Africa & Middle East
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံအားလုံးအား ဂျပန်စစ်ဝါဒ ပြန်လည်အသက်သွင်းသည့် အန္တရာယ်များသော လှုပ်ရှားမှုမှန်သမျှကို သတိထား၍ တားဆီးရန် တရုတ်နိုင်ငံ တိုက်တွန်း
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံသည် စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် “စစ်ရေးအသွင် ပြန်လည်ထူထောင်ရန်” ကြိုးပမ်းခြင်းသည် ဂျပန်အနာဂတ် မည်သည့်ဘက်သို့ ဦးတည်မည်နည်းအပေါ် “ထပ်မံသံသယဝင်မှု” ကိုသာ ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဂျပန်၏ သမိုင်းပြစ်မှုဝဋ်ကြွေးများအပေါ် “ထပ်မံစာရင်းရှင်းခြင်း” ကိုသာ ရရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံအားလုံးအား ဂျပန်စစ်ဝါဒ ပြန်လည်အသက်သွင်းသည့် အန္တရာယ်များသော လှုပ်ရှားမှုမှန်သမျှကို သတိထား၍ တားဆီးရန်၊ ခဲရာခဲဆစ်ရရှိထားသော ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်များကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မိမိတို့အနေဖြင့် ဂျပန်၏ “စစ်ရေးအသွင် ပြန်လည်ထူထောင်မှု” များ အရှိန်မြင့်ဦးမော့လာရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျဂရုပြုခြင်း ခံရကြောင်း၊ ဗြိတိန် The Economist ၊ အမေရိကန် Eurasia Review စသည့် မီဒီယာများက ဝေဖန်သုံးသပ်ချက်များ ဖော်ပြကာ ဂျပန်သည် “ငြိမ်းချမ်းရေးဝါဒနိုင်ငံ” တစ်နိုင်ငံမှ စစ်ရေးအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလျက်ရှိကြောင်း၊ ဂျပန်၏ စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်မှုသာ ဖြစ်စေမည်ဖြစ်သောကြောင့် သတိပြုထိုက်သည်ဟု ဆိုကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံခြားမီဒီယာများ၏ သဘောထားအမြင်များကို သတိပြုမိကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် ဂျပန်က လုံခြုံရေးမူဝါဒများ အများအပြားပြင်ဆင်ကာ “ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ” ပြင်ဆင်မှုကို အရှိန်မြှင့်လာကြောင်း၊ “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူကို အဆက်မပြတ်ထိုးဖောက်ခြင်း၊ မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်အား တားမြစ်ထားမှုကို ဖယ်ရှားခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက်ကို ဖြေလျှော့ခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန်ကြိုးပမ်းခြင်း၊ “ရန်သူအခြေစိုက်စခန်းအား တိုက်ခိုက်မှုစွမ်းရည်” ဟူသည်ကို တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်လာကြောင်း၊ ဂျပန်အဆင့်မြင့်အရာရှိများကလည်း နျူကလီးယား ရေငုပ်သင်္ဘောကိုပါ တင်သွင်းနိုင်ခြေရှိသည်ဟု ဆိုခဲ့ကြောင်း၊ အဆိုပါလှုပ်ရှားမှုများကြောင့် အနီးတစ်ဝိုက်နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အထူးသတိထားမှု ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က ၁၃ နှစ်ဆက်တိုက် တိုးမြင့်လာပြီး ပမာဏအရ အနောက်နိုင်ငံတွေမှာ ဒုတိယအဆင့် အနေအထားရှိတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်နက်လုပ်ငန်းကုမ္ပဏီကြီး ၅ ခုရဲ့ ၂၀၂၄ ခုနှစ် ဝင်ငွေက ရှေ့တစ်နှစ်ထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဥရောပ Think Tank တွေစာရင်းကောက်ယူမှုအရ သိရပါတယ်။ ‘ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ’ အတုအယောင်ကို ကိုင်ဆောင်ထားပြီး ‘စစ်ပွဲအား ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း’ ဆောင်ပုဒ်ကြွေးကြော်ကာ ‘ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း’ လမ်းကြောင်းလျှောက်လှမ်းနေတယ်လို့ ဆိုတဲ့ နိုင်ငံတစ်နိုင်ငံက စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်းအတွက် လုပ်ရပ်တွေကို ဘယ်လိုမျိုး ရှင်းလင်းပြောကြားပေးမလဲ” ဟု ၎င်းက ဆိုသည်။
အမှန်စင်စစ်တွင် ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်အစိုးရသည် ကျူးကျော်မှုစစ်ပွဲအပေါ် အပြည့်အဝ ပြန်လည်ဆင်ခြင်မှု လုပ်ဆောင်ခြင်း မရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံရေးလောကနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွင် စစ်ရာဇဝတ်သားများစွာ ပြန်လည်ပါဝင်၍ လှုပ်ရှားနေပြီး ဝန်ကြီးချုပ် အဆက်ဆက်နှင့် အခြားအစိုးရအဓိကပုဂ္ဂိုလ်များက ဒုတိယကမ္ဘာစစ်၏ A အဆင့် စစ်ရာဇဝတ်သားများအား ဂုဏ်ပြုထားသော ယာဆူကူနီဂူဗိမာန်ကို တစ်ဇွတ်ထိုး သွားရောက် ဂါရဝပြုခဲ့ကြောင်း၊ ဖတ်စာအုပ်ပါ အကြောင်းအရာအား ပြင်ဆင်ခြင်း စသည့်နည်းလမ်းများဖြင့် ကျူးကျော်မှုသမိုင်းဖြစ်ရပ်မှန်ကို မှေးမှိန်၍ တန်ဆာဆင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်လက်ယာယိမ်းအင်အားစုများသည် စစ်ပွဲအပေါ် “ပြန်လည်ဆင်ခြင်သုံးသပ်မှု” ဟူသည်ကို လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် “ပြန်လည်ဆင်ခြင်သုံးသပ်” သည်မှာ စစ်ပွဲအတွက်ပြစ်မှုမဟုတ်ဘဲ “အဘယ်ကြောင့် စစ်ရှုံးရသနည်း” ပင်ဖြစ်ကြောင်း၊ ဂျပန်စစ်ဝါဒသည် မည်သည့်အခါကမျှ အပြည့်အဝ ရှင်းလင်းခံရခြင်း မရှိခဲ့ဘဲ အစဉ်အမြဲ မငြိမ်မသက်နိုင် ပြန်လည်ရှင်သန်လာရန် ကြိုးပမ်းလျက်ရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
၁၉၄၅ ခုနှစ် “ပေါ့စ်ဒမ် ကြေညာချက်” အပိုဒ် ၆ ၊ အပိုဒ် ၇၊ အပိုဒ် ၉ နှင့် အပိုဒ် ၁၁ ၏ တောင်းဆိုချက်အရ ဂျပန်စစ်ဝါဒနှင့် ၎င်းပေါက်ဖွားရာနေရာအား အမြစ်ဖြတ်ရှင်းလင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် ဥပဒေအရ ဂျပန်၏ စစ်ပွဲဆင်နွှဲသည့်အင်အားအရင်းအမြစ်ကို အတွေးအခေါ်ပိုင်းမှ အမြစ်ဖြတ်ရှင်းလင်းမှသာလျှင် ငြိမ်းချမ်းသော၊ လုံခြုံသောနှင့် တရားမျှတသော စည်းစနစ်အသစ်ကို တည်ဆောက်နိုင်မည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဂျပန်အား သတိပေးရန် လိုအပ်ကြောင်း၊ ဂျပန်အနေဖြင့် အပြည့်အဝလက်နက်ချသင့်ပြီး ၎င်းအား ပြန်လည်လက်နက်တပ်ဆင်သည့် စက်မှုလုပ်ငန်းများအား ဆက်လက်ထိန်းသိမ်းခြင်း