Asia
ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိရန် တွန်းအားပေးသွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် ဆို

ဖနွမ်းပင်၊ မေ ၁၉ ရက် (ဆင်ဟွာ)
ပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေအောက်တွင် ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံသည် အတူလက်တွဲကာ လက်ရှိကမ္ဘာကြီး၏ ရှုပ်ထွေးသောစိန်ခေါ်မှုများကို အတူလက်တွဲ ရင်ဆိုင်၍ ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိရန် တွန်းအားပေးသွားသင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က မကြာသေးမီက ဆင်ဟွာသတင်းထောက်၏ စာအားဖြင့် သီးသန့်မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံဟာ သမိုင်းကြောင်းကြာရှည်လှပြီး နှစ်ဖက်ဆက်ဆံရေးက စံနမူနာလို့ ခေါ်ထိုက်လောက်တာကြောင့် နိုင်ငံတကာနဲ့ ဒေသတွင်း အခြေအနေ ဘယ်လိုပဲ ပြောင်းလဲစေကာမူ ထိုးဖောက်၍မရအောင် ခိုင်မြဲလှပါတယ်” ၊ “ဒီလိုမျိုး သံမဏိပမာခိုင်မြဲတဲ့ချစ်ကြည်ရေးက ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် ခိုင်မာတဲ့ အခြေခံပဲဖြစ်ပါတယ်” ဟု ဟွန်မန်နက် ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အရေးကြီးဆုံး ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက် ဖြစ်လာပြီဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်နှင့် “ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု” (RCEP) အသက်ဝင်လာပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး အရှိန်မြင့်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားထုတ်ကုန်များကလည်း တရုတ်ဈေးကွက်သို့ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏများစွာ တိုးတက်လာကြောင်း၊ သဘောတူညီချက်က ဖန်တီးပေးလိုက်သည့် ကောင်းမွန်သော ကုန်သွယ်ရေးပတ်ဝန်းကျင်ကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးမြှင့်လိုက်သဖြင့် ၎င်းကို နိုင်ငံတကာဆွဲဆောင်မှုအားရှိသည့် ရင်းနှီးမြှပ်နှံရန်နေရာ ဖြစ်လာစေကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်ရေးနဲ့ စီးပွားရေး သွားလာဆက်ဆံမှု အလားအလာကြီးမားပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကလည်း အလားအလာကျယ်ပြန့်ပါတယ်” ဟု ဟွန်မန်နက်က ဆိုခဲ့သည်။ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော မိတ်ဖက်ဆက်ဆံရေးအား တစ်ဆင့်တိုးမြှင့်တင်၍ ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူတကွ သာယာဝပြောမှု ဖော်ဆောင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အဆိုပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး အဆိုပြုချက်သည် ကမ္ဘောဒီးယား၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော အခွင့်အလမ်းနှင့် လမ်းကြောင်းများ ပံ့ပိုးပေးသည်ဟု ၎င်းက ထောက်ပြ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ ‘ရပ်ဝန်းနဲ့ပိုးလမ်းမ’ အတူတည်ဆောက်ရေး အဆိုပြုချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ‘ပဉ္စဂံ မဟာဗျူဟာ’ က များစွာကိုက်ညီပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ‘ရပ်ဝန်းနဲ့ပိုးလမ်းမ’ အတူတည်ဆောက်မှု အဆိုပြုချက်ကို ထောက်ခံအားပေးတဲ့ ပထမဆုံးအသုတ် နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အဲဒီကနေ အကျိုးများစွာခံစားရပါတယ်” ဟု ဟွန်မန်နက်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး မူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများ ဥပမာအားဖြင့် ဖနွမ်းပင်-သီဟာနုဗီးလ် အမြန်လမ်း၊ သီဟာနုဗီးလ် အထူးစီးပွားရေးဇုန် စသည်တို့ကို အထူးအလေးထားပြောကြားခဲ့ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘေားဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်ပေးသည်ဟု