Connect with us

Africa & Middle East

အာဖရိက-တရုတ် နည်းပညာပူးပေါင်းဆောင်ရွက်မှုက အာဖရိကတိုက် လူမှုစီးပွား အသွင်ကူးပြောင်းမှုအတွက် အားဖြည့်ပေးကြောင်း တောင်အာဖရိကပညာရှင် ဆို

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသည့် ၂၀၂၅ တရုတ်-အာဖရိက အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှုဖိုရမ် ခန်းမအပြင်၌ တရုတ်ပြည်တွင်းထုတ် စက်ရုပ်နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော အာဖရိကဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ခ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အသစ်တစ်ကြိမ် နည်းပညာတော်လှန်ရေးနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ဖော်ဆောင်လျက်ရှိသည့် နောက်ခံအခြေအနေတွင် အာဖရိကနှင့် တရုတ်နိုင်ငံက သတင်းအချက်အလက်နည်းပညာ၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦနှင့် အခြားထွန်းသစ်စ နည်းပညာကဏ္ဍ၌ အဆက်မပြတ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အာဖရိက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းပေးကြောင်း တောင်အာဖရိက Independent Online (IOL) သတင်းဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြသည့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်တက္ကသိုလ် အာဖရိက-တရုတ် သုတေသနစင်တာ သုတေသီ Dr. Gideon Chitanga ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ထွန်းသစ်စနည်းပညာ ဖြစ်သည့် IoT (Internet of Things) ၊ Big Data အကဲဖြတ်မှုနှင့် ဉာဏ်ရည်တု (AI) တို့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အာဖရိကသည် အဆိုပါနည်းပညာသစ်များနှင့် ယုံကြည်အားကိုးရသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အသုံးပြု၍ လူမှုစီးပွား အသွင်ကူးပြောင်းမှုအား တွန်းအားပေးရန် အခွင့်အရေးရရှိလာသည်။ ၂၀၃၀ ပြည့်နှစ်သို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာနည်းပညာများက အာဖရိကစီးပွားရေးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံခန့် အကျိုးပြုနိုင်မည်ဟု မျှော်မှန်းရသည်။

အာဖရိကနှင့် တရုတ်နိုင်ငံ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် တိုးချဲ့လာပြီး အစိုးရဌာနနှင့် အဓိကဆက်သွယ်ရေးနှင့် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကုမ္ပဏီများကိုပါ လွှမ်းခြုံလာသည်။ ယုံကြည်အားကိုးရသည့် မိတ်ဖက်ဆက်ဆံရေးသည် ဒစ်ဂျစ်တယ်ကွာဟမှုကို ထိရောက်စွာ ရင်ကြားစေ့ပေးနိုင်ပြီး အားလုံးပါဝင်သော စီးပွားရေး၌ ပါဝင်မှုနှင့် တိုးတက်မှုကို တွန်းအားပေးနိုင်ကြောင်း လက်တွေ့ကျင့်သုံးမှုများက သက်သေထူလျက်ရှိသည်။ တရုတ်နိုင်ငံသည် အာဖရိကကုန်းမြေကြီး၏ အကြီးမားဆုံး ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက် ဖြစ်လာပြီဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် စသည်တို့မှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်မှုအား တက်ကြွစွာ တွန်းအားပေးလျက်ရှိသည်။

တရုတ်နိုင်ငံအစိုးရနှင့် လုပ်ငန်းကုမ္ပဏီက အာဖရိကဆက်သွယ်ရေး အခြေခံအဆောက်အဦ တည်ဆောက်မှုတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဆက်သွယ်ရေးပင်မကွန်ရက်နှင့် ဖိုင်ဘာကွန်ရက် တည်ဆောက်မှုတို့တွင် ပါဝင်ကာ ဆေးကုသရေး၊ ပညာရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု စသည်တို့အတွက် နည်းပညာပံ့ပိုးပေးမှုများ ဆောင်ရွက်လျက်ရှိသည်။ နှစ်ဖက်ကလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စဉ်ဆက်မပြတ်ဖြစ်သော စိုက်ပျိုးရေး စသည့်ကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ပူးတွဲလက်တွေ့စမ်းသပ်ခန်း၊ သုတေသနစင်တာများ ထူထောင်ခြင်းဖြင့် လူရည်ချွန်လေ့ကျင့်ရေး စီမံကိန်းများ ဖော်ဆောင်ကာ နှစ်ဖက်က သိပ္ပံသုတေသနကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အာဖရိကတွင် ဒေသတွင်းနည်းပညာလူရည်ချွန် ပျိုးထောင်ရန် အားပေးလျက်ရှိသည်။

အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိက ဒစ်ဂျစ်တယ်ကွာဟမှုအား စေ့စပ်ပေးရန် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အနာဂတ်ကို မျှော်မှန်းရာတွင် နှစ်ဖက်အနေဖြင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး နက်ရှိုင်းစွာဖော်ဆောင်ပြီး ၎င်းကို အာဖရိက စဉ်ဆက်မပြတ် လူမှုစီးပွားအသွင်ကူးပြောင်းမှုနှင့် ခေတ်မီအသွင်ပြောင်းမှု လုပ်ငန်းစဉ်အား တွန်းအားပေးဖော်ဆောင်ရန် အဓိကကဏ္ဍများအနက်တစ်ခုအဖြစ် ထားရှိသင့်ပေသည်။ (Xinhua)

——————
(Chinese Version)
全球瞭望丨南非学者:非中科技合作赋能非洲社会经济转型
新华社约翰内斯堡12月22日电(记者杭泽波 靳博文)南非独立在线新闻网站21日刊登约翰内斯堡大学非洲-中国研究中心研究员吉迪恩·希坦加的文章说,在新一轮科技革命和产业变革加速推进的背景下,非洲与中国在信息通信技术、数字基础设施和其他新兴科技领域内不断深化合作,为非洲经济社会发展注入新动能。文章摘要如下:
随着新兴技术,如物联网、大数据分析和人工智能的快速发展,非洲有机会利用这些新技术以及可靠的科技合作伙伴关系,推动社会经济转型。预计到2030年,相关技术可为非洲经济增长贡献约1.5万亿美元。
非洲与中国的科技合作伙伴关系不断拓展,涵盖政府部门以及主要电信和移动通信企业。实践证明,可靠的伙伴关系能够有效弥合数字鸿沟,推动包容性经济参与和增长。中国已成为非洲大陆最大的贸易和发展伙伴,并通过“一带一路”倡议、中非合作论坛等积极推动全球南方发展。
中国政府和企业在非洲通信基础设施建设中发挥重要作用,参与建设通信主干网和光纤网络,为医疗、教育和金融服务等提供技术支撑。双方还在可再生能源和可持续农业等领域开展合作。通过设立联合实验室、研究中心,发起人才培训项目,双方加强科研合作并支持非洲培养本土科技人才。
非中合作在弥合非洲数字鸿沟方面发挥了重要作用。展望未来,双方应进一步深化科技合作,将其作为推动非洲可持续社会经济转型和现代化进程的关键领域之一。(完)
图说:9月28日,来自非洲的嘉宾在2025中非互联网发展与合作论坛会场外与国产机器人合影。新华社记者 陈旺 摄