Asia
အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂတို့ ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် လက်မှတ်ရေးထိုး

ဂျကာတာ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂတို့သည် စက်တင်ဘာလ ၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ “အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် (CEPA)” ကို တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။
ဤသဘောတူညီချက်သည် ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများ၏ ကုန်သွယ်ရေးလွတ်လပ်မှုတို့ ပါဝင်ကြောင်း၊ ကုန်စည် ကုန်သွယ်ရေးကဏ္ဍတွင် နှစ်ဖက်စလုံးသည် စည်းကြပ်ခွန်အမျိုးအစား ၉၈ ရာခိုင်နှုန်းကျော်နှင့် သွင်းကုန် စုစုပေါင်း တန်ဖိုး၏ ၉၉ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန်များကို ပယ်ဖျက်ရန် ကတိပြုကြောင်း၊ အင်ဒိုနီးရှား၏ စားအုန်းဆီ၊ ကော်ဖီ၊ အထည်အလိပ်၊ ဖိနပ်နှင့် ပရိဘောဂ စသည့် အဓိက ပို့ကုန်ပစ္စည်းများသည် ဤသဘောတူညီချက်မှ အကျိုးအမြတ်ရရှိမည်ဟု ခန့်မှန်းရပြီး နည်းပညာမြင့် ကုန်ပစ္စည်းများနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးသည်လည်း အခွင့်အလမ်းသစ်များ ရရှိလာမည်ဟု မျှော်မှန်းရကြောင်း အင်ဒိုနီးရှား စီးပွားရေး ညှိနှိုင်းမှုရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားအစိုးရ၏ ရည်မှန်းချက်မှာ ဤသဘောတူညီချက်မှတစ်ဆင့် ဥရောပသမဂ္ဂသို့ တင်ပို့မှုကို ၆၀ ရာခိုင်နှုန်း တိုးတက်စေရန် လက်တွေ့အကောင်အထည်ဖော်ပြီး နိုင်ငံတော်ဝင်ငွေကို ကန်ဒေါ်လာ ၂.၈ ဘီလီယံ တိုးတက်ရန် မြှင့်တင်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား တရားဝင်စာရင်းဇယားအရ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား-ဥရောပသမဂ္ဂ နှစ်ဖက်ကုန်သွယ်ရေးတန်ဖိုးမှာ ကန်ဒေါ်လာ ၃၀.၁ ဘီလီယံအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤသဘောတူညီမှုသည် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ရေး အစီအမံပါဝင်ရုံသာမက အဓိကကုန်ကြမ်းပစ္စည်းထောက်ပံ့ရေး ကွင်းဆက်အမျိုးအစားစုံလင်မှုကိုပါ မြှင့်တင်တွန်းအားပေးကြောင်း၊ သဘောတူညီမှုသည် အင်ဒိုနီးရှား အထည်အလိပ်၊ ပရိဘောဂနှင့် ဖိနပ် စသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီအားပေးမည့် တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂ မော်တော်ကားနှင့် စားသောက်ကုန်လုပ်ငန်း အတွက် ဈေးကွက်ချဲ့ထွင်ပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ဥရောပကော်မရှင်နာ Maros Sefcovic က ထောက်ပြခဲ့သည်။
ဤသဘောတူညီချက်သည် အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂအကြား နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခြင်းအား အမှတ်သင်္ကေတပြုလျက်ရှိပြီး တရားမျှတ၍ စဉ်ဆက်မပြတ်ဖြစ်သော ကုန်သွယ်ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဟု ခန့်မှန်းရကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဥပဒေစိစစ်ရေးနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး သဘောတူညီမှုအား ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တရားဝင် အကျိုးသက်ရောက်မှုရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွားရေးညှိနှိုင်းမှုရေးရာဝန်ကြီး Airlangga Hartarto က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် (CEPA) ညှိနှိုင်းမှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လတွင် နှစ်ဖက်သည် နောက်ဆုံးသဘောတူညီချက်နှင့် စပ်လျဉ်း၍ နိုင်ငံရေးသဘောတူညီချက်ကို ရရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားသည် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံပြီးနောက် ဥရောပသမဂ္ဂနှင့် ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် လက်မှတ်ရေးထိုးသည့် တတိယမြောက် အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့သည်။ (Xinhua)
………………………
(Chinese Version)
印尼与欧盟签署全面经济伙伴关系协定
新华社雅加达9月23日电(记者冯钰林 曹凯)印度尼西亚和欧盟23日在印尼巴厘岛正式签署《印尼-欧盟全面经济伙伴关系协定》。
印尼经济统筹部在声明中表示,该协定涵盖货物、服务和投资等领域的贸易自由化。在货物贸易方面,双方承诺取消超过98%的关税税目和占进口总额99%的关税,预计印尼的棕榈油、咖啡、纺织品、鞋类和家具等主要出口产品将从中受益,高科技产品和数字贸易也有望迎来新机遇。
声明说,印尼政府的目标是通过该协定实施实现对欧盟出口增长60%,拉动国民收入增加28亿美元。根据印尼官方统计,2024年印尼与欧盟的双边贸易额达301亿美元。
欧盟委员会负责贸易和经济安全等事务的委员马罗什·谢夫乔维奇指出,协定不仅涵盖数字贸易便利化措施,还着力推动关键原材料供应链多元化。协定将助力印尼纺织、家具和鞋类等产业发展,同时为欧盟汽车和食品产业拓展市场。
印尼经济统筹部长艾尔朗加·哈尔塔托表示,该协定标志着印尼与欧盟的双边关系发展进入新阶段,预计将催生更多公平与可持续的贸易投资合作。印尼将加快法律审查和相关程序,力争使协定于2027年1月1日正式生效。
据悉,印尼-欧盟全面经济伙伴关系协定谈判始于2016年。今年7月,双方就最终协定达成政治协议。印尼成为继新加坡和越南之后,第三个与欧盟签署全面经济伙伴关系协定的东南亚国家。(完)
图说:9月23日,印度尼西亚经济统筹部长艾尔朗加·哈尔塔托(右二)和欧盟委员会负责贸易和经济安全等事务的委员马罗什·谢夫乔维奇(左二)出席在巴厘岛举行的签署《印尼-欧盟全面经济伙伴关系协定》新闻发布会。新华社发(迪基·比辛拉西摄)