with us

Asia

၁၅၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ အောင်မြင်စွာပြီးစီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟားရဲတပ်ဖွဲ့ဆိပ်ကမ်းသို့ တဖြည်းဖြည်းဆိုက်ကပ်နေသည့် တရုတ်ဘက် ၅၃၁၀၇ ရေယာဉ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Yunnan Public Security Department's marine patrol team)

ကူမင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာ သုံးနိုင်ငံ၏ ပူးတွဲအခြေစိုက်လေ့ကျင့်လှုပ်ရှားမှုတွင် ပါဝင်သော တရုတ်ဘက် ၅၃၁၀၇ ရေယာဉ်သည် ဒီဇင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ကျင်ဟားရဲတပ်ဖွဲ့ဆိပ်ကမ်းသို့ အဆင်ပြေချောမွေ့စွာ ဆိုက်ကပ်ပြီးသည်နှင့်အမျှ ၁၅၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ အောင်မြင်စွာပြီးစီးခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ခဲ့ပြီး ၁၁ ရက်ကြာ ပူးတွဲလှုပ်ရှားမှုအတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေး သက်ဆိုင်ရာဌာနများသည် တရားဥပဒေစိုးမိုးရေးရေယာဉ် ၇ စင်း၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်း ၁၆၀ ကျော် စေလွှတ်ခဲ့ပြီး စုစုပေါင်း ရေကြောင်းခရီးစဉ် ကီလိုမီတာ ၁,၆၀၀ ကျော်သွားလာခဲ့သည်။ လေးနိုင်ငံက မူးယစ်ဆေးဝါး၊ လိမ်လည်မှု၊ မှောင်ခိုသယ်ယူပို့ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ လမ်းကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်၍ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ အပိုင်းခွဲ၍ ကင်းလှည့်ခြင်း၊ ပူးတွဲအခြေစိုက်လေ့ကျင့်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ပူးတွဲတရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ပူးတွဲအခြေစိုက်လေ့ကျင့်ရေး လှုပ်ရှားမှုကာလအတွင်း တရုတ်၊ လာအို၊ မြန်မာ သုံးနိုင်ငံသည် ပူးတွဲတရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု လက်တွေ့လုပ်ဆောင်မှု လိုအပ်ချက်အရ အနက်တိုင်းတာခြင်း၊ ကြိုးပစ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ ပျက်စီးသောပိုက်လိုင်းများအား ပိတ်ဆို့ခြင်း စသည့် ကျွမ်းကျင်ပညာရပ် ပူးတွဲလေ့ကျင့်မှုနှင့် ရေကြောင်း ဗဟုသုတ၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှု၊ စုံစမ်းစစ်ဆေးရေးနှင့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု စသည့် လုပ်ငန်းပိုင်းဆိုင်ရာ ဖလှယ်မှုများ ၂၃ ကြိမ် လုပ်ဆောင်ခဲ့ရာ ဘက်အသီးသီးအဖွဲ့ဝင်များ၏ ကျွမ်းကျင်စွမ်းရည်နှင့် ပူးတွဲတရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုအဆင့်အတန်းကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်။ မဲခေါင်မြစ် အဓိကအကဲဆတ်သောရေပြင်၌ ကုန်းရေနှစ်သွယ် ပူးတွဲစုံစမ်းစစ်ဆေးရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ နိုင်ငံအသီးသီးမှ ဖြတ်သန်းသွားလာသော စုစုပေါင်း သင်္ဘောအကြိမ်ရေ ၁၉ စင်း၊ လူပုဂ္ဂိုလ် ၁၇၅ ဦး၊ ကုန်ပစ္စည်း တန်ချိန် ၃,၄၀၀‌ ကျော်အား စစ်ဆေးခဲ့ရာ မဲခေါင်မြစ်ဝှမ်းဒေသ ပြစ်မှုကျူးလွန်မှုအမျိုးမျိုးကို ထိရောက်စွာ အဟန့်အတား ဖြစ်စေခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
第159次中老缅泰湄公河联合巡逻执法行动圆满结束
新华社昆明12月5日电(记者王研、胡了然)12月5日,随着参加中国、老挝、缅甸三国联合驻训行动的中方53107艇顺利靠泊云南省西双版纳傣族自治州景哈警务码头,第159次中老缅泰湄公河联合巡逻执法行动及系列执法交流活动圆满结束。
本次行动于11月25日启动,在历时11天的联合行动中,中老缅泰四国有关执法部门共派出执法艇7艘、执法人员160余人,总航程1600余公里。四方围绕打击涉毒、涉诈、走私、偷渡等跨境违法犯罪,通过全线联巡执法、分段巡航、联合驻训、信息交流等多种方式开展系列联合执法行动。
联合驻训行动期间,中老缅三方聚焦联合执法实战需求,先后组织开展测深、撇缆、灭火、损管堵漏等专业科目联合训练和航道知识、装备保养、查缉执法等业务交流23场次,有效提升各方队员专业能力和联合执法水平;在湄公河重点敏感水域开展水陆联合查缉行动,累计检查各国往来船只19艘次,人员175人,货物3400余吨,有力震慑湄公河流域各类违法犯罪活动。(完)
图说:12月5日,中方53107艇正在缓缓靠泊景哈警务码头。(云南省公安厅水上巡逻总队供图)