မပြုသင့်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” တွင် “‘ပေါ့စ်ဒမ် ကြေညာချက်’ ပါ သတ်မှတ်ထားသော တာဝန်ဝတ္တရားအသီးသီးကို သစ္စာရှိစွာထမ်းဆောင်မည်” ဟု ကတိပြုထားကြောင်း၊ “ဒီလိုမျိုး ဂျပန်ဘက်က အသိအမှတ်ပြုထားပြီး နိုင်ငံတကာဥပဒေအရ အကျုံးဝင်သက်ရောက်မှုရှိတဲ့ စာရွက်စာတမ်းတွေမှာ ဂျပန်က စစ်ရှုံးနိုင်ငံအနေနဲ့ ထမ်းဆောင်ရမယ့် နိုင်ငံတကာတာဝန်ဝတ္တရားကို အတိအလင်း သတ်မှတ်ထားတာကြောင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်၏ အရေးကြီးအခြေခံအုတ်မြစ် ဖြစ်လာပါတယ်။ ဒါတွေက ဂျပန်က နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြန်လည်ပါဝင်လာဖို့အတွက် နိုင်ငံရေးနဲ့ ဥပဒေလိုအပ်ချက်လည်း ဟုတ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံက စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် ‘စစ်ရေးအသွင် ပြန်လည်ထူထောင်ရန်’ ကြိုးပမ်းခြင်းဟာ ဂျပန်အနာဂတ်က မည်သည့်ဘက်ကို ဦးတည်မည်နည်းအပေါ် ‘ထပ်မံသံသယဝင်မှု’ ပဲ ဖြစ်စေမှာဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းက ဂျပန်၏ သမိုင်းပြစ်မှုဝဋ်ကြွေးများအပေါ် ‘ထပ်မံစာရင်းရှင်းမှု’ ကိုပဲ ရရှိမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ နိုင်ငံအားလုံးက ဂျပန်စစ်ဝါဒကို ပြန်လည်အသက်သွင်းတဲ့ အန္တရာယ်များသော လှုပ်ရှားမှုမှန်သမျှကို သတိထား တားဆီးရန်၊ ခဲရာခဲဆစ်ရရှိထားသော ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်များကို အတူတကွကာကွယ်ထိန်းသိမ်းရန် တရုတ်နိုင်ငံက တိုက်တွန်းလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:中方呼吁所有爱好和平的国家警惕和阻止任何复活日本军国主义的危险动向
新华社北京12月10日电(记者曹嘉玥、刘杨)外交部发言人郭嘉昆10日表示,日本加速强军扩武图谋“再军事化”,只会引发对日本未来向何处去的“再质疑”,换来国际社会对日本历史罪行的“再清算”。中方呼吁所有爱好和平的国家警惕和阻止任何复活日本军国主义的危险动向,共同维护来之不易的二战胜利成果。
当日例行记者会上,有记者问:我们注意到,日本“再军事化”加快抬头,引发国际社会普遍关切。英国《经济学人》、美国《欧亚评论》等媒体发表评论称,日本正在从一个“和平主义国家”转向军事强国;日本企图复活军国主义只会威胁地区和世界和平稳定,值得警惕。中方对此有何评论?
郭嘉昆说,中方注意到有关外媒观点。近年来,日本大幅调整安保政策,加快修改“和平宪法”,持续突破“专守防卫”原则,解禁集体自卫权,放宽武器出口,图谋修改“无核三原则”,发展所谓“对敌基地攻击能力”,日方高官还放言不排除引进核潜艇。这一系列动作已引起周边国家和国际社会高度警惕。
他说:“我们注意到,日本防卫费已经连续13年增长,规模在西方国家中居于第二位。欧洲智库统计,日本五大军工企业2024年收入较前一年猛增40%。一个举着‘和平宪法’幌子、喊着‘反思战争’号子、自称走着‘专守防卫’路子的国家,该如何解释强军扩武的所作所为?”
郭嘉昆说,事实上,二战后日本政府始终没有对侵略战争进行彻底反省,大量战犯重返并活跃于日本政坛和自卫队,多任首相及其他政要执意参拜供奉二战甲级战犯的靖国神社,通过修改教科书等方式淡化、美化侵略史实。日本右翼势力倒是对战争进行了所谓“反思”,但“反思”的不是战争罪责而是“为何战败”。日本军国主义从未得到彻底清算,一直蠢蠢欲动,妄图卷土重来。
郭嘉昆表示,国际社会有必要提醒日方,1945年《波茨坦公告》第六条、第七条、第九条和第十一条要求,必须毫不留情铲除日本军国主义及其土壤,只有从政治和法律上限制日本战争权,从思想上消除日本战争根源,才能建立和平、安全与正义的新秩序;日本应完全解除武装,不得维持能使其重新武装的产业。《日本投降书》承诺“忠诚履行《波茨坦公告》各项规定之义务”。“这些日方承认且具有国际法效力的文件,明确了日本作为战败国的国际义务,构成战后国际秩序的重要基石,也是日本重返国际社会的政治和法律前提。”
“日本加速强军扩武图谋‘再军事化’,只会引发对日本未来向何处去的‘再质疑’,换来国际社会对日本历史罪行的‘再清算’。中方呼吁所有爱好和平的国家警惕和阻止任何复活日本军国主义的危险动向,共同维护来之不易的二战胜利成果。”郭嘉昆说。(完)
