Connect with us

Europe

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်နှင့်စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ဗြိတိန်နိုင်ငံတွင် ကျင်းပ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ငြိမ်းချမ်းရေးကျောက်တိုင်ရှေ့တွင် စစ်မှုထမ်းဟောင်းနှစ်ဦးက စစ်ပွဲအတွင်း ကျဆုံးခဲ့သူများအား အလေးပြုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံသည် ဩဂုတ် ၁၅ ရက်တွင် Staffordshire စီရင်စုရှိ အမျိုးသား အထိမ်းအမှတ် ရုက္ခဗေဒဥယျာဉ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်နှင့်စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဗြိတိန်ဘုရင် တတိယချားလ်စ်နှင့် မိဖုရား ကမ်မီလာ၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား စသည့် တော်ဝင်မိသားစုဝင်များနှင့် အစိုးရအဓိကအရာရှိများ တက်ရောက်ခဲ့ကြသည်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီတွင် ဗြိတိန်နိုင်ငံ တစ်နိုင်ငံလုံး ၂ မိနစ် ငြိမ်သက်ခြင်းဖြင့် ဂါရဝပြုခဲ့သည်။ ဒေသစံတော်ချိန် ည ၉ နာရီတွင် ဗြိတိန်နိုင်ငံ နေရာအများအပြားတွင် ဘယ်ကင်ဟမ်နန်းတော်၊ ဒေါင်းနင်းလမ်း အမှတ် (၁၀) ၊ လွှတ်တော်အဆောက်အဦနှင့် လန်ဒန်ရဲတိုက်ကြီး စသည်တို့အပါအဝင် အထင်ကရ အဆောက်အဦများကို အထိမ်းအမှတ် မီးထွန်းခဲ့သည်။
တတိယချားလ်စ်က ဩဂုတ် ၁၅ ရက် အစောပိုင်း၌ အမှာစကားပြောကြားရာတွင် ဒုတိယကမ္ဘာစစ် အရှေ့ဖျားစစ်မြေပြင်၌ တိုက်ပွဲဝင်၍ ကျဆုံးခဲ့သူများကို မည်သည့်အခါတွင်မျှ မေ့ပျောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က တစ်ခါမျှ ပခုံးချင်းယှဉ်၍ တိုက်ပွဲမဝင်ခဲ့ဖူးသည့် နိုင်ငံနှင့် အစုအဖွဲ့များသည် တောတောင်ရေမြေများ၊ ဘာသာရေးကွာဟမှုနှင့် ယဉ်ကျေးမှု အတားအဆီးများကို ကျော်ဖြတ်ကာ အရှေ့ဖျားစစ်မြေပြင်တွင် တစ်ပြေးညီညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း အလေးထား ပြောကြားခဲ့သည်။
“စစ်မက်ကာလမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းတဲ့ကာလမှာပဲဖြစ်ဖြစ် အင်အားအကြီးဆုံးက လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ လက်နက်မဟုတ်ပါဘူး။ တစ်ပြေးညီစည်းလုံးညီညွတ်တဲ့ အင်အားပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ငြိမ်းချမ်းရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်ဂါရဝပြုခြင်းအခမ်းအနား တက်ရောက်နေသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဘယ်ကင်ဟမ်နန်းတော်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်နှင့်စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် မီးထွန်းထားပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————-
(Chinese Version)
英国举行仪式纪念二战对日作战胜利80周年
新华社伦敦8月15日电(记者郑博非 赵家淞)英国15日在位于斯塔福德郡的国家纪念植物园举行仪式,纪念二战对日作战胜利80周年。英国国王查尔斯三世与王后卡米拉、英国首相斯塔默等王室成员及政要出席仪式。
当地时间中午12时,英国全国默哀两分钟。当地时间21时,英国多地将点亮数百座地标建筑作为纪念,包括白金汉宫、唐宁街10号、议会大厦以及伦敦塔等。
查尔斯三世15日稍早发表讲话说,在二战远东战场作战和牺牲的人们将永远不会被遗忘。他强调,之前从未并肩作战过的国家与群体,跨越千山万水、宗教差异与文化隔阂,在远东战场协调一致。“无论是在战争年代,还是在和平时期,最强大的并非手中所持的武器,而是团结一致的力量。”(完)
1、8月15日,在英国伦敦和平纪念碑前,两名老兵向在战争中牺牲的人们致敬。新华社记者 李颖 摄
2、8月15日,人们站在英国伦敦和平纪念碑前参加默哀仪式。新华社记者 李颖 摄
3、8月15日,位于英国伦敦的白金汉宫被点亮。新华社发(雷伊·唐摄)