North America
နိုင်ငံတကာ Gold Futures ဈေးနှုန်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၀၀ ကျော် မြင့်တက်လာ
နယူးယောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures ဈေးနှုန်းများသည် ဒီဇင်ဘာ ၂၂ ရက် အီလက်ထရွန်းနစ်ကုန်သွယ်မှုတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၀၀ ကျော် မြင့်တက်ခဲ့ပြီး ငွေအနာဂတ် (Silver Futures) ဈေးနှုန်းများသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၆၉ ကျော် မြင့်တက်ခဲ့သည်။
ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာချိန်တွင် ဘေးကင်းလုံခြုံသော ပိုင်ဆိုင်မှုများကို ဝယ်လိုအားမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ရွှေနှင့် ငွေဈေးနှုန်းများကို အရှိန်မြင့် တိုးတက်စေခဲ့ရာ ထပ်မံ၍ သမိုင်းအမြင့်ဆုံး စံချိန်တင်ခဲ့သည်။ အရောင်းအဝယ်ရင်းနှီးမြှုပ်နှံမှုအတက်ကြွဆုံးဖြစ်သော ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် Gold Futures ဈေးနှုန်း၏ အရောင်းအဝယ်ဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၅၂၀.၅ အထိ ရောက်ရှိခဲ့သည်။ မတ်လ ငွေအနာဂတ်ဈေးနှုန်း၏ အရောင်းအဝယ်ဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၆၉.၇၅၅ အထိ မြင့်တက်ခဲ့သည်။
၂၀၂၅ ခုနှစ်မှစ၍ စည်းကြပ်ခွန်မူဝါဒများက ယူဆောင်လာသော မသေချာမရေရာမှုများ၊ ရွှေလဲလှယ်ရောင်းဝယ်ရေးရန်ပုံငွေ (ETF) နှင့် နိုင်ငံအသီးသီး ဗဟိုဘဏ်များ၏ ရွှေအပေါ် ပြင်းပြသော ဝယ်လိုအားများကြောင့် ရွှေဈေးနှုန်းများသည် သမိုင်းတွင် အမြင့်ဆုံးသို့ အဆက်မပြတ် ရောက်ရှိခဲ့ရသည်။
JPMorgan Chase & Co. က ၎င်း၏ ၂၀၂၆ ခုနှစ် ရွှေဈေးကွက်အလားအလာအစီရင်ခံစာတွင် မောင်းနှင်သည့် အကြောင်းရင်းများ ဆက်လက်အားကောင်းလျက်ရှိသောကြောင့် ရွှေဈေးကွက်သည် ၂၀၂၆ ခုနှစ်တွင် ဈေးနှုန်းမြင့်တက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်သည်ဟု ယူဆထားသည်။ တစ်ချိန်တည်းမှာပင် အချို့သောဈေးကွက်လေ့လာသုံးသပ်သူများက ငွေဝယ်လိုအားသည်လည်း ၂၀၂၆ ခုနှစ်တွင် ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းကြသည်။ (Xinhua)
…………………..
(Chinese Version)
国际黄金期货价格突破每盎司4500美元
新华社纽约12月22日电(记者徐静)美国纽约商品交易所黄金期货价格22日在电子盘交易中突破每盎司4500美元,白银期货价格突破每盎司69美元。
在地缘政治紧张局势加剧背景下,避险需求涌现,拉动黄金、白银价格强劲上涨,再创历史新高。交投最活跃的2026年2月黄金期价盘中交易价格一度达每盎司4520.5美元。3月白银期价交易价格一度达每盎司69.755美元。
2025年以来,关税政策带来的不确定性、黄金交易所交易基金(ETF)和各国央行对黄金的强劲需求推动金价不断创下历史新高。
摩根大通在其2026年黄金市场展望报告中认为,由于驱动因素依然强劲,黄金市场在2026年或将延续上涨势头。与此同时,一些市场分析人士预计2026年白银需求也将继续增长。(完)
图说:2月11日,在浙江省湖州市德清县乾元镇一家金店,店员展示黄金首饰。新华社发(倪立芳摄)
