Connect with us

Asia

ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ထိုင်းစစ်တပ် တပ်ဆင်ထားသော သံဆူးကြိုး ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဆို

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်ရှိ နယ်စစ်စစ်ဆေးရေးဂိတ်တစ်နေရာကို ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Press/Handout via Xinhua)

ဖနွမ်းပင်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ထိုင်းစစ်တပ် တပ်ဆင်ထားသော သံဆူးကြိုးကို ကမ္ဘောဒီးယားဘက်က ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၅ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံက ဩဂုတ် ၄ ရက် Preah Vihear ပြည်နယ် An Sae ဒေသမှာ တရားမဝင် တပ်ဆင်ထားတဲ့ သံဆူးကြိုးကို ဖယ်ရှားလိုက်ပြီး သက်ဆိုင်ရာ စက်ယန္တရားတွေ ဩဂုတ် ၅ ရက် ညနေပိုင်းမှာ လုပ်ဆောင်မှု ရပ်တန့်ခဲ့ပါပြီ” ဟု Maly Socheata က ပြောကြားခဲ့သည်။ ယခုအကြိမ် ဖယ်ရှားခြင်းသည် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ စစ်တပ်တို့ ဆွေးနွေးစေ့စပ်ညှိနှိုင်းမှုပြီးနောက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

An Sae ဒေသသည် ကမ္ဘောဒီးယားနယ်နိမိတ်အတွင်းရှိကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ဇူလိုင် ၂၈ ရက်က အသက်ဝင်ပြီးနောက် အဆိုပါဒေသသည် ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းစစ်သည်က ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားစစ်တပ်၏ အပြင်းအထန်ကန့်ကွက်မှုကို မမှုဘဲ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ဝင်ရောက်ပြီး သံဆူးကြိုးများ တပ်ဆင်ခဲ့ကြောင်း Maly Socheata က အဆိုပါနေ့၌ ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
柬埔寨国防部:已拆除泰军在柬境内布设的铁丝网
新华社金边8月5日电(记者吴长伟)柬埔寨国防部发言人马莉淑洁达5日晚在新闻发布会上表示,柬方已拆除泰国军队在柬境内布设的铁丝网。
“泰方8月4日在柏威夏省安塞地区非法布设的铁丝网已被拆除,相关机械设备已于8月5日下午停止运行。”马莉淑洁达说,此次拆除是在柬泰两国军队讨论和谈判后进行的。
她表示,安塞地区位于柬埔寨境内,柬泰停火协议于7月28日午夜生效后,该地区由柬埔寨武装部队控制。
马莉淑洁达4日说,泰国士兵当天上午不顾柬军强烈反对,进入柬埔寨领土并布设铁丝网。泰方随后回应称,柬方所指地区为泰国领土。(完)
图说:这是8月1日拍摄的柬埔寨奥多棉吉省的一处边境检查站。新华社/柬新社

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.