Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က လက်တွေ့အနက်အဓိပ္ပာယ် အလွန်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

“SCO Plus” အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် ညနေပိုင်းက ကျင်းပရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တက်ရောက်သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
“SCO Plus” အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား မလေးရှားနိုင်ငံက အပြည့်အဝ ထောက်ခံအားပေးကြောင်း၊ ယင်းအဆိုပြုချက်သည် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒစနစ် ခြိမ်းခြောက်ခံနေရသည့် မျက်မှောက်ကာလတွင် လက်တွေ့အနက်အဓိပ္ပာယ် အလွန်ရှိကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၁ ရက် ညပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။

အန်ဝါ အီဘရာဟင်က ယင်းနေ့တွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ “SCO Plus” အစည်းအဝေးတက်ရောက်ခဲ့ခြင်းဖြစ်သည်။ “နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုစနစ်ဖော်ဆောင်ရန် အလွန်တရာ ကျပ်တည်းနေတဲ့ ယနေ့အခါမှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က နက်ရှိုင်းတဲ့ ပဲ့တင်ထပ်မှု ဖြစ်စေပါတယ်” ဟု ယင်းနေ့ညပိုင်းတွင် ၎င်းက ပို့စ်ရေးသားခဲ့သည်။

ယနေ့ နိုင်ငံတကာစနစ်သည် ယုံကြည်မှု လိုအပ်ချက်နှင့် ရင်ဆိုင်နေရသလို ကမ္ဘာ့ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ဥတုရာသီပြောင်းလဲမှု စသည့် ကဏ္ဍများ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့တစ်ဝန်းတွင် စစ်ပွဲ စသည့် အကြမ်းဖက်လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို “အပြင်းအထန်ထောက်ခံရခြင်း” ဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်မှာ သမာသမတ်ကျမှု၊ လူသားဆန်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဗဟိုပြုထားရာ နိုင်ငံအသီးသီးက ငြိမ်းချမ်းသောကမ္ဘာအား အတူတကွ ပုံဖော်တည်ဆောက်မှုကို အထောက်အကူဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
马来西亚总理:全球治理倡议极具现实意义
新华社吉隆坡9月2日电(记者王嘉伟 毛鹏飞)马来西亚总理安瓦尔9月1日晚在社交媒体发文表示,马来西亚完全支持习近平主席在“上海合作组织+”会议上提出的全球治理倡议,该倡议在多边主义体系遭遇挑战的当下,极具现实意义。
安瓦尔当天在天津出席了“上海合作组织+”会议。他当晚在帖文中写道:“在多边体系举步维艰的今天,全球治理倡议引发了深刻共鸣。”
他表示,今天的国际体系面临信任赤字,在全球贸易、金融以及气候变化等领域面临挑战,世界范围内仍存在战争等暴行,马来西亚因此“强烈支持”全球治理倡议,该倡议基于正义、人道与合作,并以多边主义为核心,有助于推动各国共同塑造和平世界。(完)
1. 9月1日下午,“上海合作组织+”会议在天津梅江会展中心举行。马来西亚总理安瓦尔出席会议。 新华社记者 丁海涛 摄