Africa & Middle East
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစဉ် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများက အီဂျစ်နိုင်ငံ၏ စက်မှုလုပ်ငန်း၌ ဒေသတွင်းထုတ်ကုန်အဖြစ် အသွင်ပြောင်းခြင်းကို အားဖြည့်ပံ့ပိုးပေး
ကိုင်ရို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာခြင်းက အဆိုပါ အာရပ်နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ အခင်းအကျင်းအား ပြန်လည်ပုံဖော်ရာတွင် အထောက်အကူပေးလျက်ရှိကာ နှစ်နိုင်ငံဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိလာစဉ် ကုန်သွယ်ရေးအပေါ် မှီခိုအားထားခြင်းမှ ဒေသတွင်းထုတ်ကုန်များအဖြစ် အသွင်ပြောင်းသော ပို့ကုန်ဦးစားပေး ကုန်ထုတ်လုပ်ရေးဆီသို့ ပြောင်းလဲအာရုံစိုက်လာခဲ့သည်။
မကြာသေးမီနှစ်များအတွင်း အီဂျစ်နိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် စက်ရုံအလုပ်ရုံအခြေပြု စီမံကိန်းများနှင့် စက်မှုလုပ်ငန်း ချဲ့ထွင်မှုများအဖြစ် အဆင့်ဆင့် ပြောင်းလဲလာခဲ့ကာ ဒေသတွင်း ထုတ်ကုန်များအဖြစ် အသွင်ပြောင်းထုတ်လုပ်ရေး၊ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ခိုင်မာအားကောင်းရေးနှင့် နိုင်ငံတကာကုန်သွယ်ရေး မရေရာမှုများအကြား ဒေသတွင်း ကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ် ရပ်တည်နိုင်ရေးအတွက် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပေးလျက်ရှိသည်။
ထိုအရွေ့မှာ အီဂျစ်-တရုတ် မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည်ကို အဓိက ညွှန်ပြနေသောအရာဖြစ်သည်ဟု အီဂျစ်စီးပွားရေးအသိုင်းအဝိုင်းက ရှုမြင်ထားသည်။
“အီဂျစ်နိုင်ငံဟာ စက်မှုလုပ်ငန်းကဏ္ဍမှာ ဒေသတွင်းထုတ်ကုန်တွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းနေတာပါ။ တချို့နိုင်ငံတွေက အီဂျစ်မှာ စက်ရုံတွေ လာရောက်ဝယ်ယူပြီးတော့ ရင်းနှီးမြှုပ်နှံကြတယ်။ အဲဒါက ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းသာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုစစ်စစ် မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ စက်ရုံတွေကို လက်တွေ့လာဆောက်နေတာပါ” ဟု အီဂျစ်စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ တရုတ်နိုင်ငံဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ မိုစတာဖာ အီဘရာဟင်က ဆိုသည်။
အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများ တိုးချဲ့လာခြင်းက လက်ရှိတွင် အကောင်းဆုံးအခြေအနေ၌ရှိသော နှစ်နိုင်ငံ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာဆက်ဆံရေး ခိုင်မြဲမှုကို ထင်ဟပ်နေသည်ဟု အီဘရာဟင်က ဖြည့်စွက်ပြောကြားခဲ့သည်။
အီဂျစ်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာဝန်ကြီး ဟတ်ဆန် အယ်လ်-ခါတစ်ကလည်း တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့်၌ ဖက်စပ်ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်မှု တိုးချဲ့ရေးနှင့် ပို့ကုန်ဦးစားပေး ပြည်တွင်းကုန်ထုတ်လုပ်မှု ခိုင်မာအားကောင်းရေးအတွက် အာရုံစိုက်လုပ်ဆောင်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်သည်လည်း အထူးသဖြင့် ဒေသတွင်း တစ်သားတည်းပေါင်းစည်းမှု၊ စက်မှုလုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု စသည်တို့နှင့် သက်ဆိုင်သော နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် နီးနီးကပ်ကပ် ချိန်ညှိပြင်ဆင်ထားခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြခဲ့ကာ ကမ္ဘာ့တိုက်ကြီးသုံးခုနှင့် ချိတ်ဆက်ထားသည့် အီဂျစ်နိုင်ငံ၏ မဟာဗျူဟာအရ အရေးပါသော တည်နေရာ၊ လုပ်သားစရိတ်စက သက်သာမှု၊ နိုင်ငံတကာဈေးကွက်များဆီသို့ ဝင်ရောက်ခွင့်ရှိသော ကျယ်ပြန့်သည့် ကုန်သွယ်ရေး သဘောတူညီချက်များကိုလည်း အလေးပေးပြောဆိုခဲ့သည်။
“အီဂျစ်ဟာ ရပ်ဝန်းနဲ့ပိုးလမ်းမရဲ့ တစ်စိတ်တစ်ဒေသဖြစ်တာမို့ တရုတ်နိုင်ငံနဲ့ အီဂျစ်နိုင်ငံတို့ကို နိုင်ငံတကာဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးတဲ့ ပေါင်းကူးတံတားတစ်စင်း ဖြစ်နိုင်ပါတယ်” ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ အယ်လ်-ခါတစ်က ပြောသည်။
ဒေသတွင်းထုတ်ကုန်များအဖြစ် အသွင်ပြောင်းကုန်ထုတ်လုပ်မှုအတွက် တွန်းအားပေးဖော်ဆောင်မှု အများအပြားမှာ အထူးသဖြင့် စူးအက်တူးမြောင်း စီးပွားရေးဇုန် (SCZone) အပါအဝင် အီဂျစ်နိုင်ငံရှိ သတ်မှတ်ထားသော စက်မှုလုပ်ငန်းဆိုင်ရာ ပလက်ဖောင်းများတွင် ရုပ်လုံးပေါ်လာပြီဖြစ်ကာ SCZone မှာ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဗဟိုချက်နေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
လွန်ခဲ့သော သုံးနှစ်ခွဲအတွင်း SCZone က စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံပမာဏရှိ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှာ ထိုပမာဏစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း SCZone အာဏာပိုင်အဖွဲ့ အကြီးအကဲ ဝါအိဒ် ဂါမယ် အယ်လ်-ဒိန်း၏ အဆိုအရ သိရသည်။
