North America
အမေရိကန်က ဗင်နီဇွဲလားနှင့် ပတ်သက်သော တတိယမြောက် ရေနံတင်သင်္ဘောကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဆို
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန် ကမ်းခြေစောင့်တပ်သည် ဗင်နီဇွဲလားနိုင်ငံအနီးရှိ နိုင်ငံတကာရေပိုင်နက်တွင် “Bella 1” ရေနံတင်သင်္ဘောကို ဒီဇင်ဘာ ၂၁ ရက်တွင် လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း နောက်ဆုံးရသတင်းများကို ကိုးကား၍ အမေရိကန် မီဒီယာအများအပြားက ထိုနေ့တွင် ဖော်ပြခဲ့ကြသည်။ ယင်းမှာ ရက်သတ္တပတ်နှစ်ပတ်မကြာသောအချိန်အတွင်း ဗင်နီဇွဲလားကို ဖိအားပေးရန် အမေရိကန်က ကြားဖြတ်ဖမ်းဆီးခဲ့သည့် တတိယမြောက် ရေနံတင်သင်္ဘောဖြစ်ကြောင်း သိရသည်။
အမေရိကန် ကမ်းခြေစောင့်တပ်သားများ သင်္ဘောပေါ်သို့တက်ရန် ကြိုးပမ်းစဉ် ထိုရေနံတင်သင်္ဘောသည် ဆက်လက်ထွက်ခွာသွားခဲ့ရာ အမေရိကန်ဘက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ ထိုလှုပ်ရှားမှုမှာ ဆက်လက်လုပ်ဆောင်နေသောကြောင့် ထိုအရာရှိမှာ အမည်မဖော်လိုကြောင်း သိရသည်။
ဤရေနံတင်သင်္ဘောသည် ပနားမားနိုင်ငံအလံလွှင့်ထူထားပြီး ဗင်နီဇွဲလားသို့ ကုန်တင်ရန် ဦးတည်လာသောလမ်းတွင် အမေရိကန်၏ ကြားဖြတ်ဖမ်းဆီးခြင်း၊ သင်္ဘောပေါ်တက်၍ စစ်ဆေးခြင်းများခံခဲ့ရကြောင်း Bloomberg သတင်းဌာနက အဆိုပါနေ့အစောပိုင်းတွင် ယင်းကိစ္စနှင့် ရင်းနှီးသော သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အမေရိကန် မီဒီယာများ၏ သတင်းဖော်ပြချက်ကို စုစည်းမှုအရ ဤရေနံတင်သင်္ဘောသည် လွန်ခဲ့သည့်နှစ်တွင် အီရန်မှ ရေနံသယ်ယူပို့ဆောင်ခဲ့သောကြောင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းခံခဲ့ရကြောင်း သိရသည်။ ယင်းသင်္ဘောသည် “အလံအတု လွှင့်ထူထားတယ်၊ (အမေရိကန်) တရားရုံးက သိမ်းဆည်းဖို့ အမိန့်ပေးထားပြီးပါပြီ” ဟု အမေရိကန်အရာရှိက ပြောကြားခဲ့သည်။
ယင်းမှာ အမေရိကန်က ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနှင့် ပတ်သက်သော ရေနံတင်သင်္ဘောများကို ဆက်တိုက် ကြားဖြတ်ဖမ်းဆီးခဲ့သည့် ဒုတိယမြောက်နေ့ဖြစ်ကြောင်း သိရသည်။ အမေရိကန်ကမ်းခြေစောင့်တပ်က ဒီဇင်ဘာ ၂၀ ရက် နံနက်အစောပိုင်းတွင် ပနားမားအလံလွှင့်ထူထားသော “Centuries” ရေနံတင်သင်္ဘောကို ကြားဖြတ်ဖမ်းဆီးကာ သင်္ဘောပေါ်တက်၍ စစ်ဆေးခဲ့သည်။ ဤရေနံတင်သင်္ဘောသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် မပါဝင်သော်လည်း ကြားဖြတ်ဖမ်းဆီးခံရချိန်တွင် သယ်ဆောင်လာသော ရေနံစိမ်းသည် အမေရိကန်၏ အရေးယူပိတ်ဆို့ထားသော ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီမှ လာကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အမေရိကန်သည် ဒီဇင်ဘာ ၁၀ ရက်တွင် ဗင်နီဇွဲလားအနီးရှိ ပင်လယ်ပြင်၌ “Skipper” ရေနံတင်သင်္ဘောကို အင်အားသုံးဖမ်းဆီးခဲ့ပြီး ယင်းနောက် ၎င်းသယ်ဆောင်လာသော ရေနံများကို သိမ်းယူကြောင်း ကြေညာခဲ့သည်။ အမေရိကန်သမ္မတထရမ့်က ဒီဇင်ဘာ ၁၆ ရက်တွင် ဗင်နီဇွဲလား၌ ဝင်ထွက်သွားလာနေသည့် အမေရိကန်၏ ပိတ်ဆို့မှုခံထားရသော ရေနံတင်သင်္ဘောအားလုံးကို “ဘက်စုံအပြည့်အဝပိတ်ဆို့ရန်” အမိန့်ပေးခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရေနံတင်သင်္ဘော ဒါဇင်နှင့်ချီသည် လက်ရှိတွင် ဗင်နီဇွဲလားအနီးရှိ ရေပြင်များ၌ ရပ်ဆိုင်းထားကြောင်း အမေရိကန်မီဒီယာများက Tanker Trackers ဝက်ဘ်ဆိုက်မှ အချက်အလက်များကို ကိုးကား၍ သတင်းဖော်ပြထားသည်။
