Connect with us

Asia

တရုတ် “Jia Geng” သိပ္ပံသုတေသနသင်္ဘောက အင်ဒိုနီးရှားနိုင်ငံတွင် အများပြည်သူ လာရောက်လည်ပတ်မှုနေ့ လှုပ်ရှားမှု ကျင်းပ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် “Jia Geng” သိပ္ပံသုတေသနသင်္ဘောအား အများပြည်သူ လာရောက်လည်ပတ်ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှမန်တက္ကသိုလ်နှင့် အင်ဒိုနီးရှားနိုင်ငံ IPB တက္ကသိုလ်တို့သည် ဩဂုတ် ၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ “Jia Geng” သိပ္ပံသုတေသနသင်္ဘော အများပြည်သူ လာရောက်လည်ပတ်မှုနေ့ လှုပ်ရှားမှု ကျင်းပခဲ့သည်။

အဆိုပါလှုပ်ရှားမှု ကျင်းပနေစဉ်အတွင်း တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ သိပ္ပံသုတေသနအဖွဲ့အစည်း ကိုယ်စားလှယ်များက ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ လူရည်ချွန်ပျိုးထောင်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုတို့နှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးကြမည်ဖြစ်သည့်အပြင် သင်္ဘောပေါ်သို့ အတူတက်ရောက်၍ လေ့လာကြည့်ရှုကြမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသား သုတေသနနှင့် ဆန်းသစ်တီထွင်မှု အေဂျင်စီ (BRIN) ဒုတိယဥက္ကဋ္ဌ Amarulla Octavian က ပင်လယ်သမုဒ္ဒရာ အရင်းအမြစ်အား စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုသည် အင်ဒိုနီးရှားနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကမူ အဆိုပါရည်မှန်းချက်အား ဖော်ဆောင်သည့် အဓိကအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“Jia Geng” သိပ္ပံသုတေသနသင်္ဘောသည် ဩဂုတ် ၁၀ ရက်မှ ၂၆ ရက်အတွင်း အင်ဒိုနီးရှား သိပ္ပံသုတေသနအဖွဲ့အစည်းနှင့် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများနှင့် ပူးတွဲ၍ Subduction Zone ဘူမိဗေဒသုတေသနပြုလုပ်မှု လုပ်ဆောင်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုကို တွန်းအားပေးဖော်ဆောင်မည်ဖြစ်သောကြောင့် “အရေးကြီး အနက်အဓိပ္ပာယ်ရှိ” သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်လူထုန်က အမှာစကားပြောကြားရာတွင် ယခုအကြိမ် “Jia Geng” သင်္ဘော အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခြင်းသည် သိပ္ပံလေ့လာမှုနှင့် ပင်လယ်သမုဒ္ဒရာ သုတေသနပြုလုပ်မှုအတွက် အရည်အသွေး ကောင်းမွန်သည့် ပလက်ဖောင်း တည်ဆောက်ပေးလိုက်ကာ သိပ္ပံသုတေသနဝန်ထမ်းများအတွက် အဖိုးတန်သော သင်္ဘောပေါ် လက်တွေ့စမ်းသပ်ရန် အခြေအနေ ပံ့ပိုးပေးလိုက်ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ပင်လယ်သမုဒ္ဒရာနိုင်ငံကြီးများဖြစ်သည့်နည်းတူ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်ဆက်ဆံရေး မဏ္ဍိုင်များအနက် တစ်ခုဖြစ်ကြောင်း၊ နှစ်ဖက်က သိပ္ပံသုတေသန၊ ပညာရေး၊ အသိပညာပေးရေး စသည့်ကဏ္ဍများတွင် အရည်အသွေးမြင့်မားသည့် ရလဒ်များစွာထုတ်လုပ်ပေး၍ နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှမန်တက္ကသိုလ်၏ “Jia Geng” သိပ္ပံသုတေသနသင်္ဘောကို ၂၀၁၇ ခုနှစ်တွင် စတင်အသုံးပြုသည့်အချိန်မှစ၍ ရေမိုင် ၂၀၀,၀၀၀ ကျော် ခုတ်မောင်းခဲ့ပြီးဖြစ်ကာ သိပ္ပံပညာရှင် ၂,၀၀၀ ကျော် ပင်လယ်ရေပေါ် သိပ္ပံသုတေသနပြုလုပ်မှု လုပ်ဆောင်ရန် ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။

