Connect with us

Asia

တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

၂၄ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
၂၄ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့သည် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးနှင့် နှစ်ဖက်ဆက်ဆံရေး စသည်တို့နှင့်စပ်လျဉ်း၍ ဘက်စုံနက်ရှိုင်းသော၊ ရလဒ်ကြွယ်ဝသော ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မိုဒီတို့၏ ကာဇန်တွေ့ဆုံဆွေးနွေးမှုသည် အရေးကြီး သဘောတူညီချက်များ ရရှိခဲ့ပြီး တရုတ်-အိန္ဒိယ ဆက်ဆံ‌ရေး တိုးတက်ကောင်းမွန်ရန်နှင့် နယ်နိမိတ်အရေးအား သင့်လျော်စွာ စီမံရန်အတွက် ဦးတည်ချက် လမ်းညွှန်နှင့် တွန်းအားပံ့ပိုးပေးခဲ့ကြောင်း၊ ယခုနှစ်အတွင်း နှစ်ဖက်ဆက်ဆံရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းဝင်ရောက်လျက်ရှိရာ နယ်စပ်ဒေသအခြေအနေ စဉ်ဆက်မပြတ် တည်ငြိမ်စွာတိုးတက်လာကြောင်း ပြောကြားခဲ့သည်။
အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် တရုတ်နှင့် အိန္ဒိယသည် အယူအဆချင်းတူညီ၍ ဘုံအကျိုးစီးပွား ကျယ်ပြန့်သဖြင့် အပြန်အလှန်ယုံကြည်၊ အပြန်အလှန်ပံ့ပိုးသင့်ကြောင်း၊ ယင်းမှသာ ထွန်းသစ်စနိုင်ငံကြီး နှစ်နိုင်ငံက ရှိသင့်သည့် အနေအထားဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် မိုဒီ တရုတ်နိုင်ငံသို့လာရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေး တက်ရောက်ခြင်းအား များစွာအလေးထားကြောင်း၊ အိန္ဒိယဘက်က ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ကြွစွာ အကျိုးဆောင်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-အိန္ဒိယဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို ဖွံ့ဖြိုးဆဲနိုင်ငံများစွာ၏ ဘုံမျှော်လင့်ချက်လည်း ဖြစ်ကြောင်း သမိုင်းနှင့် ဖြစ်ရပ်မှန်က ထပ်ခါတလဲ သက်သေထူခဲ့ပြီးဖြစ်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် လမ်းညွှန်ချက်အရ လမ်းကြောင်းနှစ်ခု တစ်ပြိုင်နက် ဖော်ဆောင်မှု၊ အပြန်အလှန်မြှင့်တင်မှု၊ ကောင်းမွန်သောလည်ပတ်မှု ဟူသည့် အယူအဆကို အရင်းခံ၍ နှစ်ဖက်ဆက်ဆံရေးနှင့် နယ်နိမိတ်အရေးအား ရှုမြင်စီမံရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် အပြန်အလှန်ယုံကြည်မှုအား မြှင့်တင်ကာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ရမည်ဖြစ်ကြောင်း၊ နယ်စပ်စီမံထိန်းချုပ်မှု၊ နယ်နိမိတ်သတ်မှတ်ရေး ဆွေးနွေးညှိနှိုင်းမှု၊ နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ်မှု စသည့် ကဏ္ဍများတွင် သဘောတူညီချက်များ စုစည်းရန်၊ ဦးတည်ချက်လားရာကို အတည်ပြုရန်၊ ရည်မှန်းချက်များ သတ်မှတ်ရန် အတူတကွ တွန်းအားပေးရမည်ဖြစ်ကြောင်း၊ အသေးစိတ် အရေးကိစ္စများအား လျော်ကန်စွာဖြေရှင်း၍ ပိုမိုများပြားသည့် အပြုသဘောဆောင်သော တိုးတက်မှုများ ဖော်ဆောင်ကာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာတိုးတက်ရေးအတွက် အကျိုးရှိသည့်အခြေအနေအား အဆက်မပြတ် ဖန်တီးပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Shri Ajit Doval က နှစ်နိုင်ငံ အကြီးအကဲများ၏ ကာဇန်တွေ့ဆုံဆွေးနွေးမှုသည် အိန္ဒိယ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာတိုးတက်ရန်အတွက် အချိုးအကွေ့ဖြစ်ကြောင်း၊ နှစ်ဖက်အပြန်အလှန် နားလည်သိရှိမှုသည် အပြုသဘောဆောင်သော ပြောင်းလဲမှုဖြစ်ပွားခဲ့ပြီး နယ်စပ်ဒေသ၌ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားသောကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိုးဖောက်သည့် တိုးတက်မှုရရှိခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံတကာအခြေအနေသည် မတည်မငြိမ်ဖြင့် လှုပ်ခတ်လျက်ရှိပြီး