Connect with us

Asia

တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ် အခမ်းအနားမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သည်။ ဖိုရမ်သည် လုံခြုံရေးအကာအကွယ်များ အခိုင်အမာတည်ဆောက်ရေး၊ ဒေသတွင်းခရီးသွားကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီအားဖြည့်ပေးရေးနှင့်စပ်လျဉ်း၍ လက်တွေ့ဖြေရှင်းမှုနည်းလမ်း၊ ယန္တရားအသွင် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးတို့အား စူးစမ်းလေ့လာရှာဖွေခဲ့ကြသည်။

ယခုအကြိမ်ဖိုရမ်ကို တရုတ်-အာဆီယံ စင်တာ (ACC) ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လန်ချန်း-မဲခေါင် ဘက်စုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) တို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။
တရုတ်-အာဆီယံ စင်တာ (ACC) အထွေထွေအတွင်းရေးမှူးချုပ် စီကျုံးကျွင့်က အမှာစကားပြောကြားရာတွင် အာဆီယံခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် အထိုက်အလျောက်ပြန်လည် ရှင်သန်လာခဲ့ကြောင်း၊ သို့သော် ဘေးကင်းလုံခြုံရေးအန္တရာယ်၊ ဆက်သွယ်ရေးလိမ်လည်မှု၊ သတင်းတုသတင်းမှားနှင့် ဒေသတွင်း ပဋိပက္ခ စသည့် အရေးကိစ္စများက လူထု၏ယုံကြည်မှုကို သက်ရောက်မှုရှိဆဲဖြစ်သလို ခရီးသွားလုပ်ငန်းတိုးတက်မှုကို အကန့်အသတ် ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ ထို့အပေါ် ၎င်းက အကြုံပြုချက် ၄ ရပ် အဆိုပြုခဲ့ရာတွင် ဒေသတွင်းမူဝါဒနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဘေးကင်းလုံခြုံရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို စုစည်းစီမံရန်၊ ခရီးသွားလုပ်ငန်းစွမ်းရည်တည်ဆောက်မှုကို တိုးမြှင့်ရန်၊ ဒစ်ဂျစ်တယ်အသွင် ဆန်းသစ်ဖန်တီးမှုနှင့် စီမံခန့်ခွဲမှုကို မြှင့်တင်ရန်တို့ ပါဝင်ကြောင်း သိရသည်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က အမှာစကားပြောကြားရာတွင် အာဆီယံနိုင်ငံ အသီးသီးက အတူတကွ တာဝန်ထမ်းဆောင်သင့်ကြောင်း၊ လုံခြုံရေးအာမခံချက်မြှင့်တင်ရန်၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန် လက်တွဲဆောင်ရွက်ရမည်ဖြစ်သလို ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး၍ လူမှုယဉ်ကျေးမှု အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆီယံနှင့် တရုတ်နိုင်ငံသည် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အလားအလာ ဧရာမကြီးမားကြောင်း၊ တရုတ်နိုင်ငံနှင့် ခရီးသွားလာရေး ဘေးကင်းလုံခြုံမှု ပူးပေါင်းဆောင်ရွက်ခြင်းကို အခိုင်အမာတိုးမြှင့်သင့်ကာ ဘုံဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောသည့် စံနမူနာကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကားပြောကြားရာတွင် အဆင့်မြင့် ခရီးသွားနေရာ ဘေးကင်းလုံခြုံရေးစနစ်ကို အားထားတည်ဆောက်သင့်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ ဘေးကင်းလုံခြုံရေးစွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ဘက်စုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (LMLECC) ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ly Davuth က LMLECC အနေဖြင့် “နေပြည်တော်ကြေညာချက်” စသည့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်များကို အားထား၍ သတင်းအချက်အလက် ထောက်လှမ်းမျှဝေခြင်း၊ ပူးတွဲလှုပ်ရှားခြင်း စသည့် ဘက်စုံထောင့်စုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ဘက်ပေါင်းစုံအနေဖြင့် ယခုအကြိမ်ဖိုရမ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေပြီး တရုတ်-အာဆီယံ အတူ ဘေးကင်းလုံခြုံ၍ လွယ်ကူအဆင်ပြေသော၊ စဉ်ဆက်မပြတ်ဖြစ်သော ခရီးသွားပတ်ဝန်းကျင် တည်ဆောက်ရေးကို တွန်းအားပေးကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဖိုရမ်ကျင်းပသည့်ကာလတွင် ဖိုရမ်သို့တက်ရောက်သော ဘက်ပေါင်းစုံက ဒေသတွင်း ဘေးကင်းလုံခြုံရေး စိန်ခေါ်မှုနှင့် ရင်ဆိုင်ဖြေရှင်းမှု၊ မူဝါဒ ညှိနှိုင်းမှုနှင့် နိုင်ငံအလိုက် အကောင်အထည်ဖော်မှု၊ ခရီးသွားရဲတပ်ဖွဲ့ မွမ်းမံလေ့ကျင့်မှု၊ နည်းပညာသစ်အသုံးပြု၍ ဘေးကင်းလုံခြုံသည့် ခရီးသွားဂေဟစနစ်နှင့် စီမံခန့်ခွဲခြင်းပုံစံ တည်ဆောက်မှု စသည်တို့အား အဓိကထား၍ ဆွေးနွေးဖလှယ်ခဲ့ကြပြီး တရုတ်-အာဆီယံစင်တာ (ACC) အဆိုပြုသည့် ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ကို အတည်ပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်တွင် တရုတ်-အာဆီယံ စင်တာ အထွေထွေအတွင်းရေးမှူးချုပ် စီကျုံးကျွင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်တွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်တွင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလာရေး ဘေးကင်းလုံခြုံမှုဖိုရမ်တွင် လန်ချန်း-မဲခေါင် ဘက်စုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စင်တာ (LMLECC) ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ly Davuth အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
中国-东盟旅游安全论坛在缅甸仰光举行
新华社仰光8月25日电(记者黎广滔 张东强)中国-东盟旅游安全论坛25日在缅甸仰光举行。论坛就筑牢安全屏障、助力区域旅游和发展繁荣,探索务实解决方案、建立机制性合作。
本次论坛由中国-东盟中心、缅甸饭店和旅游部及澜沧江-湄公河综合执法安全合作中心共同主办。
中国-东盟中心秘书长史忠俊致辞说,东盟旅游业在新冠疫情后有所复苏,但安全风险、电信诈骗、虚假信息及地区冲突等问题仍影响公众信任,制约旅游业发展,并就此提出四点建议,包括深化区域政策与安全合作、统筹安全与可持续发展、提升旅游能力建设、促进数字化创新与治理。
东盟秘书长高金洪在视频致辞中表示,东盟各国应共担责任,携手提升安全保障、深化安全合作,推动旅游发展、增进人文互信。东盟与中国旅游合作潜力巨大,应坚定推进与中国旅游安全合作,打造共同发展繁荣的典范。
缅甸饭店和旅游部兼体育和青年事务部部长杰鹏瑙当表示,应着力构建高标准的旅游目的地安全体系,推动旅游和经济发展,缅甸将积极深化缅中合作,不断提升旅游安全保障能力。
澜湄综合执法安全合作中心副秘书长李大吴表示,中心将依托《内比都宣言》等合作框架,通过情报共享、联合行动等多维协作,护航区域旅游发展,希望各方以本次论坛为契机,深化安全合作,推动中国-东盟共建安全便捷、可持续的旅游环境。
论坛期间,与会各方围绕区域安全挑战及应对、政策协同与国别实践、旅游警察培训、利用新技术构建安全旅游生态和治理模式等进行了研讨交流,并通过了中国-东盟中心提出的旅游安全合作倡议。(完)
1. 这是8月25日在缅甸仰光拍摄的中国-东盟旅游安全论坛现场。新华社发(苗觉梭摄)
2. 8月25日,中国-东盟中心秘书长史忠俊在缅甸仰光举行的中国-东盟旅游安全论坛上致辞。新华社发(苗觉梭摄)
3. 8月25日,东盟秘书长高金洪在缅甸仰光举行的中国-东盟旅游安全论坛上发表视频致辞。新华社发(苗觉梭摄)
4. 8月25日,缅甸饭店和旅游部兼体育和青年事务部部长杰鹏瑙当在缅甸仰光举行的中国-东盟旅游安全论坛上致辞。新华社发(苗觉梭摄)
5. 8月25日,澜湄综合执法安全合作中心副秘书长李大吴在缅甸仰光举行的中国-东盟旅游安全论坛上致辞。新华社发(苗觉梭摄)