Africa & Middle East
ဆော်ဒီအာရေဗျတွင် တရုတ်စွမ်းအင်သစ်ကုမ္ပဏီလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ဆော်ဒီအာရေဗျ အရာရှိ ပြောကြား
ရီယတ်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်စွမ်းအင်သစ်ကုမ္ပဏီလုပ်ငန်းများ ဆော်ဒီအာရေဗျဈေးကွက်သို့ ဝင်ရောက်ရန်၊ ကာဗွန်လျော့နည်းအသွင်ပြောင်းခြင်း စသည့် အဓိကကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဆော်ဒီအာရေဗျ၏ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” ကို ဖော်ဆောင်ရာတွင် အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ စက်မှုနှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာန ထိပ်တန်းအကြံပေး Anbasa Kandiel က ဇန်နဝါရီ ၁၀ ရက်တွင် မြို့တော် ရီယတ်၌ ပြောကြားခဲ့သည်။
တရုတ်စွမ်းအင်သစ်လုပ်ငန်းဖြစ်သည့် Contemporary Amperex Technology Co. Ltd (CATL) သည် အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏ ပထမဆုံးနှင့် ပြည်ပ ပမာဏအကြီးဆုံးသော စွမ်းအင်သစ် Aftermarket အဆောက်အဦဖြစ်သည့် NING SERVICE ဝန်ဆောင်မှု အတွေ့အကြုံ စင်တာကို ယင်းနေ့က ရီယတ်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ ဖွင့်လှစ်ရခြင်းမှာ အရှေ့အလယ်ပိုင်းဒေသတွင် ရောင်းချပြီးနောက်ဆက်တွဲဝန်ဆောင်မှုစနစ်ကို ကောင်းမွန်ပြည့်စုံစေရန်၊ လျှပ်စစ်အသွင်ပြောင်းခြင်းနှင့် သိုလှောင်စွမ်းအင် အသုံးချရေးအတွက် “လည်ပတ်မှုစက်ဝန်းအပြည့်” ပံ့ပိုးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော် မကြာမီက တရုတ်နိုင်ငံကို ခရီးသွားခဲ့တယ်၊ တရုတ်စွမ်းအင်သစ်မော်တော်ကား ထုတ်လုပ်မှု တိုးတက်နှုန်းက အံ့ဩမှင်သက်ဖွယ် ကောင်းတယ်” ဟု Anbasa Kandiel က အခမ်းအနားတွင် ဆင်ဟွာသတင်းထောက်ကို ပြောသည်။ ဆော်ဒီအာရေဗျအနေဖြင့် တရုတ်စွမ်းအင်သစ်ကုမ္ပဏီလုပ်ငန်းများ ဆော်ဒီအာရေဗျမှာ လာရောက်လုပ်ငန်းလုပ်ဆောင်ရန်၊ ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ၏ စွမ်းအင်နှင့် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်း ကုမ္ပဏီကြီးဖြစ်သည့် Aldrees ၏ ဝယ်ယူရေးဒါရိုက်တာ အာမက်အီဘရီဟင်က စွမ်းအင်အသွင်ပြောင်းမှုက ကျယ်ပြန့်သည့်အခွင့်အလမ်းများကို သယ်ဆောင်လာပေးကြောင်း၊ CATL စသည့် လုပ်ငန်း ရှေ့ဆောင်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်၍ စွမ်းအင်အသွင်ပြောင်းရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် တရုတ်နှင့် ဆော်ဒီအာရေဗျ ဧည့်သည်တော်များက NING SERVICE ဝန်ဆောင်မှု အတွေ့အကြုံ စင်တာဖွင့်ပွဲအခမ်းအနားကို အတူတကွ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CATL/Handout via Xinhua)

———————
(Chinese Version)
沙特官员:欢迎中国新能源企业投资沙特
新华社利雅得1月10日电(记者王海洲 罗晨)沙特阿拉伯工业和矿产资源部首席顾问安巴萨·甘迪勒10日在首都利雅得表示,期待中国新能源企业进入沙特市场,深化两国在低碳转型等重点领域合作,助力沙特实现“2030愿景”。
中国新能源企业宁德时代当天在利雅得启用其在中东首个暨海外规模最大的新能源后市场设施“宁德”服务体验中心,旨在完善中国新能源产品在中东地区的售后服务体系,为电动化与储能应用提供“全生命周期”支撑。
甘迪勒在活动现场对新华社记者说,“我不久前访问中国,中国新能源汽车产业发展速度令人惊叹”,沙特欢迎中国新能源企业在沙特开展业务、进行投资。
沙特能源与物流头部企业阿勒德里斯-穆罕默德·阿萨德公司采购总监艾哈迈德·易卜拉欣说,能源转型带来广阔机遇,期待与宁德时代等行业领先企业合作推进能源转型。(完)
1. 1月10日,在沙特阿拉伯利雅得,中沙嘉宾共同参加“宁德”服务体验中心启用仪式。新华社发(宁德时代供图)
