International Organizations
“ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံက နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အခြေခံမူကို အရင်းခံထားပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည်” ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် လီကျွင်းဟွာ ဆို

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံက အဆိုပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အခြေခံမူကို အရင်းခံထားပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် ကိုက်ညီပါတယ်။ ၎င်းက ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာစနစ်နဲ့ နိုင်ငံတကာ ဥပဒေကို အခြေခံထားတဲ့ နိုင်ငံတကာစည်းစနစ်ကို မဖြစ်မနေ ကာကွယ်ရမယ်လို့ အလေးထား ဖော်ပြထားပါတယ်” ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် လီကျွင်းဟွာက ဆင်ဟွာသတင်းထောက်၏ စာလွှာဖြင့် မေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။
ကုလသမဂ္ဂ အနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်သော၊ လူတိုင်းဂုဏ်သိက္ခာရှိစွာ ခံစားခွင့်ရှိသော အစီအမံများ အားလုံးကို ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့နှင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အယူအဆများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထားမှုနှင့် မည်သည့်နိုင်ငံကမဆို တစ်ကိုယ်တည်းမဖြေရှင်းနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုမှန်သမျှအား ကြိုးပမ်း ဖြေရှင်းလိုသည့် သန္နိဋ္ဌာန်အား အပြည့်အဝထင်ဟပ်စေကြောင်း လီကျွင်းဟွာက ဆိုခဲ့သည်။
“ရာသီဥတုပြောင်းလဲမှု တစ်နေ့တခြား ဆိုးရွားလာခြင်း၊ ဆင်းရဲချမ်းသာကွာဟမှု တိုးချဲ့လာခြင်း၊ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားခြင်း၊ သိပ္ပံနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတဲ့ နောက်ခံအခြေအနေအောက်မှာ ဒီအစီအမံတွေ အဆိုပြုတာက အချိန်သင့်အခါသင့်ဖြစ်ပါတယ်” ဟု လီကျွင်းဟွာက ဆိုခဲ့သည်။ ကုသလမဂ္ဂအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် အတူလက်တွဲ ပူးပေါင်းကာ ယင်းအစီအမံများက အားလုံးပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး ပွင့်လင်းမြင်သာမှု တိုးမြှင့်ကာ နိုင်ငံအားလုံးအား အကျိုးပြုနိုင်မှုကို သေချာသွားစေရန် လုပ်ဆောင်သွားလိုကြောင်း လီကျွင်းဟွာက ပြောကြားခဲ့သည်။
လီကျွင်းဟွာ၏ အမြင်တွင် တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနယ်ပယ်၌ ရရှိထားသည့် အောင်မြင်မှုများသည် တစ်ကမ္ဘာလုံး အလွန်အမင်း ဆင်းရဲနွမ်းပါးမှုအား ဖယ်ရှားရန်အတွက် ကြီးမားသော အကျိုးထမ်းဆောင်မှု ဖြစ်ခဲ့ပြီး ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်အတွက် အလွန်အရေးပါလျက်ရှိသည်။
“နိုင်ငံတကာ စီမံခန့်ခွဲမှု ကဏ္ဍမှာ တရုတ်နိုင်ငံက ပိုမိုတရားမျှတသော၊ ပိုမိုကိုယ်စားပြုနိုင်မှုရှိသော နိုင်ငံတကာ စည်းစနစ်ကို တည်ဆောက်ရန် အစဉ်တစိုက် ကြိုးပမ်းနေပြီး ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒစနစ်ကို ကာကွယ်ကာ အားလုံးပါဝင်သော ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေး၍ နိုင်ငံအားလုံးကို ဒီထဲကနေ အကျိုးအမြတ်ခံစားနိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု လီကျွင်းဟွာက ဆိုသည်။
