Connect with us

International Organizations

အစ္စရေးက အန္တရာယ်များသည့်လုပ်ရပ် ချက်ချင်းရပ်တန့်ရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို အစ္စရေးဘက်ခြမ်းမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအရေးနှင့်စပ်လျဉ်းသည့် တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် အစ္စရေးက အန္တရာယ်များသည့်လုပ်ရပ်အား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

ဂါဇာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ကာ ယခင်ကမရှိခဲ့ဖူးသည့် သေဆုံးမှုနှင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း-အစ္စရေးနှစ်ဖက် အရပ်သားပြည်သူများအပေါ် မျှော်မှန်းရန် ခက်ခဲသည့် နာကျင်မှုများ သယ်ဆောင်ပေးခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ စစ်ရေးနည်းလမ်းသည် ပြဿနာအားဖြေရှင်းသည့် ထွက်ပေါက်မဟုတ်ဘဲ ချက်ချင်းအပစ်ရပ်မှုကသာ လူ့အသက်များကိုကယ်တင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အိမ်ပြန်နိုင်စေသည့် မှန်ကန်သောနည်းလမ်း ဖြစ်ကြောင်း ရက်စက်သည့် လက်တွေ့ဖြစ်ရပ်မှန်က သက်သေထူနေပြီဖြစ်သည်ဟု ၎င်းကဆိုသည်။

အစ္စရေးသည် စစ်ရေးတိုက်ခိုက်မှုအား အဆင့်မြှင့်တင်ပြီး ဂါဇာဒေသအား ဘက်စုံသိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်ဟု လတ်တလောကာလအတွင်း မီဒီယာများက သတင်းဖော်ပြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ၎င်းကဆိုသည်။

အစ္စရေးဘက်က ထိုကဲ့သို့ အန္တရာယ်များသည့်လုပ်ရပ်အား ချက်ချင်းရပ်တန့်ရန်၊ ဘက်ပေါင်းစုံက ထိန်းချုပ်မှုအားရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော အပစ်ရပ်ရေးသဘောတူညီချက်အား ချက်ချင်းရရှိရန်၊ သက်ဆိုင်သူများအပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများက တရားမျှတ၍ တာဝန်ယူမှုရှိသော သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေး တွန်းအားပေးရန်အတွက် လက်တွေ့ကျသည့် လှုပ်ရှားမှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ဂါဇာဒေသ၏ အပြစ်မဲ့အရပ်သားပြည်သူများသည် စစ်ပွဲကြောင့် ထိခိုက်နစ်နာသူများ မဖြစ်သင့်သလို လူ၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသောကပ်ဘေး၏ နှိပ်စက်မှုကို ထပ်မံမခံစားရသင့်ကြောင်း၊ လက်ရှိ အလွန်အမင်း ပိတ်ဆို့ခံထားရသည့် အကျပ်အတည်းအခြေအနေတွင် ဂါဇာဒေသ လူသားချင်းစာနာမှုကပ်ဘေးသည် အဆက်မပြတ်ဆိုးရွားလာပြီး ပြင်းထန်သောငတ်မွတ်ခေါင်းပါးမှုမှာ မျက်စိရှေ့မှောက် ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကူညီရေးပစ္စည်းများဝင်ရောက်မှုကို ကန့်သတ်ခြင်းသည် ဂါဇာဒေသပြည်သူများအပေါ် အစုအဖွဲ့လိုက် ပြစ်ဒဏ်ပေးမှုကို တစ်ဆင့်တိုး ဆိုးရွားစေမည်သာဖြစ်ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်သည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကလည်း အသက်ရှင်နေထိုင်ရန်ပစ္စည်းများ ရရှိရန် ပိုမိုခဲယဉ်းလာမည်ဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် နိုင်ငံတကာဥပဒေအားလိုက်နာကာ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ဝင်ရောက်မှုကို ဘက်စုံပြန်လည်ဖော်ဆောင်ပြီး ကုလသမဂ္ဂ စသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းများ ကူညီမှုလုပ်ဆောင်ခြင်းအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဘက်စုံအကောင်အထည်ဖော်ခြင်း၊ ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေး ဖော်ဆောင်ခြင်းသည် ပါလက်စတိုင်းအရေးကိစ္စအား ဖြေရှင်းရန် တစ်ခုတည်းသော မှန်ကန်သည့်နည်းလမ်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အခြေခံအား ထိပါးစေသည့် တစ်ဖက်သတ်လှုပ်ရှားမှုကို အတူတကွကန့်ကွက်ကာ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” နိုင်ငံရေးလုပ်ငန်းစဉ် တွန်းအားပေး ဖော်ဆောင်မှုကို အရှိန်မြှင့်တင်သင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဂါဇာဒေသစစ်မီးငြှိမ်းသတ်ရန်၊ လူသားချင်းစာနာမှု ကပ်ဘေးပြေလျော့ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရန် တွန်းအားပေး၍ နောက်ဆုံးတွင် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတစွာ၊ ရေရှည်ဖြစ်စွာ ဘက်စုံဖြေရှင်းရေးကို အကောင်အထည်ဖော်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသနယ်စပ် အစ္စရေးဘက်ခြမ်းတွင် လူသားချင်းစာနာမှု ကူညီရေးပစ္စည်းများ သယ်ဆောင်ထားသည့်ယာဉ်များ တန်းစီ၍ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
中国代表敦促以色列立即停止危险举动
新华社联合国8月5日电 中国常驻联合国副代表耿爽5日在安理会巴以问题公开会上发言,敦促以色列立即停止危险举动。
耿爽说,加沙冲突延宕已近两年,造成了前所未有的死亡和破坏,给巴以双方的平民都带来了难以想象的痛苦。残酷现实已经表明,军事手段不是解决问题的出路,立即停火才是拯救生命、让被扣押人员回家的正确方式。近日媒体报道,以色列决定升级军事进攻、全面占领加沙,中方对此表示严重关切。中方敦促以色列立即停止这种危险举动,敦促各方立即达成有约束力、可持续的停火协议,敦促对当事方有重要影响力的国家秉持公正负责任态度,采取切实行动推动停火。
他说,加沙无辜平民不应成为战争的受害者,更不应再遭受人为灾难的折磨。在当前的极端封锁围困下,加沙人道灾难持续加剧,严重饥荒已迫在眉睫。限制物资准入只会进一步加剧对加沙民众的集体惩罚,幸存被扣押人员也更难获得生存物资。以色列必须遵守国际法,全面恢复人道物资准入,支持联合国等人道机构开展援助。
他说,全面落实“两国方案”、实现巴勒斯坦独立建国,是解决巴勒斯坦问题的唯一正确途径。国际社会应当共同反对侵蚀“两国方案”基础的单边行动,加大力度推进“两国方案”政治进程。中方将继续同国际社会一道,努力推动平息加沙战火、缓解人道灾难、落实“两国方案”,最终实现巴勒斯坦问题的全面公正持久解决。(完)
图说1:这是7月29日从以色列一侧拍摄的加沙地带遭袭后升起浓烟。新华社发(吉尔·科恩·马根摄)
图说2:7月27日,在以色列与加沙地带边境以方一侧,载有人道主义物资的车辆排队进入加沙地带。新华社发(吉尔·科恩·马根摄)