Connect with us

Europe

ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်စုံပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပူတင် ပြောကြား

၂၈ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ရုရှားသမ္မတ ပူတင်က ဆင်ဟွာသတင်းဌာန စသည့် ဖိုရမ်သို့တက်ရောက်ကြသော ကမ္ဘာ့ပင်မသတင်းအေဂျင်စီ ၁၄ ခုမှ တာဝန်ခံများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရုရှားနှင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု အနက်အဓိပ္ပာယ်မှာ ကြွယ်ဝကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံထောင့်စုံ ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ရုရှား သမ္မတ ပူတင်သည် ဇွန် ၁၈ ရက်က စိန့်ပီတာစဘတ်၌ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

၂၈ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ဇွန် ၁၈ ရက်က ဖွင့်လှစ်ခဲ့ရာ ယင်းနေ့တွင် ပူတင်က ဆင်ဟွာသတင်းဌာန စသည့် ဖိုရမ်သို့ တက်ရောက်ကြသော ကမ္ဘာ့ပင်မသတင်းအေဂျင်စီ ၁၄ ခုမှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။

ပူတင်က ရုရှားနိုင်ငံသည် တရုတ်စီးပွားရေးကဏ္ဍတွင် အများအာရုံစိုက်ဖွယ် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ၏ ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၂၄၀ ဘီလီယံကျော် ရှိခဲ့ရာ ယင်းအတိုင်းအတာပမာဏသည် အတော်ပင် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်ဖက်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအများအပြားကို အစီအစဉ်ရေးဆွဲထားကြောင်း၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဆက်လက်မြင့်တက်လာမည် ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်စီးပွားရေးပမာဏနှင့် အရည်အသွေး တိုးတက်လာမှု၏ အကျိုးကျေးဇူးကြောင့်ဖြစ်သလို နှစ်နိုင်ငံရေရှည် ထိန်းသိမ်းထားသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ရုရှား-တရုတ် ဆက်ဆံရေး၏ ဦးစားပေးကိစ္စရပ်မှာ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း၊ ယုံကြည်အားထားရသည့် ဘဏ္ဍာငွေစီးဆင်းမှုများကို အာမခံရန် လိုအပ်ရာ နှစ်ဖက်ကုန်သွယ်ရေးပမာဏ ထိုးဖောက်မှုအသစ်များကို ဖော်ဆောင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ထို့အပြင် နှစ်ဖက်အနေဖြင့် အဆင့်မြင့် သိပ္ပံနည်းပညာ၊ အာကာသ၊ လေယာဉ်တည်ဆောက်မှု စသည့်ကဏ္ဍ အားလုံးတွင် ဧရာမကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI) ကဏ္ဍ၏ အောင်မြင်မှုသည် ထူးချွန်ပြောင်မြောက်ရာ ပြိုင်ဘက်၏ ဆယ်ပုံတစ်ပုံသော အရင်းအနှီးဖြင့် ထိရောက်မှုနှုန်း ဆယ်ဆရှိအောင် ဖန်တီးနိုင်ခဲ့သောကြောင့် “အံ့အားသင့်ဖွယ်နှင့် ဝမ်းမြောက်ဖွယ်” ဖြစ်ကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။

နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှုမြှင့်တင်လာခြင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး တိုးချဲ့လာခြင်းနှင့်အတူ ရုရှားနိုင်ငံတွင် တရုတ်ဘာသာသင်ယူရန် စိတ်ဝင်စားမှုများ ဆက်တိုက် တိုးတက်လာခဲ့ကြောင်း ပူတင်က ထောက်ပြ ပြောကြားခဲ့သည်။
လက်ရှိ ရုရှားလူငယ်လူရွယ်ပေါင်း ၂၅,၀၀၀ ခန့်သည် တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိကြောင်း၊ ပုံမှန်ကျင်းပသည့် ရုရှား-တရုတ် နိုင်ငံများနှစ်သည် လူမှုယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးကို နက်ရှိုင်းစေရုံသာမက နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန်နားလည်မှုကို ပို၍တိုးပွားစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်က ၎င်း၏မိသားစုဝင်များ တရုတ်စာသင်ယူသည့်အခြေအနေကို မျှဝေပြောကြားခဲ့ရာတွင် သမီးဖြစ်သူက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကပင်စတင်၍ ဆရာခေါ်၍ တရုတ်စာကို သင်ယူခဲ့သလို ၎င်း၏ မြေးမလေးသည်လည်း ယခုအခါ ပေကျင်းမှလာသော ဆရာနှင့် တရုတ်စကားဖြင့် သွက်လပ်စွာ လိုအပ်သလို ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
普京:俄罗斯愿与中国开展全面合作
新华社圣彼得堡6月19日电(记者陈汀 刘恺 黄河)俄罗斯总统普京18日在圣彼得堡回答新华社社长傅华提问时表示,俄罗斯与中国合作内涵丰富,愿与中方加强全方位合作交流。
第28届圣彼得堡国际经济论坛18日开幕,普京当天会见了新华社等14家出席论坛的世界主要通讯社负责人。
普京表示,俄罗斯正成为中国经济领域引人注目的合作伙伴。2024年,两国贸易额超过2400亿美元,规模相当可观。目前,双方规划了大量投资项目,未来投资额将继续提升。这既得益于中国经济规模与质量的增长,也源于两国长期保持的友好关系。
普京说,当前俄中关系的优先事项是金融领域合作,需要确保可靠的资金流通,推动双边贸易额实现新突破。此外,双方在高科技、航天、飞机制造等领域均有巨大合作潜力。
普京强调,中国在人工智能领域成就卓越,以竞争对手十分之一的成本创造出十倍的效率,令人“惊讶和欣喜”。
普京指出,随着两国加强经济联系和扩大人文交流,俄罗斯国内学习中文的兴趣持续增长。目前,约有2.5万名俄罗斯青少年在中国深造。定期举办的俄中国家主题年不仅深化了人文合作交流,更增进了两国人民相互了解。
普京还分享了家人学习中文的情况:他的女儿20多年前就开始聘请老师学习中文;而他的外孙女现在已能同来自北京的老师用中文自如交流。(完)
1. 6月18日,第28届圣彼得堡国际经济论坛开幕,俄罗斯总统普京会见新华社等14家出席论坛的世界主要通讯社负责人。新华社记者 曹阳 摄