အယ်လ်-ဒိန်းက SCZone အတွင်းရှိ တရုတ်-အီဂျစ် TEDA စူးအက် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးဇုန်၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး လက်ရှိတွင် ယင်းပူးပေါင်းဆောင်ရွက်ရေးဇုန်၌ စက်မှု၊ ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း စီမံကိန်း ၂၀၀ ကျော် ပါဝင်လျက်ရှိကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံခန့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/80y

အီဂျစ်နိုင်ငံ စူးအက်ပြည်နယ် အိန်း ဆော့ခ်နာခရိုင်ရှိ တရုတ်-အီဂျစ် TEDA စူးအက် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးဇုန်ရှိ တရုတ် ဖိုက်ဘာဂလက်စ်ကုမ္ပဏီကြီး ကျွိစီ၏ စက်ရုံခွဲတစ်ခုမှ ဖိုက်ဘာဂလက်စ် ထုတ်လုပ်ရေးလိုင်းတွင် အလုပ်လုပ်နေသော ဝန်ထမ်းများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အရှေ့ဘက် ၄၅ ကီလိုမီတာအကွာရှိ အီဂျစ်အုပ်ချုပ်ရေးမြို့တော်သစ်၏ ဗဟိုစီးပွားရေးခရိုင် (CBD) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ တရုတ်နိုင်ငံသား ဝန်ထမ်းတစ်ဦးအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Chinese investments support Egypt’s industrial localization amid deepening ties
CAIRO, Dec. 21 (Xinhua) — Growing Chinese investments in Egypt are helping the Arab country reshape its industrial landscape, shifting the focus from trade dependence toward localized, export-oriented manufacturing, amid deepening bilateral ties.
In recent years, Chinese investment in Egypt has increasingly taken the form of factory-based projects and industrial expansions, supporting Cairo’s drive to localize production, strengthen value-added industries, and position itself as a regional manufacturing hub amid global trade uncertainties.
Egyptian business circles view this shift as a key indicator of the growing depth of the Egypt-China comprehensive strategic partnership.
“Egypt seeks localization of industry. Some countries invest in Egypt by buying factories, which is an ownership transfer, not a real investment, but China comes to build real factories,” said Mostafa Ibrahim, vice chairman of the China committee at the Egyptian Businessmen’s Association.
Ibrahim added that the expansion of Chinese projects in Egypt reflects the current strength of bilateral economic and political ties, which are “at their best.”
Hassan El-Khatib, Egypt’s Minister of Investment and Foreign Trade, said the next phase of economic cooperation with China should focus on expanding joint production and strengthening export-oriented domestic manufacturing.
He explained that Egypt’s Vision 2030 for sustainable development aligns closely with China’s Belt and Road Initiative, particularly in areas related to regional integration, industrial connectivity, and cross-border trade, highlighting Egypt’s strategic location connecting three continents, competitive labor costs, and extensive trade agreements granting access to global markets.
“Egypt is part of the Belt and Road and could be a bridge between China, Egypt and global markets,” El-Khatib said in an interview with Xinhua.
Much of this localized manufacturing push is taking shape within Egypt’s designated industrial platforms, particularly the Suez Canal Economic Zone (SCZone), which has emerged as a central hub for Chinese manufacturing investment.
Over the past three and a half years, the SCZone has attracted investments totaling 11.6 billion U.S. dollars, with Chinese investors accounting for around 50 percent of the total, according to Waleid Gamal El-Dein, chairman of the SCZone authority.
El-Dein highlighted the importance of the China-Egypt TEDA Suez Economic and Trade Cooperation Zone inside the SCZone, which he said currently encompasses more than 200 industrial, service, and logistics projects with total investments of about 3.8 billion U.S. dollars. xhtxs.cn/80y
English Caption 1
This undated file photo shows a view of the China-Egypt TEDA Suez Economic and Trade Cooperation Zone in Ain Sokhna district of Suez province, Egypt. (TEDA Investment Holding Co., Ltd./Handout via Xinhua)
English Caption 2
Staff members work on the fiberglass production line at a factory of Chinese fiberglass giant Jushi at the China-Egypt TEDA Suez Economic and Trade Cooperation Zone in Ain Sokhna district of Suez province, Egypt, Nov. 6, 2024. (Xinhua/Ahmed Gomaa)
English Caption 3
A Chinese worker is seen at the construction site of the Central Business District (CBD) of Egypt’s new administrative capital, 45 kilometers east of Cairo, Egypt, Nov. 22, 2023. (Xinhua/Sui Xiankai)
