Connect with us

Asia

တရုတ်-အလယ်အာရှ “နိုင်ငံရေးရာစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ဖိုရမ်က ဘုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား

အဲလ်မတ်တီ၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်-အလယ်အာရှ “နိုင်ငံရေးရာစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ဖိုရမ်ကို မေ ၂၈ ရက်က ကာဇက်စတန်နိုင်ငံ အဲလ်မတ်တီမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ်-ကာဇက်စတန် နှစ်နိုင်ငံအစိုးရများ၊ တက္ကသိုလ်ကျောင်းများနှင့် ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။

အဲလ်မတ်တီမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ကျန်ဝေးက အမှာစကား ပြောကြားရာတွင် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများသည် ကိုယ်စီ အမျိုးသား ပြန်လည်အားသစ်လောင်းရေးကို ဖော်ဆောင်ရာခရီးစဉ်တွင် အတွေးအခေါ်တူညီမှု၊ ရည်မှန်းချက်ဆင်တူမှု၊ အကျိုးစီးပွားဆက်စပ်မှု ရှိကြခြင်းကြောင့် နိုင်ငံရေးရာစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံ ဖလှယ်ခြင်းအား နက်ရှိုင်းစွာ ဖော်ဆောင်သင့်ပါကြောင်း၊ လက်တွဲအတူကြိုးပမ်းကာ အားသာချက်များ အပြန်အလှန်ဖြည့်စွက်ခြင်းဖြင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အလယ်အာရှ နိုင်ငံအသီးသီး လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်မှုဖြင့် ခေတ်မီအသွင်ပြောင်းရေးလမ်းစဉ်အား ကြိုးပမ်းရှာဖွေမှုကို အပြည့်အဝလေးစားကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို အလယ်အာရှ နိုင်ငံအသီးသီးနှင့် စေတနာအရင်းခံမှုအပြည့်ဖြင့် မျှဝေသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

လန်ကျိုးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ရှားရုန်ကျိုးက တရုတ်နိုင်ငံနှင့် ကာဇက်စတန် စသည့် အလယ်အာရှနိုင်ငံများသည် အပြန်အလှန်ချိတ်ဆက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း သာယာဝပြောရေးနှင့် တိုးတက်ရေး၏ သမိုင်းရွေးချယ်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ်ဖိုရမ်မှတစ်ဆင့် ကျွမ်းကျင်ပညာရှင်များ၏ အသိပညာများဖလှယ်ကာ အပြန်အလှန်နားလည်မှု၊ သဘောတူညီမှုများစုစည်းမှုကို တစ်ဆင့်တိုးမြှင့်ပြီး တရုတ်-အလယ်အာရှ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပို၍များပြားသော ဉာဏစွမ်းအားများ ပံ့ပိုးပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာဇက်စတန် Al-Farabi National University ဒုတိယပါမောက္ခချုပ် အဗ္ဗဒါရာမန်နီ တာစီဘာယက် က ယခုအကြိမ်ဖိုရမ်သည် ကာဇက်စတန်-တရုတ် ပူးပေါင်းဖလှယ်မှုကို မြှင့်တင်သည့် အဓိက ပလက်ဖောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖိုရမ်၌ ဆွေးနွေးသည့် အကြောင်းအရာများသည် ရှင်သန်စွမ်းအားနှင့် အရေးကြီးမှုများ ရှိကြောင်း၊ နိုင်ငံ၏ မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှု အကြောင်းအရာနှင့် အထူးကိုက်ညီကြောင်း၊ တက္ကသိုလ်ကျောင်းအနေဖြင့် လန်ကျိုးတက္ကသိုလ်နှင့် ပူးတွဲသုတေသနစင်တာ တည်ထောင်ရေး ဖြစ်နိုင်ခြေကို အတူတကွ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကာဇက်စတန်-တရုတ် ဒေသတွင်း သာယာဝပြောရေးနှင့် တည်ငြိမ်ရေး အတူတည်ဆောက်သည့် ရည်မှန်းချက်ကို ပို၍အဆင့်မြင့်မားစွာ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ဖိုရမ်ကို လန်ကျိုးတက္ကသိုလ်နှင့် Al-Farabi National University တို့ အတူပူးတွဲ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ ဖိုရမ်ကျင်းပစဉ်ကာလတွင် တရုတ်-ကာဇက်စတန် နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်များက ပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးခြင်း စီမံခန့်ခွဲမှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဟူ၍ ကဏ္ဍလေးရပ်အား အဓိကထား၍ ချစ်ကြည်ရင်းနှီးစွာ လက်တွေ့ကျကျ သုတေသနပြုဆွေးနွေးကာ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏစွမ်းအား ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
中国—中亚“国家治理与可持续发展”论坛聚焦共同发展
新华社阿拉木图5月28日电(记者郑钰)中国—中亚“国家治理与可持续发展”论坛28日在哈萨克斯坦阿拉木图市开幕,来自中哈两国政府、高校和企业近百名代表参会。
中国驻阿拉木图总领事蒋薇在致辞中说,中国和中亚国家在实现各自民族伟大复兴征程上理念相同、目标相似、利益相连,理应深化国家治理和可持续发展经验交流,携手努力,优势互补,实现共同发展。中国充分尊重中亚各国独立自主追求现代化道路,愿以最大诚意与中亚各国分享发展经验。
兰州大学副校长沙勇忠说,中国与哈萨克斯坦等中亚国家互联互通、互利合作是实现地区繁荣发展的历史选择。相信通过此次论坛,各位专家学者进行智慧碰撞,将进一步增进彼此了解、凝聚共识,为中国—中亚命运共同体建设提供更多智力支持。
哈萨克斯坦阿里·法拉比国立大学副校长阿布德拉赫曼·塔西巴耶夫表示,此次论坛是增进哈中交流合作的重要平台,论坛所探讨的各项议题兼具生命力与重要性,与国家战略发展议题高度契合。学校将与兰州大学共同商讨建立联合研究中心的可行性,从而在更高水平上服务于哈中共建地区繁荣稳定的目标。
此次论坛由兰州大学与阿里·法拉比国立大学联合主办。论坛期间,中哈两国专家学者围绕环境治理、数智发展、贫困治理及区域合作四大议题展开友好务实研讨,为区域可持续发展提供智力支撑。(完)