Connect with us

Africa & Middle East

တရုတ်နိုင်ငံက အာဖရိက အနာဂတ်အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံ၏ အကြီးဆုံးသတင်းစာ ဖော်ပြ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ Africa Star Railway Operation Co., Ltd. စက်ယန္တရား လည်ပတ်ပြင်ဆင်ရေးကွင်းတွင် တရုတ်အင်ဂျင်နီယာက ကင်ညာရထားစစ်ဆေးရေးမှူး (ရှေ့တန်း) အား ရထားလှုပ်ရှားမှုအခြေအနေစစ်ဆေးခြင်းကို လမ်းညွှန်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ၏ အကြီးဆုံးသတင်းစာ Herald ၏ မကြာသေးမီက ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် တရုတ်နိုင်ငံသည် အာဖရိက အနာဂတ်အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဆောင်းပါး၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံသူများအတွက် အာဖရိကတွင် မြေအောက်သတ္တုနှင့် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝရုံသာမက မြေပေါ်၌လည်း အခွင့်အလမ်းများစွာ ရှိကြောင်း၊ အာဖရိကသည် လျှပ်စစ်ဓာတ်အားစနစ်များ၊ ထောက်ပံ့ပို့ဆောင်ရေးစင်္ကြံများနှင့် စက်မှုလုပ်ငန်းစွမ်းရည်များ တည်ဆောက်ရန် လိုအပ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုအား ထုတ်လုပ်မှုစွမ်းအားအဖြစ် ပြောင်းလဲသော လုပ်ဆောင်နိုင်စွမ်းကိုလည်း တည်ဆောက်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါနယ်ပယ်များတွင် အားသာချက်များရှိပြီး အထူးသဖြင့် အကြီးစား အခြေခံအဆောက်အအုံတည်ဆောက်ရေးနယ်ပယ်၌ အာဖရိကအပေါ် တရုတ်နိုင်ငံ၏ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုနှင့် ကတိကဝတ်များက သက်သေပြုမှုရရှိခဲ့ကြောင်း ဖော်ပြခဲ့ထားသည်။

အာဖရိကသည် လက်တွေ့ကျသော၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်မနေ အလေးထားသင့်ကြောင်း၊ အာဖရိကအတွက်ဆိုလျှင် စီးပွားရေးအမျိုးစုံလင်မှုသည် ဘယ်သောအခါကမျှ အပြောသက်သက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း မဟုတ်ဘဲ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုမှ ဆောင်ကြဉ်းပေးသော တည်ငြိမ်မှုရှိသည့် လျှပ်စစ်ဓာတ်အား၊ ယုံကြည်စိတ်ချရသော အင်တာနက်နှင့် စက်မှုလုပ်ငန်းဂေဟစနစ်တို့ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိက စက်မှုလုပ်ငန်းအတွက် ထပ်တိုးတန်ဖိုးကို မြှင့်တင်ပေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံ၏ အာဖရိကသို့ ချေးငွေများသည် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးပြီး ချေးငွေပြန်ဆပ်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသည့် စီမံကိန်းများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံခဲ့ရာ မည်သည့် ထပ်ဆောင်းတောင်းဆိုချက်မျှ မပါရှိကြောင်း ဖော်ပြထားသည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အောက်တွင် တရုတ်-အာဖရိက စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကအတွက် ဒေသတွင်းချိတ်ဆက်ပေးသော အခြေခံအဆောက်အဦများ၊ တည်ငြိမ်စွာ ထုတ်လုပ်မှုရှိသော စွမ်းအင်စနစ်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ပေးသော စက်မှုလုပ်ငန်းစွမ်းရည်တို့ကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ အာဖရိကသည် အနာဂတ်အောင်မြင်ရေးအတွက် တံခါးဖွင့်လှစ်မှုကို မဖြစ်မနေ ဆက်လက်တိုးချဲ့ရမည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဤလုပ်ငန်းစဉ်အတွင်း မရှိမဖြစ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

ဇမ်ဘီယာနိုင်ငံ Luanshya မြို့တွင် ပြိုင်ပွဲဝင်များက စက်ယန္တရားနှင့် လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်းနှင့် လည်ပတ်ထိန်းသိမ်းမှု (လျှပ်စစ်ပညာကျွမ်းကျင်သူ) စီမံကိန်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Sino-Zam Vocational College of Science and Technology)

…………………….
(Chinese Version)
全球瞭望|津巴布韦第一大报:中国是非洲赢得未来不可或缺的战略伙伴
新华社哈拉雷12月28日电(记者许正)津巴布韦第一大报《先驱报》近日刊文表示,中国是非洲赢得未来不可或缺的战略伙伴。文章摘要如下:
对于投资者而言,非洲不仅拥有丰富的地下矿产和能源资源,在地上也有许多机遇。非洲需要建设电力体系、物流走廊和工业产能,还需要建设将投资转化为生产力的能力。中国在上述方面具有优势,尤其在大规模基础设施建设方面,中国多年来对非洲的投资和承诺已得到验证。
非洲必须注重实际的、可持续的发展。对非洲而言,经济多元化从来不是靠空谈来实现的,而是通过中非合作所带来的稳定的电力、可靠的交通网络以及工业生态体系来实现的。可以说,中非合作提升了非洲的工业附加值。
此外,中国对非贷款直接投向了促进经济增长和改善偿还能力的项目,不带有任何附加条件。
在“一带一路”倡议下,中非持续合作为非洲带来了连接区域的基础设施、稳定生产的能源体系和带动就业的工业能力。非洲必须继续扩大开放以赢得未来,而中国是这一进程中不可或缺的战略伙伴。(完)
图说1:8月19日,在肯尼亚内罗毕非洲之星铁路运营有限责任公司机务运转整备场,中方工程师指导肯尼亚机车检查员(前)做机车动态检查。新华社记者 杨光 摄
图说2:9月5日,在赞比亚卢安夏,选手参与机电设备安装与运维(电工)项目竞赛。新华社发(中国-赞比亚职业技术学院供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.