Connect with us

North America

ထရမ့်၏ အမာခံထောက်ခံအားပေးသူ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းက “နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု” ဖြစ်သည်ဟု အမေရိကန်နိုင်ငံ ယူးတားပြည်နယ် အုပ်ချုပ်ရေးမှူး ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်နိုင်ငံရေးလှုပ်ရှားသူ Charlie Kirk သေဆုံးမှုအတွက် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ် အလံကို တိုင်တစ်ဝက် လွှင့်ထူထားသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နာမည်ကျော် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ၊ သမ္မတ ထရမ့်၏ အမာခံထောက်ခံအားပေးသူ Charlie Kirk သည် စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ ယူးတားပြည်နယ် အိုရမ်မြို့ Utah Valley တက္ကသိုလ်၌ ဟောပြောစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကာ သေဆုံးချိန်တွင် အသက် ၃၁ နှစ် ဖြစ်သည်။ ယူးတားပြည်နယ် အုပ်ချုပ်ရေးမှူး Spencer Cox က ယင်းသည် “နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှု” ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်မှုသည် နေ့လယ်၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်းမီဒီယာများ ထုတ်ပြန်သည့် အချင်းဖြစ်ပွားရာနေရာ ဗီဒီယိုမြင်ကွင်းအရ သေနတ်ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် Charlie Kirk သည် အဖြူရောင် ရှပ်အင်္ကျီဝတ်ဆင်ထားပြီး အခန်းပြင်ပတွင် ခင်းကျင်းထားသော ဟောပြောစင်အလယ်တွင် ထိုင်နေခဲ့သည်။ ရုတ်တရက် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် Charlie Kirk သည် လက်ဖြင့်လည်ပင်းကို အုပ်ထားသော်လည်း ချက်ချင်းလဲကျသွားခြင်းမရှိပေ။ အချင်းဖြစ်ပွားရာနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူများလည်း ကစဉ့်ကလျားထွက်ပြေးသွားခဲ့သည်။

Charlie Kirk သေနတ်ပစ်ခတ်ခံရပြီးနောက် ၃ နာရီခန့်အကြာတွင် ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ Charlie Kirk သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ၎င်း၏မိသားစုများအား နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့သည်။ ၎င်းကလည်း တစ်နိုင်ငံလုံးတွင် အလံကို တိုင်တစ်ဝက်သို့ လွှင့်ထူ၍ ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ် ပြုလုပ်ရန်လည်း ညွှန်ကြားခဲ့သည်။

ထိုမတိုင်မီ ဖမ်းဆီးရမိသည်ဟု ဖော်ပြခံရသည့် သံသယရှိသူတစ်ဦးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ အခြား “သက်ဆိုင်သူ” တစ်ဦးကိုမူ ရဲဘက်က ထိန်းသိမ်း၍ စစ်ဆေးမေးမြန်းနေကြောင်း ထိုနေ့ညနေပိုင်းတွင် Utah Valley တက္ကသိုလ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Spencer Cox က အတည်ပြုခဲ့သည်။ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အရာရှိကလည်း လူတစ်ဦးကို ဖမ်းဆီးရမိကြောင်း အတည်ပြုခဲ့သော်လည်း အခြားသတင်းအချက်အလက်များ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

