Asia
တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး တောင်ကိုရီးယား၌ ကျင်းပ

အင်ချွန်း၊ တောင်ကိုရီးယား၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၁၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီး ဟန်ကျွင့်၊ တောင်ကိုရီးယားနိုင်ငံ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီး Song Mi-ryung ၊ ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Koizumi Shinjiro နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး အတွင်းရေးမှူးချုပ် Lee Heesup တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးသည် ၇ နှစ်ကြာပြီးမှ ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ယခင် အစည်းအဝေးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်အစည်းအဝေးတွင် သုံးနိုင်ငံမှ စိုက်ပျိုးရေးဝန်ကြီးများက စားနပ်ရိက္ခာဖူလုံရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စဉ်ဆက်မပြတ် စိုက်ပျိုးရေးလုပ်ငန်း၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး စိုက်ပျိုးရေး ယဉ်ကျေးမှုအမွေအနှစ် ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် အဓိကဆွေးနွေးမှုအကြောင်းအရာ ၆ ရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက်နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ရာသီဥတု အကျပ်အတည်း၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါ ပျံ့နှံ့မှု၊ ထောက်ပံ့မှုကွင်းဆက် မတည်ငြိမ်မှု စသည့် စိုက်ပျိုးရေးကဏ္ဍ၏ ပေါင်းစပ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သုံးနိုင်ငံက သတင်းအချက်အလက် မျှဝေမှုနှင့် အတူတကွရင်ဆိုင်မှု၏ အရေးကြီးမှုနှင့်စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ပြီး စမတ်စိုက်ပျိုးရေး၊ အစိမ်းရောင် ကာဗွန်နည်း စိုက်ပျိုးရေးလုပ်ငန်း၊ လူငယ်စိုက်ပျိုးရေး လူရည်ချွန် ပျိုးထောင်ရေး စသည်တို့နှင့်ပတ်သက်ပြီး အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သော ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လုပ်ဆောင်ရန် သဘောတူခဲ့သည်။
ဟန်ကျွင့်က လက်ရှိတွင် နိုင်ငံတကာဆက်ဆံရေး ရှုပ်ထွေး၍ အပြောင်းအလဲများကာ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ဦးမော့လာကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုများ ဆိုးရွားလာပြီး တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်မှုသည် ဘုံစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့်အတူ ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်များ စုစည်းကာ တစ်ပြေးညီလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအား ဘက်စုံပြန်လည်စတင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည် ပိုမိုအားကောင်းသော၊ ကဏ္ဍပိုမိုကျယ်ပြန့်သော၊ ဆက်သွယ်မှု ပိုမိုရင်းနှီးသော၊ အနှစ်သာရ ပိုမိုပြည့်ဝသော တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်ကို ကြိုးပမ်းတည်ဆောက်၍ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက် တိုးတက်စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်စွာ အတူတကွ အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ်အစည်းအဝေးကို အခါအခွင့်အဖြစ် အသုံးပြု၍ သုံးနိုင်ငံအနေဖြင့် ဒေသတွင်း စိုက်ပျိုးရေး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ဝင်ရောက်ရန် အတူတကွ ကြိုးပမ်းတွန်းအားပေးကာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်အား လက်တွဲတည်ဆောက်သွားရန် မျှော်လင့်ကြောင်း ဟန်ကျွင့်က ပြောကြားခဲ့သည်။
အစည်းအဝေးပြီးနောက် သုံးနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးများက ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ပြီး အစည်းအဝေးအား အချိန်မှန်၊ စနစ်တကျကျင်းပရန်အတွက် သဘောတူညီခဲ့ကြသည်။ နောက်တစ်ကြိမ် တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ဂျပန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Koizumi Shinjiro ၊ တောင်ကိုရီးယားနိုင်ငံ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီး Song Mi-ryung ၊ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီး ဟန်ကျွင့် (ဝဲမှယာ) တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
中日韩农业部长会议在韩国召开
新华社韩国仁川8月12日电(记者黄昕欣 陈怡)第四届中日韩农业部长会议11日在韩国仁川召开。中国农业农村部部长韩俊、韩国农林畜产食品部长官宋美玲、日本农林水产大臣小泉进次郎及中日韩合作秘书处秘书长李熙燮出席会议。
中日韩农业部长会议时隔7年重启,上届会议于2018年11月在北京召开。本届会议上,三国农业部长围绕粮食安全、动物疫病防控、可持续农业、乡村振兴、全球重要农业文化遗产合作、全球合作等六大核心议题进行了讨论,并就今后合作方向交换了意见。
面对气候危机、跨境传染病传播、供应链不稳定等农业领域的复合挑战,三方在信息共享与共同应对的重要性上达成共识,并同意围绕智慧农业、绿色低碳农业、新农人培育等扩大互补性合作。
韩俊表示,当前国际关系复杂多变,单边主义和保护主义抬头,全球气候变化加剧,中日韩农业农村的发展面临共同挑战。中方愿意与日韩一道,坦诚对话,凝聚共识,采取一致行动,推动农业合作全面重启,努力构建韧性更强、领域更广、联系更紧密、内涵更丰富的中日韩农业合作新格局,共同为促进地区农业农村的振兴繁荣和发展作出积极贡献。
韩俊说,希望以本次会议为契机,三方共同努力推动地区农业务实合作迈上新台阶,携手构建农业合作新格局。
会后,三国农业部长签署了联合公报,并就定期、制度化举行会议达成共识。下届中日韩农业部长会议将在日本召开。(完)
1、8月11日,在韩国仁川,日本农林水产大臣小泉进次郎、韩国农林畜产食品部长官宋美玲、中国农业农村部部长韩俊、中日韩合作秘书处秘书长李熙燮(从左至右)在第四届中日韩农业部长会议前合影。新华社记者 黄昕欣 摄
2、8月11日,在韩国仁川,日本农林水产大臣小泉进次郎、韩国农林畜产食品部长官宋美玲、中国农业农村部部长韩俊(从左至右)在第四届中日韩农业部长会议后参加新闻发布会。新华社记者 黄昕欣 摄