ယူဆကြောင်း ဟွန်မန်နက်က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံအမြင်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့် အယူအဆ အဆိုပြုချက်များသည် တစ်ကမ္ဘာလုံး အတူတကွ သာယာဝပြောမှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ “တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သမ္မတ ရှီကျင့်ဖိန် အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်က တစ်ကမ္ဘာလုံး သာယာဝပြောမှု၊ ဘေးကင်းလုံခြုံမှုနဲ့ သဟဇာတဖြစ်မှုအတွက် အကျိုးထမ်းဆောင်မှု ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က အလေးထား ပြောကြားခဲ့ပါတယ်” ဟု ဟွန်မန်နက်က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် မူဘောင်အတွင်း၌ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ဖော်ဆောင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား-တရုတ် ပူးပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်အား တွန်းအားပေး ဖော်ဆောင်ခြင်းသည် နှစ်ဖက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရန် အကျိုးရှိပြီး ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်နိုင်သည့် တစ်ချိန်တည်းတွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ်မီအသွင်ပြောင်းမှု တည်ဆောက်ရေးကိုလည်း တိုးမြှင့်နိုင်ကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကဏ္ဍတွင် အောင်မြင်သော တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများစွာ လုပ်ဆောင်နိုင်ခဲ့သည်ကိုလည်း ၎င်းကပြောကြားခဲ့ပြီး အဆိုပါလှုပ်ရှားမှုများက “တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာဟာ အွန်လိုင်းပြစ်မှုကျူးလွန်မှု ခြိမ်းခြောက်မှုတွေကို ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံနှုန်းမြင့်သော ခေတ်သစ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ နှစ်ဖက် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု ရလဒ်များ တစ်ဆင့်တိုးမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယား-တရုတ် နှစ်ဖက်သည် ဆတက်ထမ်းပိုးကြိုးပမ်းကာ နိုင်ငံရေး၊ ကုန်ထုတ်စွမ်းရည်၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ လုံခြုံရေး၊ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှု စသည့် ကဏ္ဍကြီးခြောက်ရပ်၏ “စိန်ပွင့်ပမာ ခြောက်ပွင့်ဆိုင်” ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်သင့်ကြောင်း ဟွန်မန်နက်က ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
高端访谈|推动新时代全天候柬中命运共同体建设不断取得新进展——访柬埔寨首相洪玛奈
新华社金边5月18日电 高端访谈|推动新时代全天候柬中命运共同体建设不断取得新进展——访柬埔寨首相洪玛奈 新华社记者吴长伟
柬埔寨首相洪玛奈近日接受新华社记者书面专访时表示,在风云变幻的国际形势下,柬中两国应携手应对当今世界的复杂挑战,推动新时代全天候柬中命运共同体建设不断取得新进展。
“柬中两国关系源远流长,双边关系堪称典范,无论国际和地区形势如何变幻,都牢不可破。”洪玛奈说,“这种铁杆友谊是构建柬中命运共同体的坚实基础。”
他表示,中国已成为柬埔寨最重要的发展伙伴,中柬自由贸易协定与《区域全面经济伙伴关系协定》生效后,两国经贸合作进一步提速。柬埔寨产品得以更好地进入中国市场,对华出口大幅增长;协定营造的良好贸易环境也增强了柬埔寨的竞争力,使其成为具有国际吸引力的投资目的地。
洪玛奈说,“柬中经贸往来潜力巨大,未来发展空间广阔。”他表示,柬埔寨致力于进一步加强与中国的互利伙伴关系,实现柬中两国可持续发展和共同繁荣。他指出,中方提出的共建“一带一路”倡议为柬埔寨当前和今后发展提供了良好机遇和路径。
“中国共建‘一带一路’倡议与柬埔寨‘五角战略’高度契合。柬埔寨是首批支持共建‘一带一路’倡议的国家之一,从中受益匪浅。”洪玛奈说。
洪玛奈特别提及柬中两国在共建“一带一路”框架内的合作项目,比如金港高速公路、西哈努克港经济特区等,认为这些合作为柬埔寨的经济增长作出了贡献。
洪玛奈说,在柬方看来,中国的发展目标和理念倡议旨在促进全球共同繁荣。“前首相洪森强调,中国的发展和习近平主席提出的三大全球倡议应被视为对全球繁荣、安全与和谐的贡献。”
洪玛奈表示,全球发展倡议框架内的合作将有助于实现柬埔寨国家发展目标;柬中合作推进全球安全倡议将有助于加强双边安全合作;全球文明倡议有利于推动可持续发展,在保护文化和自然遗产的同时促进柬埔寨的现代化建设。
他提到近期柬中在打击网络诈骗方面开展的一系列成功执法行动。他说,这些行动表明,“中柬加强合作,将更有效地应对网络犯罪威胁”。
洪玛奈表示,柬中命运共同体建设进入高质量、高水平、高标准的新时代,为进一步充实双方务实合作成果,柬中双方应加倍努力,落实好政治、产能、农业、能源、安全、人文六大领域的“钻石六边”合作架构的宗旨和目标。(完)