Asia
စက်တင်ဘာလကုန်မှစ၍ တရုတ်နိုင်ငံအဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ဗီဇာကင်းလွတ်ခွင့် ကျင့်သုံးမည်ဟု တောင်ကိုရီးယား ထုတ်ပြန်ကြေညာ

ဆိုးလ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားအစိုးရသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တရုတ်နိုင်ငံအဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ပြည်ဝင်မှု ဗီဇာကင်းလွတ်ခွင့်ပေးသည့် ယာယီမူဝါဒ ကျင့်သုံးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် ကင်မင်-ဆော့ခ်က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ကင်မင်-ဆော့ခ်က ထိုနေ့တွင် ခရီးသွားလုပ်ငန်း နှိုးဆွပေးရေးဆိုင်ရာ မူဝါဒ အစည်းအဝေး ကြီးမှူးကျင်းပခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အား ကြေညာခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံအစိုးရမှ ထုတ်ပြန်သော သတင်းအရသိရသည်။ ယခုအကြိမ် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ကျင့်သုံးပြီးနောက် ခရီးသွားဧည့်သည်များ တောင်ကိုရီးယားသို့ လာရောက်ရန် လိုအပ်ချက်ကို တစ်ဆင့်တိုး နှိုးဆွပေးကာ ထိုမှတစ်ဆင့် ဒေသတွင်းစီးပွားရေး တိုးတက်လာစေပြီး ပြည်တွင်းဝယ်လိုအားကို လက်တွေ့ကျကျ လှုံ့ဆော်ပေးသွားမည်ဟု တောင်ကိုရီးယားအစိုးရ ဆိုသည်။
တောင်ကိုရီးယားက စက်တင်ဘာလကုန်မှစ၍ တရုတ်နိုင်ငံ အဖွဲ့လိုက်ခရီးသွားဧည့်သည်များအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းသည် တောင်ကိုရီးယားသို့ လာရောက်မည့် တရုတ်ခရီးသွားဧည့်သည်များအတွက် သတင်းကောင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သိုက်ပင်းကလည်း ထိုနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယမန်နှစ် နိုဝင်ဘာမှစ၍ တောင်ကိုရီးယားနိုင်ငံအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးမှုအား တစ်ဖက်သတ်ကျင့်သုံးခဲ့ရာ ထိုနောက်မှစ၍ တရုတ်-တောင်ကိုရီးယား လူပုဂ္ဂိုလ်များ သွားလာမှုသည် လျင်မြန်စွာတိုးတက်လာသည်ဟု အချက်အလက်များက ဖော်ပြနေကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားသည် အိမ်နီးချင်းများဖြစ်သည့်အလျောက် နှစ်နိုင်ငံပြည်သူများ မကြာခဏသွားလာဆက်ဆံမှုသည် အပြန်အလှန်နားလည်မှု မြှင့်တင်ရန်၊ ချစ်ကြည်ရေး နက်ရှိုင်းစေရန် အထောက်အကူပြုကြောင်း ၎င်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပင်းဟိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် T1 ပြည်ထွက်မှု စစ်ဆေးရေးခန်းမတွင် ပြည်ထွက်စစ်ဆေးမှု ခံယူရန် စောင့်ဆိုင်းနေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ပင်းဟိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် T1 ပြည်ထွက်မှု စစ်ဆေးရေးခန်းမတွင် ပြည်ထွက်စစ်ဆေးမှု ခံယူရန် စောင့်ဆိုင်းနေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော်၌ လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
韩国宣布9月底开始对中国团体游客免签
新华社首尔8月6日电(记者陆睿 黄昕欣)韩国国务总理金民锡6日说,从今年9月29日至明年6月30日,韩国政府将对中国团体游客实施临时性入境免签政策。
据韩国政府发布的消息,金民锡当天主持召开有关激活旅游的政策会议并宣布这一决定。韩国政府表示,此次免签政策实施后,预计将进一步激发游客访韩需求,从而带动地方经济,实质性刺激内需。
中国驻韩国大使戴兵当天在社交媒体上说,韩方宣布将于9月底开始对中国团体游客免签,这对访韩的中国游客来说是个好消息。中方自去年11月起对韩国试行单方面免签,数据显示此后中韩人员往来快速增长。中韩互为近邻,两国民众常来常往,有助于增进了解、深化友谊。(完)
1:7月9日,旅客抵达大连周水子国际机场。新华社记者 潘昱龙 摄
2、3:1月16日,旅客在天津滨海国际机场T1航站楼出境检查大厅等待办理出境查验手续。新华社记者 孙凡越 摄
4:2024年5月24日,游客在韩国首尔的青瓦台参观。新华社记者姚琪琳摄