Connect with us

Africa & Middle East

“AI တိုးတက်လာမှုနှင့် သတင်းမီဒီယာလုပ်ငန်းအပေါ် သက်ရောက်မှု” မွမ်းမံသင်တန်းအား ဆင်ဟွာသတင်းဌာနက အာဖရိက၌ ကျင်းပ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကျင်းပသည့် “AI တိုးတက်လာမှုနှင့် သတင်းမီဒီယာလုပ်ငန်းအပေါ် သက်ရောက်မှု” မွမ်းမံသင်တန်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန အာဖရိကရုံးချုပ်ခွဲမှ ကြီးမှူးကျင်းပသည့် “AI တိုးတက်လာမှုနှင့် သတင်းမီဒီယာလုပ်ငန်းအပေါ် သက်ရောက်မှု” ခေါင်းစဉ်ဖြင့် သတင်းလုပ်ငန်း မွမ်းမံသင်တန်းကို ဩဂုတ် ၂၆ ရက်တွင် ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီ၌ ကျင်းပခဲ့သည်။ အဆိုပါမွမ်းမံသင်တန်းတွင် ကင်ညာ၊ အီသီယိုးပီးယား၊ ဘော့စ်ဝါနာ စသည့် အာဖရိကနိုင်ငံများမှ ပင်မမီဒီယာ ကိုယ်စားလှယ် ၁၀၀ နီးပါးသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။
ယခုအကြိမ် မွမ်းမံသင်တန်းသည် တရုတ်မီဒီယာက ပထမဆုံးအကြိမ် အာဖရိကမီဒီယာများအား မျက်နှာမူ၍ သတင်းလုပ်ငန်း ကူးလူးဖလှယ်သင်တန်းလုပ်ဆောင်ခြင်းဖြစ်ရာ မွမ်းမံသင်တန်းတွင် တစ်ကမ္ဘာလုံး ဉာဏ်ရည်တု (AI) တိုးတက်လာမှု နောက်ခံအခြေအနေ၌ သတင်းမီဒီယာလုပ်ငန်းက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာများက AI နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတင်းထုတ်လုပ်မှု အားဖြည့်ခြင်းအား မည်ကဲ့သို့မြှင့်တင်ခြင်းတို့နှင့်စပ်လျဉ်း၍ အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။
မွမ်းမံသင်တန်း၌ ဆင်ဟွာသတင်းဌာနက သတင်းမေးမြန်းတင်ဆက်မှု လုပ်ငန်းစဉ်အတွင်း AI နည်းပညာအား အသုံးပြုမှုကို မိတ်ဆက်ပေးခဲ့ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာများက AI ခေတ်တွင် သတင်းတု၊ သတင်းမှားများ ရင်ဆိုင်မှုအား မြှင့်တင်ရန်အတွက် ဖြေရှင်းရေးအတွေးအမြင်များ ပံ့ပိုးပေးခြင်းဖြင့် အာဖရိကမီဒီယာများ၏ စာတည်းမှူးများ၊ သတင်းထောက်များက လုပ်ငန်းပြောင်းလဲမှုအပေါ် လျော်ညီစွာ လုပ်ဆောင်ရန် ကူညီပေးခဲ့သည်။
ကင်ညာနိုင်ငံ စာတည်းများအသင်း အမှုဆောင်အရာရှိချုပ် Rosalia Omungo က မွမ်းမံသင်တန်း တက်ရောက်ပြီးနောက် ယခုအကြိမ် မွမ်းမံသင်တန်းသည် AI အကြောင်း နားလည်သိရှိရန်နှင့် ၎င်းပြုပြင်ပြောင်းလဲမှုဖြင့် အာဖရိကမီဒီယာလုပ်ငန်းကို အားဖြည့်ပေးရန်အတွက် အဖိုးတန်သော ရှုထောင့် ပံ့ပိုးပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံ၏ လက်တွေ့ဖော်ဆောင်မှုသည် အာဖရိကမီဒီယာများအတွက် မှီငြမ်းနိုင်သော စံနမူနာ ပံ့ပိုးပေးလိုက်ကြောင်း၊ သတင်းမီဒီယာလုပ်ကိုင်သူများအား မွမ်းမံလေ့ကျင့်ပေးမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းသည် AI နည်းပညာအပေါ် နားလည်သိရှိမှု အမှားများအား ဖယ်ရှားရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံ၏ သမိုင်းကြောင်းအကြာရှည်ဆုံး အင်္ဂလိပ်နေ့စဉ်သတင်းစာ “The Standard” အယ်ဒီတာ Patrick Vidija က ယခုအကြိမ် မွမ်းမံသင်တန်းမှတစ်ဆင့်ဉာဏ်လမ်းစများ များစွာ ပွင့်စေပြီး AI နှင့် ၎င်းအား သတင်းတင်ဆက်မှုတွင် အသုံးပြုမှုအား ပိုမိုကောင်းမွန်စွာ နားလည်သိရှိရန် အထောက်အကူပြုကြောင်း ချီးကျူးပြောကြားခဲ့သည်။
“ဒစ်ဂျစ်တယ်ကဏ္ဍမှာ အာဖရိကမီဒီယာတွေက AI နဲ့ ထိတွေ့မှုတွေ များပြားနေပါပြီ။ ဒီတစ်ခေါက် မွမ်းမံသင်တန်းက လက်တွေ့အသုံးပြုမှုနေရာအပေါ် ကျွန်တော်တို့နားလည်သိရှိမှုကို အချိန်မီ တိုးချဲ့ပေးလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
新华社在非举办“AI崛起及对新闻业影响”培训班
新华社内罗毕8月27日电(记者严钰景)由新华社非洲总分社主办、以“AI崛起及对新闻业影响”为主题的新闻业务培训班26日在肯尼亚首都内罗毕举行。近百名来自肯尼亚、埃塞俄比亚、博茨瓦纳等非洲国家的主流媒体代表通过线上线下方式参加了培训。
本次培训是中国媒体首次面向非洲媒体举办的新闻业务交流培训,培训聚焦全球AI(人工智能)崛起背景下新闻业面临的挑战,以及全球南方媒体如何加强AI技术合作赋能新闻生产。培训班介绍了新华社在新闻采编发流程中应用AI技术的做法,就如何加强全球南方媒体在AI时代应对虚假信息提供解决思路,帮助非洲媒体编辑、记者主动适应行业变革。
肯尼亚编辑协会秘书长罗萨莉娅·奥蒙戈在参加培训后表示,本次培训为理解AI及其变革赋能非洲媒体行业提供了宝贵视角,中国的实践为非洲媒体提供了可借鉴的范本,持续开展新闻工作者培训将有助于消除对AI技术的认知误区。
肯尼亚历史最悠久的英文日报《旗帜报》编辑帕特里克·维迪贾称赞本次培训令人深受启发,
有助于更好地理解AI及其在新闻报道中的应用。他表示:“在数字领域非洲媒体已频繁接触AI,这场培训及时拓宽了我们对应用场景的认知。”(完)
图说:这是8月26日在肯尼亚内罗毕拍摄的“AI崛起及对新闻业影响”培训班现场。新华社记者 李亚辉 摄