Connect with us

Europe

ရုရှားအနေဖြင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှု၏ ချိတ်ဆက် ပူးပေါင်း‌ဆောင်ရွက်မှုအား တစ်ဆင့်တိုး တွန်းအားပေးလိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကရင်မလင်နန်းတော်နှင့် St. Basil's Cathedral ခရစ်ယာန် ဘုရားရှိခိုးကျောင်းတို့အား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရုရှားအနေဖြင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှု၏ ချိတ်ဆက် ပူးပေါင်း‌ဆောင်ရွက်မှုအား တစ်ဆင့်တိုး တွန်းအားပေးလိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Alexey Fadeyev က ဩဂုတ် ၁၃ ရက်တွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

EAEU အဖွဲ့ဝင်နိုင်ငံအနေဖြင့် ရုရှားသည် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ EAEU နှင့် တရုတ်နိုင်ငံမှ အဆိုပြုသော “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတည်ဆောက်မှု ချိတ်ဆက်သည့် မူဘောင်အောက်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစေသွားမည်ဖြစ်ရာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ဝင်ရောက်မှုကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း Alexey Fadeyev က ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းထောက်‌ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် EAEU နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှုအား ချိတ်ဆက်ခြင်းကို ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ အရေးကြီး အစိတ်အပိုင်းအဖြစ် ရှုမြင်ကြောင်း Alexey Fadeyev က ဆိုသည်။
တရုတ်နိုင်ငံမှ ကျင်းပသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတည်ဆောက်ခြင်း သက်ဆိုင်ရာဖိုရမ် လှုပ်ရှားမှုများကို ရုရှားက ပုံမှန်တက်ရောက်နေကြောင်း၊ အဆိုပါအဆိုပြုချက်သည် ရုရှားဘက်က ယူရေးရှားကုန်းမြေကြီး တစ်သားတည်းဖြစ်မှု တည်ဆောက်ခြင်း အယူအဆနှင့် ကိုက်ညီသည်ဟု ယူဆကြောင်း၊ ရုရှား-တရုတ်က အယူအဆချိတ်ဆက်မှုများ မြှင့်တင်ခြင်းသည် အပြန်အလှန် ချိတ်ဆက်မှု ဖော်ဆောင်ရန်အတွက် အကျိုးပြုကာ “Greater Eurasian Partnership” ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
俄外交部:俄方愿进一步推动欧亚经济联盟与共建“一带一路”对接合作
新华社莫斯科8月13日电(记者赵冰)俄罗斯外交部信息与出版司副司长法捷耶夫13日在外交部例行记者会上表示,俄方愿进一步推动欧亚经济联盟与共建“一带一路”对接合作。
法捷耶夫当天在记者会上回答新华社记者提问时说,作为欧亚经济联盟成员国,俄罗斯与其他成员国一道,在欧亚经济联盟与中方提出的共建“一带一路”倡议对接框架下,不断深化同中国的合作,旨在推动对接合作达到新高度。
法捷耶夫说,俄方将欧亚经济联盟与共建“一带一路”对接视为俄中新时代全面战略协作伙伴关系的重要组成部分。俄方定期出席中方举办的共建“一带一路”倡议相关论坛活动,认为该倡议与俄方关于欧亚大陆一体化建设理念相契合。俄中加强理念对接有助于实现互联互通,推动“大欧亚伙伴关系”发展。(完)
图说:这是4月21日在俄罗斯莫斯科拍摄的克里姆林宫和圣瓦西里教堂。新华社记者曹阳摄