Connect with us

Europe

၂၀၂၄ ခုနှစ်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသို့ သွားရောက်သော တရုတ်ခရီးသွား အကြိမ်ရေ ၂၀၂၃ ခုနှစ်ကထက် ၁၄၅ ရာခိုင်နှုန်း မြင့်တက်

ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ မြို့တော် ဆာရာယေဗို၏ မြို့ပြမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆာရာယေဗို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားသား ခရီးသွား အကြိမ်ရေ ၁.၃၇၇ သန်း ရှိရာ ယမန်နှစ်ကာလတူထက် ၁၄.၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း ယင်းနိုင်ငံ အမျိုးသား စာရင်းအင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် တရုတ်ခရီးသွား အကြိမ်ရေမှာ ၇၅,၀၀၀ နီးပါး ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၁၄၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။

ယမန်နှစ်က ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွား ညအိပ်တည်းခိုမှု အကြိမ်ရေသည် ၄.၀၀၃ သန်း ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၈.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ၎င်းတို့အနက် နိုင်ငံခြားသား ခရီးသွား ညအိပ်တည်းခိုမှု အကြိမ်ရေ ၁၁.၉ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်မူဝါဒက တရုတ်ခရီးသွား အရေအတွက်ပမာဏ တိုးတက်လာသည့် အဓိက အကျိုးသက်ရောက်မှု ဖြစ်ကြောင်း၊ တရုတ်ခရီးသွား ဧည့်သည်များမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ မြို့တော် ဆာရာယေဗိုနှင့် အခြား အဓိက ခရီးသွားမြို့များတွင် တစ်နေ့တခြား တက်ကြွလှုပ်ရှားလာသော လူအုပ်စု ဖြစ်လာကြောင်း၊ ယင်းအခြေအနေသည် အနာဂတ်နှစ်များတွင်လည်း ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားကြောင်း ဆာရာယေဗိုပြည်နယ် ခရီးသွားလုပ်ငန်းဦးစီးဌာန တာဝန်ခံ Haris Fazlagić က ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မေလတွင် တရုတ်နိုင်ငံနှင့် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ၏ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးခြင်း သဘောတူညီချက်သည် တရားဝင် အသက်ဝင်ခဲ့ရာ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှု ဖလှယ်ရေး၊ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသည့် အထောက်အပံ့အင်အား ဖြစ်ခဲ့ပေသည်။ (Xinhua)


……………………………….
(Chinese Version)
2024年赴波黑中国游客同比激增145%
新华社萨拉热窝2月7日电(记者殷晓圣)波黑国家统计局7日发布的数据显示,2024年波黑共接待外国游客137.7万人次,同比增长14.8%。其中,中国游客达到近7.5万人次,同比增长145%。
数据显示,去年波黑国内外游客总过夜次数达到400.3万次,同比增长8.5%,其中外国游客过夜次数增长11.9%。
萨拉热窝州旅游局负责人法兹拉吉奇在接受新华社采访时表示,波黑与中国之间的免签政策对中国游客数量的增长产生了重要影响。中国游客已成为波黑首都萨拉热窝及其他主要旅游城市日益活跃的群体,预计未来几年这一趋势将持续。
2018年5月,中国和波黑持普通护照公民互免签证协定正式生效,为两国人文交流、经贸合作提供重要助力。(完)
1. 这是1月5日在波黑首都萨拉热窝拍摄的城市景观(无人机照片)。