တရုတ်နိုင်ငံက ကုလသမဂ္ဂ၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများ၌ အကျိုးထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ လီကျွင်းဟွာက ကုလသမဂ္ဂ စတင်ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံနှင့် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူအား မြှင့်တင်သည့်ကဏ္ဍတွင် တစ်နေ့တခြား ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း လီကျွင်းဟွာက ထောက်ပြ ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ပုံမှန်အသုံးစရိတ်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အသုံးစရိတ်အတွက် ဒုတိယအကြီးဆုံး ရင်းနှီးထည့်ဝင်သည့် နိုင်ငံဖြစ်ကြောင်း၊ “တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဝန်ထမ်းတွေက စိန်ခေါ်မှုရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လှုပ်ရှားမှုအချို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒါကလည်း တရုတ်နိုင်ငံက ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အခိုင်အမာကတိပြုမှုကို အပြည့်အဝ ထင်ဟပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းစစ်တီထွင်သော ရင်းနှီးထည့်ဝင်မှု ယန္တရားအား တွန်းအားပေးခြင်းဖြင့် ကုလသမဂ္ဂ၏ ဩဇာသက်ရောက်မှုကို မြှင့်တင်တိုးချဲ့လိုက်ကြောင်း၊ ဥပမာအားဖြင့် တရုတ်နိုင်ငံမှ ထူထောင်သည့် တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေဖြင့် နိုင်ငံပေါင်း ၁၀၀ ကျော်ကို မျက်နှာမူကာ စီမံကိန်းပေါင်း ၂၀၀ ကျော် ဖော်ဆောင်ခဲ့ရာ ငြိမ်းချမ်းရေးတည်ဆောက်မှုစွမ်းရည်အား ထိရောက်စွာမြှင့်တင်ခြင်းဖြင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုကို ထောက်ခံအားပေးခဲ့သည့်အပြင် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကြား ကောင်းမွန်သော အပြန်အလှန်ဆက်ဆံမှုကို မြှင့်တင်ခဲ့သည်ဟု လီကျွင်းဟွာက ပြောကြားခဲ့သည်။
“အနာဂတ်ကို မျှော်မှန်းပါက တရုတ်နိုင်ငံက နိုင်ငံတကာ အရေးကိစ္စတွေမှာ ဆက်လက် တက်ကြွစွာပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲကြိုးပမ်းမှာဖြစ်တယ်။ ဒါဟာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ အကောင်အထည်ဖော်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်းလုပ်ငန်းစဉ်ဖြင့် လူသားမျိုးနွယ် အကျိုးစီးပွားအား မြှင့်တင်မှုကို အာမခံပေးရေး၊ ဘုံဖွံဖြိုးတိုးတက်မှုနှင့် သာသယာဝပြောမှုအား ဖော်ဆောင်ရေးအတွက် အဓိကကျပါတယ်” ဟု လီကျွင်းဟွာက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
专访|“全球治理倡议秉持多边主义原则,符合联合国宪章宗旨”——访联合国副秘书长李军华
新华社联合国9月20日电 专访|“全球治理倡议秉持多边主义原则,符合联合国宪章宗旨”——访联合国副秘书长李军华 新华社记者潘云召
“中国提出的全球治理倡议秉持多边主义原则,符合联合国宪章宗旨,强调必须维护以联合国为核心的国际体系和以国际法为基础的国际秩序。”联合国副秘书长李军华日前在接受新华社记者书面采访时说。
李军华表示,联合国欢迎所有促进和平、发展和人人享有尊严的倡议。中国提出的全球发展倡议、全球安全倡议、全球文明倡议、全球治理倡议以及构建人类命运共同体理念,充分体现了对多边合作的重视,以及致力于解决任何一个国家都无法独自解决的全球性挑战的决心。
“在气候变化日益加剧、贫富差距扩大、冲突持续不断、科技快速发展的大背景下,这些倡议的提出正当其时。”李军华说,联合国愿与包括中国在内的所有会员国携手合作,确保这些倡议能够促进包容性发展、增强透明度,并造福所有国家。
在李军华看来,中国在减贫领域取得的成就,为全球消除极端贫困作出了巨大贡献,这对于促进全球发展和繁荣至关重要。“在国际治理领域,中国始终致力于构建更加公平、更具代表性的国际秩序,维护以联合国为核心的多边主义体系,并推动包容性全球化,让所有国家都能从中受益。”李军华说。
谈及中国对联合国、多边主义、南南合作等方面的贡献,李军华指出,作为联合国创始会员国和安理会常任理事国,中国在促进《联合国宪章》宗旨和原则方面发挥着日益重要的作用。目前,中国是联合国常规预算和维和预算的第二大出资国。“中国维和人员曾参与一些最具挑战性的联合国维和行动,这充分体现了中国对维护世界和平与安全的坚定承诺。”
李军华说,中国通过推动南南合作以及创新融资机制,增强并扩大了联合国的影响力。比如,由中国设立的中国-联合国和平与发展基金面向100多个国家开展200多个项目,有效提升和平建设能力,支持联合国2030年可持续发展议程的落实,并促进和平与发展之间的良性互动。
“展望未来,中国继续积极参与国际事务并与各会员国携手努力,对于维护多边主义、确保全球化进程促进人类福祉、实现共同发展繁荣至关重要。”李军华说。(完)
图说:这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