Connect with us

Europe

“Black Myth: Wukong” ဂိမ်းက အရှေ့ဥရောပ Comic Con ပြပွဲ၌ ပရိသတ်နှင့် ကစားသူများ၏ ချီးကျူးခြင်းခံရ

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၂၁ ကြိမ်မြောက် တရုတ် (ဆန်းကျန့်) နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲ၌ Black Myth: Wukong ရုပ်တုအား ဓာတ်ပုံရိုက်နေသူတစ်ဦးကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗူးခရက်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်ဂိမ်း “Black Myth: Wukong” ကို စက်တင်ဘာ ၁၂ ရက်က ရိုမေးနီးယားနိုင်ငံ မြို့တော်ဗူးခရက်တွင် ကျင်းပသည့် အရှေ့ဥရောပ Comic Con ပြပွဲ၌ စတင်ပြသပြီးနောက် လူအများအာရုံစိုက်ခြင်းခံရပြီး ပြပွဲလာရောက်သည့် ပရိသတ်များနှင့် ရိုမေးနီးယားမှ ကစားသူများက များစွာချီးကျူးခဲ့ကြသည်။
Comic Con ပြပွဲတွင် “Black Myth: Wukong” ဂိမ်းပြခန်း၌ စမ်းသပ်ကစားဇုန်နှင့် ကာတွန်းပြသဇုန် ဟူ၍ ထားရှိထားပြီး ပရိသတ်များစွာက တန်းစီကာ လက်တွေ့စမ်းသပ်ကစားမှုများတွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့က အဆိုပါဂိမ်း၏ အတိုက်အခိုက်ကစားပုံ ခံစားမှုသည် အဆင်ပြေချောမွေ့မှုရှိပြီး မြင်ကွင်းတွင်လည်း အရှေ့တိုင်းအလှတရားနှင် ပြည့်ဝကာ ရှုခင်းများက အသေးစိတ်ကျ၍ လက်တွေ့ဆန်လှသည်ဟု သုံးသပ်ပြောကြားကြသည်။
ပရိသတ် အဲလက်စ်က “ကိုယ်တိုင်ကစားကြည့်ပြီးနောက် ဂိမ်းထဲမှာပါတဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှု အနှစ်သာရအပေါ် ကျွန်တော်များစွာ တုန်လှုပ်မိပါတယ်။ ရှုခင်းတိုင်းနဲ့ ဇာတ်ကောင်တိုင်းက ရှေးကျပြီး လျှို့ဝှက်တဲ့ တရုတ်နိုင်ငံအကြောင်း တင်ဆက်ပြောကြားနေသလိုပါပဲ” ဟု ဆိုခဲ့သည်။
ဂိမ်းဝါသနာရှင် ရောဘတ်ကလည်း “Black Myth: Wukong” ဂိမ်းကို ထုတ်ပြန်သည့်အချိန်မှစ၍ ၎င်းသည် အဆိုပါဂိမ်း၏ အမာခံပရိသတ်ဖြစ်လာပြီး မိတ်ဆွေသူငယ်ချင်းများကိုလည်း အဆိုပါဂိမ်းအကြောင်း မိတ်ဆက်ပေးလေ့ရှိသည်ဟု သတင်းထောက်အား ပြောကြားခဲ့သည်။ ကစားသူ အန်ဒရီက ၎င်းသည် ယမန်နှစ်တွင် အဆိုပါဂိမ်း စတင်မိတ်ဆက်ရောင်းချသည့်အချိန်မှစ၍ ဝယ်ယူခဲ့ပြီး ၄ ၊ ၅ ရက်အတွင်းပင် ဂိမ်းအဆင့်များ အောင်နိုင်ခဲ့ကြောင်း၊ “ဂိမ်းမြင်ကွင်းနဲ့ ကစားရပုံတွေက သိပ်မိုက်တယ်” ဟု ဆိုခဲ့သည်။ ကစားသူ မိုင်ဟီလီကမူ “Black Myth: Wukong” ဂိမ်းသည် တစ်နှစ်တာအတွင်း အကောင်းဆုံးဂိမ်းဟုပင် ဆိုထိုက်ကြောင်း ပြောကြားခဲ့သည်။
အရှေ့ဥရောပ Comic Con ပြပွဲသည် အရှေ့ဥရောပဒေသတွင် ဩဇာလွှမ်းမိုးမှုအရှိဆုံး Comic ၊ ဗီဒီယိုဂိမ်းနှင့် ခေတ်စားသော ယဉ်ကျေးမှုအခမ်းအနား တစ်ခုဖြစ်သည်။ ယခုနှစ်ပြပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပရိသတ်ပေါင်း ၇၀,၀၀၀ ခန့်အား ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။ (Xinhua)

———————-
(Chinese Version)
《黑神话:悟空》在东欧动漫展获观众和玩家好评
新华社布加勒斯特9月14日电(记者张改萍)中国游戏《黑神话:悟空》自12日在罗马尼亚首都布加勒斯特举行的东欧动漫展上亮相后备受瞩目,展会观众及罗马尼亚玩家给予高度评价。
动漫展上,《黑神话:悟空》展台设游戏体验区和动画展播区,大批观众排队参与互动体验。他们评价,这一游戏战斗体验流畅,画面富有东方美学,场景细腻逼真。
观众艾利克斯说:“亲身体验后,我为游戏中深厚的文化底蕴所震撼,每个场景和角色都仿佛在讲述古老而神秘的中国故事。”
游戏爱好者罗伯特告诉记者,自《黑神话:悟空》发布以来他就是忠实粉丝,经常向朋友们推荐。玩家安德烈说,去年游戏一发售他就买了,用四五天通关,“游戏画面和节奏都很酷”。玩家米哈伊说,《黑神话:悟空》堪称年度最佳游戏。
东欧动漫展是东欧地区最具影响力的动漫、电游及流行文化盛会,今年的展会于12日至15日举行,预计吸引约7万名观众。(完)
图说1、5月23日,观众在文博会上拍摄黑神话悟空半身像。新华社记者 梁旭 摄