ရှမန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် စီတာ့လျင်က “Jia Geng” သင်္ဘော၏ ယခုအကြိမ် အင်ဒိုနီးရှားခရီးစဉ်တွင် အများပြည်သူလာရောက်လည်ပတ်မှုနေ့ လှုပ်ရှားမှုသာမက သက်ဆိုင်ရာဘက်များကလည်း အင်ဒိုနီးရှား အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများနှင့် ပညာရပ်ဆိုင်ရာနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသနခရီးစဉ်များလည်း ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

IPB တက္ကသိုလ် ပါမောက္ခချုပ် Dr. Arif Satria က သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာတွင် မိမိတို့တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း ဒါဇင်ချီသည် အဆိုပါသင်္ဘောနှင့်အတူ မလေးရှားနိုင်ငံသို့ သွားရောက်၍ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံမှ သိပ္ပံသုတေသနဝန်ထမ်းများနှင့်အတူ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သိပ္ပံသုတေသနပြုလုပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသို့ “Jia Geng” သင်္ဘောရောက်လာခြင်းသည် ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပေးလိုက်သည့်အပြင် ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်း သိပ္ပံသုတေသနပြုလုပ်မှုနှင့် ကမ်းရိုးတန်း သုတေသနပြုလုပ်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာအသစ်များ ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ “Jia Geng” သိပ္ပံသုတေသနသင်္ဘောရှေ့တွင် ဧည့်သည်တော်များ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က‌ တွေ့ရစဉ် (ဆင်ဟွာ)

 

——————–
(Chinese Version)
中国“嘉庚”号科考船在印尼举办开放日活动
新华社雅加达8月8日电(记者李富玉 曹凯)中国厦门大学与印度尼西亚茂物农业大学8日在雅加达联合举办“嘉庚”号科考船开放日活动。活动期间,中国和印尼科研机构代表围绕海洋科研合作、人才培养与文化交流展开深入探讨,并共同登船参观。
印尼国家研究与创新局副局长阿马鲁拉·奥克塔维安表示,海洋资源的可持续管理对印尼很重要,而研究与创新则是实现这一目标的关键。他提到,“嘉庚”号将于8月10日至26日与印尼科研机构及高校联合开展俯冲带地质研究,以推动灾害风险防范,“具有重要意义”。
中国驻印尼大使王鲁彤在致辞中指出,此次“嘉庚”号访问印尼,为科学发现和海洋研究搭建了优质平台,为科研人员提供了宝贵的船载实验条件。他说,中国和印尼同为海洋大国,海洋合作是双边关系支柱之一,期待双方在科研、教育、科普等领域产出更多高质量成果,造福两国人民。
厦门大学“嘉庚”号科考船自2017年投入使用以来,已航行逾20万海里,支撑了2000多名科学家开展海上科研。厦门大学副校长史大林说,“嘉庚”号本次印尼之行不仅包括开放日活动,有关方面还将与印尼高校开展学术与文化交流,并联合执行海洋科研航次。
茂物农业大学校长阿里夫·萨特里亚在接受记者采访时说,数十名本校学生将随船前往马来西亚,与来自中国和马来西亚的科研人员一道,进行海洋科学研究。他表示,“嘉庚”号到访印尼,不仅增进了学术交流与友谊,也为海洋与渔业科研及沿海研究开辟了新的合作空间。(完)
1、8月8日,在印度尼西亚雅加达,观众参观“嘉庚”号科考船。新华社记者 岑云鹏 摄
2、8月8日,在印度尼西亚雅加达,嘉宾在“嘉庚”号科考船前留影。新华社记者 岑云鹏 摄