Connect with us

Asia

၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျင်းပ

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၁၅ ရက်က ယူနန်ပြည်နယ် အန်းနင်မြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတ်ငီယမ်ဖုန်တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပရက်ဆုတ်ခ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ထောင်ဆာဗန်ဖုန်ဗီဟေး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဗွီသန်းစွန်းတို့ တက်ရောက်ခဲ့ကြစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၁၅ ရက်က ယူနန်ပြည်နယ် အန်းနင်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတ်ငီယမ်ဖုန်တို့က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ကာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပရက်ဆုတ်ခ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ထောင်ဆာဗန်ဖုန်ဗီဟေး၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဗွီသန်းစွန်း တို့တက်ရောက်ခဲ့ကြသည်။
ဝမ်ရိက ၁၀ နှစ်တာ ကာလတစ်လျှောက်တွင် နိုင်ငံ ၆ နိုင်ငံတို့သည် ခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို ဂရုတစိုက် လက်တွေ့ဖော်ဆောင်ခဲ့ကြပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိသော အမြန်လမ်းကြောင်းသို့ ဝင်ရောက်လာခဲ့ကာ ဒေသတွင်း၌ အတက်ကြွဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာအရှိဆုံးသော ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်း၊ စမှတ်အသစ်၌ ရပ်တည်နေရာတွင် ဘက်အသီးသီးအနေဖြင့် စည်းလုံးညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု၊ အစိမ်းရောင် ဆန်းသစ်တီထွင်မှု၊ ငြိမ်းချမ်းမှုနှင့်အေးချမ်းမှုတို့ပါဝင်သည့် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဗားရှင်း ၂.၀” ကို တည်ဆောက်ရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင် ဆယ်စုနှစ်သစ်ကို အတူတကွ စတင်ရန်၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို မျက်နှာမူသော လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှအသိုက်အဝိုင်းကို အရှိန်မြှင့်တင်တည်ဆောက်ရန် အားထုတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက အကြံပြုချက် ၄ ရပ်ကိုအဆိုပြုခဲ့သည်။ ထိပ်တန်းအလွှာမှ ပုံဖော်ရေးဆွဲခြင်းကို အားဖြည့်ကာ ယန္တရား ဖွံ့ဖြိုးတိုးတက်ရေး “မောင်းနှင်ရာ ဦးတည်ချက် စတီယာရင်” ကို တည်ငြိမ်စွာ ထိန်းသိမ်းရန်၊ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို လက်ကိုင်ထားပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများအား “ဂီယာအရှိန်မြှင့်” ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှု “ဘေးကင်းလုံခြုံရေးခါးပတ်” ကို တပ်ဆင်ထားရန်၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို နီးကပ်စွာဆောင်ရွက်ပြီး အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု “အရှိန်မြှင့်တင်ရေး” ကို ဖြည့်တင်းရန် ၎င်းက အဆိုပြုခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာကြသူများသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ၁၀ နှစ်တာ အောင်မြင်မှုများကို အထူးချီးကျူးဂုဏ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံ၏ အရေးပါသော ဦးဆောင်မှုအခန်းကဏ္ဍကို တန်ဖိုးထားချီးမွမ်းခဲ့ကြသည်။
ဘက်အသီးသီး အားလုံးအနေဖြင့် ရှုပ်ထွေးခက်ထန်သော နိုင်ငံတကာအခြေအနေများနှင့် ရင်ဆိုင်ရာတွင် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာဆောင်ရွက်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ခိုင်မြဲစွာ ကိုင်စွဲရန်၊ လွတ်လပ်စွာကုန်သွယ်မှုကို ထိန်းသိမ်းကာကွယ်ရန်၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တိုက်ဖျက်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းကာကွယ်ရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးတွင် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်တာ လုပ်ငန်းစီမံချက် (၂၀၂၃- ၂၀၂၇) ၂၀၂၄ ခုနှစ် လက်တွေ့ဖော်ဆောင်ရေး တိုးတက်မှု အစီရင်ခံစာ”၊ “၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ ပံ့ပိုးပေးသည့် စီမံကိန်းများစာရင်း” ၊ “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်တွင် သမားရိုးကျမဟုတ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်ခြင်း၏ တိုးတက်မှု၊ စိန်ခေါ်မှုနှင့် လမ်းကြောင်း အားကောင်းစေရေး” စသည့် အောင်မြင်မှုစာရွက်စာတမ်း ၃ စုံကို ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
澜沧江-湄公河合作第十次外长会在云南举行
新华社昆明8月15日电(记者董雪、彭奕凯)澜沧江-湄公河合作第十次外长会15日在云南安宁举行。中共中央政治局委员、外交部长王毅和泰国外长玛里共同主持会议,柬埔寨副首相兼外交大臣布拉索昆、老挝外长通沙万、缅甸外长丹穗、越南副总理兼外长裴青山出席。
王毅说,10年来,六国认真落实领导人重要共识,澜湄合作迈入全面发展快车道,成为区域最具活力和发展潜力的合作机制。站在新的起点上,各方要致力于打造团结合作、开放共赢、绿色创新、和平安宁的“澜湄合作2.0版”,共同开启澜湄合作新的黄金10年,加快构建面向和平与繁荣的澜湄国家命运共同体。
王毅提出四点建议:加强顶层设计,把稳机制发展“方向盘”;坚持创新发展,挂上务实合作“加速挡”;深化执法合作,系牢和谐稳定“安全带”;密切人文交流,添加睦邻友好“助推剂”。
与会各方高度评价澜湄合作10年成就,赞赏中方重要引领作用。各方一致认为,面对复杂严峻的国际形势,要密切各领域合作,坚守多边主义,维护自由贸易,打击跨境犯罪,共同应对挑战,维护地区和平稳定繁荣。
会议发布《澜湄合作五年行动计划(2023-2027)2024年度落实进展报告》《2025年度澜湄合作专项基金支持项目清单》《澜湄合作机制下加强非传统安全合作的进展、挑战与路径》3份成果文件。(完)
图说:8月15日,澜沧江-湄公河合作第十次外长会在云南安宁举行。中共中央政治局委员、外交部长王毅和泰国外长玛里共同主持会议,柬埔寨副首相兼外交大臣布拉索昆、老挝外长通沙万、缅甸外长丹穗、越南副总理兼外长裴青山出席。新华社记者 高咏薇 摄