ရေနံတင်ပို့မှုသည် ဗင်နီဇွဲလားစီးပွားရေး၏ အရေးပါသော ထောက်တိုင်တစ်ခုဖြစ်သည်။ အမေရိကန်က ဗင်နီဇွဲလားတွင် အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေခြင်း၊ လက်တင်အမေရိကတွင် စစ်ရေးတိုးချဲ့မှုများ ပြုလုပ်ခြင်းတို့ကို ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့ပြီး အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်တားဆီးသောလုပ်ရပ်သည် “ပင်လယ်ဓားပြ” လုပ်ရပ်ဟု ရှုတ်ချခဲ့သည်။
လအနည်းငယ်အကြာတွင် အမေရိကန်သည် “မူးယစ်ဆေးဝါး အကြမ်းဖက်မှုဝါဒ” တိုက်ဖျက်ရေးကို အကြောင်းပြု၍ ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံပင်လယ်ပြင်တွင် ရေတပ်နှင့် လေတပ်အင်အားများကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ထားပြီး ယခုအချိန်ထိ အမေရိကန်သည် ကာရေဘီယံနှင့် အရှေ့ပစိဖိတ်ဒေသတွင် “မူးယစ်ဆေးဝါး ရောင်းဝယ်ရေး သင်္ဘော” ဆိုသည့် သင်္ဘောအစင်း ၃၀ ခန့်ကို နစ်မြုပ်အောင်ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်ဖမ်းဆီးခြင်းသည် အမေရိကန်နှင့် ဗင်နီဇွဲလားအကြား တင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်တွင် “ဗင်နီဇွဲလားက ငြိမ်းချမ်းသောနိုင်ငံဖြစ်သည်”၊ “ဗင်နီဇွဲလားနိုင်ငံက ခြိမ်းခြောက်မှုမဟုတ်ဘဲ မျှော်လင့်ချက်ဖြစ်သည်” ဟူသော ဆောင်ပုဒ်များရေးသားထားသော လမ်းမထက်တွင် လမ်းလျှောက်သွားသူကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
美媒:美方仍在追截第三艘涉委内瑞拉油轮
新华社华盛顿12月21日电(记者徐剑梅 黄强)美国多家媒体21日援引更新消息报道,美国海岸警卫队当天仍在委内瑞拉附近国际水域追截“贝拉1”号油轮。这是不到两周时间里,美国为施压委内瑞拉而实施拦截的第三艘油轮。
一名美国官员告诉美国有线电视新闻网,美国海岸警卫队人员试图登船时,这艘油轮继续航行,导致美方采取追截行动。由于行动还在进行,这名官员不愿公开姓名。
彭博社当天早些时候援引知情人士的话报道,这艘油轮悬挂巴拿马国旗,在前往委内瑞拉装载货物途中被美方拦截并登船检查。
综合美媒报道,这艘油轮去年因运输伊朗原油受到美国制裁。美国官员称其“悬挂假旗,已被(美国)法院下令扣押”。
这是美国连续第二天在海上拦截涉委内瑞拉油轮。美国海岸警卫队20日凌晨拦截并登船检查悬挂巴拿马国旗的“世纪”号超级油轮。这艘油轮不在美国发布的制裁名单上,但白宫方面称,油轮被拦截时所装载原油来自受美国制裁的委内瑞拉石油公司。
此前,美国10日在委内瑞拉附近海域武力扣押“船长”号油轮,随后宣布没收其所载石油。美国总统特朗普16日下令对所有进出委内瑞拉的受美国制裁油轮实施“全面彻底的封锁”。
美媒援引石油运输监测机构“油轮追踪”网站数据报道,目前有数十艘被列入美国制裁名单的油轮停留在委内瑞拉附近水域。
石油出口是委内瑞拉重要经济支柱。委内瑞拉政府多次指责美国试图在委实行政权更迭、在拉美进行军事扩张,谴责美拦截油轮的行为是“海盗行径”。
数月来,美方以打击“毒品恐怖主义”为由,在委内瑞拉附近加勒比海域部署大规模海空兵力,迄今在加勒比海和东太平洋击沉约30艘美方所谓“贩毒船”,造成逾百人死亡。美方拦截油轮行动进一步加剧了美委紧张局势。(完)
图说1:这是12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄
图说2:9月22日,在委内瑞拉首都加拉加斯,行人从街头的宣传标语前走过。标语上写着“委内瑞拉是和平国度”“委内瑞拉不是威胁,而是希望”。新华社发(马科斯·萨尔加多摄)
