Europe
ကမ္ဘာ့ရွှေကောင်စီက “ဒစ်ဂျစ်တယ်ရွှေ” ထုတ်ဝေရန် စီစဉ်ဟု ဗြိတိန်မီဒီယာ ဆို

လန်ဒန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရုံးချုပ်ရှိသည့် ကမ္ဘာ့ရွှေကောင်စီသည် “ဒစ်ဂျစ်တယ်ရွှေ” ထုတ်ဝေရန် စီစဉ်နေကြောင်း၊ ယင်းသည် လုံးဝအသစ်ဖြစ်သော ရွှေအရောင်းအဝယ်၊ စာရင်းရှင်းမှုနှင့် ပေါင်နှံမှုပုံစံအား တည်ဆောက်ရန် ရည်ရွယ်ကြောင်း ဗြိတိန် “Financial Times” ၏ စက်တင်ဘာ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့ရွှေကောင်စီ အမှုဆောင်အရာရှိချုပ် David Tait က “Financial Times” တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ “ဒစ်ဂျစ်တယ်ရွှေ” သည် ပထမဆုံးအကြိမ်အဖြစ် “ရွှေအား ရွှေဂေဟစနစ်အတွင်း ဒစ်ဂျစ်တယ်အသွင်ဖြင့် စီးဆင်းစေပြီး ပေါင်နှံမှုပစ္စည်းအဖြစ် အသုံးပြုရန်” ဖော်ဆောင်နိုင်မည်ဟု ပြောကြားခဲ့သည်။
ရွှေအား ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းသည် အခြားဈေးကွက်အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော ဘဏ္ဍာရေးထုတ်ကုန် အမျိုးမျိုးကိုလည်း အနာဂတ်တွင် ရွှေဈေးကွက်အတွင်း၌ အသုံးပြုလာနိုင်ရန် အကျိုးရှိကြောင်း၊ တစ်ကမ္ဘာလုံးမှ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အဖွဲ့အစည်းများအနေဖြင့်လည်း ရွှေ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို ပြန်လည်စိစစ်လာစေမည်ဖြစ်ကြောင်း David Tait က ဆိုသည်။
ကမ္ဘာ့ရွှေကောင်စီသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၃ ရက်တွင် “နောက်မျိုးဆက် ရွှေဈေးကွက် မျှော်မှန်းချက်” နှင့် စပ်လျဉ်းသည့် ဆန်းသစ်တီထွင်မှု အစီအမံများကို ထုတ်ပြန်ကြေညာခဲ့ပြီး ရွှေအားအသုံးပြုရန်နေရာကို တိုးချဲ့၍ လွယ်ကူသွားစေရန် လုပ်ဆောင်လိုက်သည့်အပြင် ရွှေအခွင့်အရေးနှင့် အကျိုးစီးပွားက အရောင်းအဝယ် ပြုလုပ်သူများအကြား အဆင်ပြေစွာ၊ ဘေးကင်းလုံခြုံစွာ လွှဲပြောင်းမှု စသည်တို့ကို ဖော်ဆောင်ပေးလိုက်သည်။
အဆိုပါ ဆန်းသစ်တီထွင်သော အစီအမံသည် ဘဏ်နှင့် ရင်းနှီးမြှုပ်နှံသူများကို သီးသန့်ဘဏ်အကောင့်ဖြင့် လက်တွေ့ရွှေအရောင်းအဝယ်ပြုလုပ်မှု၏ အချို့သော လုပ်ပိုင်ခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ စမ်းသပ်လုပ်ဆောင်သည့် စီမံကိန်းကို လာမည့်နှစ် ပထမသုံးလပတ်တွင် လန်ဒန်မြို့၌ စတင်ဖော်ဆောင်သွားရန် မျှော်မှန်းရကြောင်း “Financial Times” ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
——————-
(Chinese Version)
英媒:世界黄金协会拟推出“数字黄金”
新华社伦敦9月4日电(记者高文成)据英国《金融时报》3日报道,总部位于伦敦的世界黄金协会拟推出“数字黄金”,意在构建全新的黄金交易、结算及抵押方式。
世界黄金协会首席执行官戴维•泰特接受《金融时报》采访时表示,“数字黄金”将首次实现“黄金在黄金生态系统中以数字形式流转,并作为抵押品使用”。
泰特说,黄金数字化有利于其他市场中广泛使用的各类金融产品未来也能应用于黄金市场,让全球众多资产管理机构重新审视黄金的投资价值。
世界黄金协会联合相关机构3日发布关于“下一代黄金市场愿景”的创新举措,拓宽并简化黄金应用场景、实现黄金权益在交易方之间的便捷安全转移等。 《金融时报》报道说,这项创新将允许银行和投资者通过独立账户买卖实物黄金的部分所有权,试点项目预计于明年第一季度在伦敦开始。(完)
图说:这是5月21日在科威特哈瓦利省第23届国际黄金珠宝展上拍摄的珠宝首饰。新华社发(阿萨德摄)