Connect with us

North America

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သောဧည့်သည်တော်များက ပြသထားသော ဓာတ်ပုံများအား ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” လက်မှတ်ရေးထိုးရာ နေရာ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ Herbst ဇာတ်ရုံတွင် ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် စုစုပေါင်း အပိုင်းကဏ္ဍ ၆၇ ခု၊ အဖိုးတန် သမိုင်းဓာတ်ပုံ ၁၀၀ နီးပါး ပြသထားရာ ဂျပန်ကျူးကျော်သူများအား ခုခံတော်လှန်ရန်အတွက် တရုတ်ပြည်သူများ၏ ခဲယဉ်းစွာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြပုံကို ထင်ဟပ်ပြသထားသည်။ ပြပွဲသည် လူမှုအသိုင်းအဝိုင်း အများပြည်သူများကို မျက်နှာမူ၍ ဩဂုတ် ၂၇ ရက် အထိ ဆက်တိုက် ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


——————–
(Chinese Version)
(新华视界)纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展在旧金山举行
新华社照片,旧金山(美国),2025年8月18日
纪念中国人民抗日战争暨世界反法西斯战争胜利80周年图片展在《联合国宪章》的签署地、位于美国加州旧金山的赫布斯特剧院举行。展览共展出67个展板、近百张珍贵历史照片,反映了中国人民为抗击日本侵略者进行的艰苦卓绝的斗争。展览面向社会公众开放,将持续至8月27日。
1. 8月17日,在美国加州旧金山,参加开幕式的来宾观看展出的照片。新华社记者 吴晓凌 摄