Connect with us

North America

အမေရိကန်စစ်တပ်က ကာရေဘီယံဒေသသို့ အထူးစစ်ဆင်ရေးလေယာဉ်နှင့် ဝန်ထမ်း၊ လက်နက်ပစ္စည်းများ ထပ်တိုးစေလွှတ်ဟု အမေရိကန်မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်သည် ကာရေဘီယံဒေသသို့ အထူးစစ်ဆင်ရေးလေယာဉ်အစင်းရေများစွာ ထပ်တိုးစေလွှတ်ပြီး အမေရိကန်စစ်ဘက် ဝန်ထမ်းများနှင့် လက်နက်ပစ္စည်းများ ပို့ဆောင်ခဲ့ပြီးဖြစ်ရာ ဗင်နီဇွဲလားနိုင်ငံအစိုးရအား တစ်ဆင့်တိုး ဖိအားပေးလိုက်ကြောင်း အမေရိကန် The Wall Street Journal ၏ ဒီဇင်ဘာ ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါသတင်းတွင် အမေရိကန်အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အထူးစစ်ဆင်ရေးတပ်ဖွဲ့ အသုံးပြုသော CV-22 အမျိုးအစား Osprey tilt-rotor လေယာဉ် အနည်းဆုံး ၁၀ စင်းသည် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းတွင် အမေရိကန် နယူးမက္ကဆီကိုပြည်နယ် Cannon လေတပ်စခန်းမှ ကာရေဘီယံဒေသသို့ ပျံသန်းရောက်ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ပျံသန်းမှုခြေရာခံဝက်ဘ်ဆိုက်အချက်အလက်အရ ထိုနေ့တွင် ဂျော်ဂျီယာပြည်နယ် Fort Stewart စခန်းနှင့် ကင်တပ်ကီပြည်နယ် Fort Campbell ကြည်းတပ်စခန်းတို့မှ C-17 ပို့ဆောင်ရေးလေယာဉ်များသည်လည်း ပေါ်တိုရီကိုဒေသသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါလေယာဉ်များတွင် အမေရိကန်စစ်ဘက် ဝန်ထမ်းများနှင့် လက်နက်ပစ္စည်းများ သယ်ဆောင်ထားကြောင်း အခြားအမေရိကန်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

အဆိုပါလေယာဉ်များတွင် လူပုဂ္ဂိုလ်နှင့် လက်နက်ပစ္စည်း မည်မျှပို့ဆောင်ခဲ့သနည်းကို မသိရှိရသေးကြောင်း၊ သို့သော် အထက်ပါတပ်စခန်းများတွင် အမေရိကန်စစ်တပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့များစွာ အခြေစိုက်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။
လတ်တလော လအနည်းငယ်အတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က ကုန်းလမ်းကြောင်းတိုက်ခိုက်မှုများ “မြန်မြန်” လုပ်ဆောင်ခြင်းမှတစ်ဆင့် ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူများ” ကို တိုက်ဖျက်သွားနိုင်ခြေရှိသည်ဟု အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။ ထရမ့်က မီဒီယာများမေးမြန်းမှုကို ဖြေကြားရာ၌ ဗင်နီဇွဲလားနိုင်ငံနှင့် စစ်ပွဲစတင်သည့် ဖြစ်နိုင်ခြေကို ပယ်ဖျက်ထား၍မရကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားက ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် အော်ရိန့်ခရိုင်၌ ကျင်းပသည့် ဟန်တင်တန်ကမ်းခြေ ပျံသန်းမှု ဖျော်ဖြေတင်ဆက်ရေးတွင် ပါဝင်နေသော အမေရိကန်ရေတပ် Blue Angels ပျံသန်းမှုသရုပ်ပြအဖွဲ့၏ F-18 တိုက်လေယာဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
美媒:美军向加勒比地区增派特战飞机和人员装备
新华社华盛顿12月23日电 据美国《华尔街日报》23日报道,美国已向加勒比地区增派多架特种作战飞机,并运送美军人员和装备,进一步向委内瑞拉政府施压。
报道援引一名美国官员的话说,至少10架由特战部队使用的CV-22型“鱼鹰”倾转旋翼机22日晚从美国新墨西哥州坎农空军基地飞抵加勒比地区。根据飞行跟踪网站数据,同一天,来自佐治亚州斯图尔特堡和肯塔基州坎贝尔堡陆军基地的C-17运输机抵达波多黎各。另一名美国官员证实,这些飞机上载有美军人员和装备。
报道说,尚不清楚这些飞机运送了多少人员和装备,但上述军事基地驻扎着多支美军特战部队。
近几个月来,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,对委施压。美国总统特朗普多次威胁“很快”通过陆路打击委内瑞拉“毒贩”。据美国媒体19日报道,特朗普接受媒体采访时称,不排除与委内瑞拉开战的可能性。
委内瑞拉指责美国试图以军事威胁在委策动政权更迭,并在拉美军事扩张。(完)
图说1:这是11月5日在美国首都华盛顿拍摄的美国国会大厦。新华社记者胡友松摄
图说2:2017年9月30日,美国海军“蓝天使”飞行表演队的F-18战机参加在美国加利福尼亚州奥兰治县举行的亨廷顿海滩飞行表演。新华社发(赵汉荣摄)