အိန္ဒိယ-တရုတ်သည် ဘုံစိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေသောကြောင့် နားလည်မှုတိုးမြှင့်၍ ယုံကြည်မှု နက်ရှိုင်းစေကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်နေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အစဉ်အမြဲကျင့်သုံးကြောင်း၊ ယခုနှစ်သည် အိန္ဒိယ-တရုတ် သံမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် မိုဒီက တရုတ်နိုင်ငံသို့ လာရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေး တက်ရောက်ရန် မျှော်လင့်နေကြောင်း၊ ယင်းသည် နှစ်ဖက်ဆက်ဆံရေးတွင် တိုးတက်မှုအသစ်များ ရရှိရန် တွန်းအားပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံက SCO အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် ထိပ်သီးအစည်းအဝေးအား ကောင်းမွန်စွာ ကျင်းပခြင်းအပေါ် အိန္ဒိယက ထောက်ခံအားပေးကြောင်း၊ အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြုသဘောဆောင်၍ လက်တွေ့ကျသော သဘောထားကို အရင်းခံကာ ချိတ်ဆက်ဆွေးနွေးမှုကို ထိန်းသိမ်းထားခြင်းဖြင့် နောက်ဆုံးတွင် နယ်နိမိတ်အရေးအား ဖြေရှင်းရန်အတွက် အခြေအနေများ အဆက်မပြတ် ပေါင်းစုထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်က နယ်နိမိတ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု၏ အစောပိုင်းရရှိမှုများနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးမှု ယန္တရား၏ အခန်းကဏ္ဍအား အပြည့်အဝအသုံးပြုကာ ၂၀၀၅ ခုနှစ်တွင် ရရှိထားသည့် နိုင်ငံရေးလမ်းညွှန်မှု အခြေခံမူအရ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု စိတ်ဓာတ်အား အရင်းခံပြီး တရားမျှတ၍ လျော်ကန်သော၊ နှစ်ဖက်လုံးက လက်ခံနိုင်သော ဖြေရှင်းရေးနည်းလမ်းအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် နယ်စပ်ဒေသ ပုံမှန်စီမံထိန်းချုပ်မှုကို မြှင့်တင်၍ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် အေးချမ်းမှုအား အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ၂၅ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဆွေးနွေးသတ်မှတ်ခဲ့ကြသည်။
နှစ်ဖက်က အတူတကွဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
中印举行边界问题特别代表会晤
新华社新德里8月19日电(记者陈冬书 伍岳)当地时间2025年8月19日,中印边界问题特别代表第24次会晤在新德里举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行了全面深入、富有成效的沟通。
王毅表示,习近平主席同莫迪总理喀山会晤达成重要共识,为中印关系改善和妥处边界问题指明了方向、提供了动力。今年以来,双边关系进入稳步发展轨道,边境局势持续稳定向好。作为两大邻国、两大发展中国家,中印理念相通,共同利益广泛,理应相互信任、相互支持,这才是两个新兴大国的应有状态。中方高度重视莫迪总理赴华出席上海合作组织天津峰会,期待印方为峰会成功举行作出积极贡献。
王毅强调,历史和现实一再证明,中印关系健康稳定发展符合两国人民根本利益,也是广大发展中国家的共同期待。双方应按照两国领导人战略指引,秉持双轨并进、相互促进、良性循环的思路看待和处理双边关系和边界问题,通过对话沟通增进互信,扩大交流合作,共同推动在边境管控、划界谈判、跨境交流等方面汇聚共识、明确方向、设定目标,妥善解决具体问题,取得更多积极进展,为两国关系改善发展不断营造有利条件。
多瓦尔表示,两国领导人喀山会晤是印中关系改善发展的转折点,双方相互认知发生积极变化,边境地区保持和平安宁,两国关系取得突破性进展。当前国际形势动荡不安,印中面临一系列共同挑战,有必要增进理解、深化信任、加强合作,这关乎两国人民福祉与世界和平发展。印方一贯坚持一个中国政策。今年是印中建交75周年。莫迪总理期待赴华出席上海合作组织天津峰会,相信这将推动双边关系取得新的发展。印方支持中方作为上合组织轮值主席国办好峰会。印方愿同中方本着积极务实的态度,保持沟通对话,为最终解决边界问题不断积累条件。
双方就边界谈判早期收获交换了意见,重申将充分发挥特别代表会晤机制作用,按照2005年达成的政治指导原则,本着相互尊重、相互谅解精神,探讨公平合理和双方均能接受的解决方案。与此同时,加强边境常态化管控,共同维护边境地区和平安宁。双方商定明年在中国举行中印边界问题特别代表第25次会晤。
双方还就共同关心的重大国际和地区问题交换意见。(完)
图说:当地时间2025年8月19日,中印边界问题特别代表第24次会晤在新德里举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行了全面深入、富有成效的沟通。 新华社记者 陈冬书 摄