Charlie Kirk လုပ်ကြံခံရမှုသည် “အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်နေ” ပြီး အမေရိကန် “ပြိုကွဲနေသည်” ကို ပေါ်လွင်စေသည်ဟု Spencer Cox က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၎င်းက ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲပြီးနောက် အမေရိကန်၌ ဖြစ်ပွားခဲ့သည့် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှုနှင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများစွာကို ပြန်လည်အောက်မေ့ပြောကြား၍ “အခု ဘယ်ဟာက ဒီနိုင်ငံကို စည်းလုံးလာအောင် လုပ်ဆောင်နိုင်မလဲ၊ ဘယ်ဟာက ဒီလိုမျိုးကွဲအက်မှုကို ဖြည့်ဆည်းပေးနိုင်မလဲ၊ ဘယ်ဟာက Charlike Kirk ကို အသက်ပြန်ရှင်လာစေမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး” ဟု ပြောကြားခဲ့သည်။
Spencer Cox က သတင်းစာရှင်းလင်းပွဲ နောက်ဆုံးတွင် “ကျွန်တော်အခု ဒီနိုင်ငံ၊ ဒီနိုင်ငံရဲ့ခေါင်းဆောင်နဲ့ ဒီနိုင်ငံရဲ့ လူတိုင်းကို တောင်းဆိုချင်ပါတယ်။ အားလုံးအိမ်ပြန်ပြီး မှန်ရှေ့မှာ ကိုယ့်ဘာသာ ပြန်မေးကြည့်ပါ။ ကျွန်တော်တို့က ဘယ်လိုမျိုးအခြေအနေတစ်ခုမှာ ရောက်နေတာလဲ။ ကျွန်တော်တို့ ဘယ်ဆီကို လျှောက်လှမ်းသွားမလဲ ဆိုတာပေါ့” ဟု ပြောကြားခဲ့သည်။
Charlie Kirk သည် အလွန်တက်ကြွသည့် အမေရိကန် နိုင်ငံရေးလှုပ်ရှားသူဖြစ်ပြီး ကွန်ဆာဗေးတစ် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Turning Point USA (TPUSA) ပူးတွဲစတင်ထူထောင်သူဖြစ်သလို ထရမ့်၏ “Make America Great Again” (MAGA) ထောက်ခံအားပေးသူအုပ်စုတွင် လွှမ်းမိုးမှုအရှိဆုံး “ဆယ်လီ” များအနက် တစ်ဦးဖြစ်သည်။
Charlie Kirk က ၎င်း၏ “Prove Me Wrong” လှည့်လည်ဟောပြောမှုအတွက် Utah Valley တက္ကသိုလ်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ လှုပ်ရှားမှုအစီအစဉ်အရ Charlie Kirk သည် ပရိသတ်များကို စင်ပေါ်တက်ရန် ဖိတ်ခေါ်၍ ၎င်းနှင့်အတူ နိုင်ငံရေးအယူအဆ စကားရည်လုခဲ့သည်။ ထိုမတိုင်မီ Charlie Kirk ၏ ဟောပြောပွဲလှုပ်ရှားမှုအား ပယ်ဖျက်ရန် အဆိုပါတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများက တောင်းဆိုခဲ့သည်ဟုလည်း ဒေသတွင်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်နိုင်ငံရေးလှုပ်ရှားသူ Charlie Kirk သေဆုံးမှုအတွက် ဝမ်းနည်းအောက်မေ့ခြင်းအထိမ်းအမှတ် အလံကို တိုင်တစ်ဝက် လွှင့်ထူထားသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
美犹他州州长:特朗普铁杆支持者遭枪击是“政治谋杀”
新华社洛杉矶9月10日电(记者黄恒)美国知名保守派活动人士、总统特朗普的铁杆支持者查理·柯克10日在犹他州奥勒姆市犹他山谷大学演讲时遭枪击身亡,终年31岁。犹他州州长斯潘塞·考克斯称这是一起“政治谋杀”事件。
枪杀事件发生在中午12时10分左右。根据当地媒体发布的现场视频画面,枪击发生时,柯克身穿白色圆领衫,正坐在户外搭建的讲台中央,突然一声枪响,柯克用手捂住脖子,但未立即倒下。现场一片混乱,人们四散奔逃。在柯克遭枪击之后约3小时,特朗普在社交媒体发文说,柯克已经死亡,并向他的家人致以慰问。他下令全国降半旗致哀。
在当天下午于犹他山谷大学举行的新闻发布会上,考克斯证实,此前据报被逮捕的一名嫌疑人已被释放,另一名“有关的人”正被警方拘留和讯问。联邦调查局官员证实有一人被逮捕,但未披露更多信息。
考克斯在新闻发布会上说,柯克遇害“威胁了美国宪法的根基”,凸显美国“正在分裂”。他回顾了2024年总统选举以来美国多起政治暗杀事件及暗杀企图,称“现在,我不知道有什么可以让这个国家团结,有什么可以弥补这种裂痕,有什么可以让柯克重生”。
考克斯在发布会最后说:“我乞求这个国家,这个国家的领导人和这个国家的每个人,都回家对着镜子自问,我们正处于一个什么样的状态,我们将走向何方?”
柯克是非常活跃的美国政治活动人士,为保守派非营利性组织“美国转折点”的联合创始人,也是特朗普“让美国再次伟大(MAGA)”支持者阵营最具影响力的“网红”之一。
柯克此次到访的犹他山谷大学,是其“证明我错了”巡回演讲的一站。根据活动策划,柯克邀请观众上台与他一起辩论政治理念。当地媒体报道说,此前该校有学生联名要求取消柯克的演讲活动。(完)
图说:9月10日,美国首都华盛顿白宫降半旗致哀。新华社记者 胡友松 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.