Connect with us

Asia

ဂျပန်-တောင်ကိုရီးယား အဆင့်မြင့်အလွှာ အပြန်အလှန်ဆက်ဆံမှုက နှစ်နိုင်ငံ ရှိရင်းစွဲ ကွဲလွဲမှုများကို ဖုံးကွယ်ရန် ခဲယဉ်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော် ဧည့်ဂေဟာတွင် နိုင်ငံခြားမီဒီယာနှင့် တွေ့ဆုံပွဲ တက်ရောက်နေသည့် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို/ဆိုးလ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ ဂျပန်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ဂျပန်နိုင်ငံ နာရခရိုင်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဂျပန်ဘက်က တွေ့ဆုံဆွေးနွေးမှုရလဒ်အား ပေါ်ပေါ်တင်တင် ထုတ်ပြန်ကြေညာခဲ့သော်လည်း နှစ်နိုင်ငံအကြီးအကဲများ၏ သဘောထားအရကြည့်မည်ဆိုပါက နှစ်ဖက်က ဒေသတွင်းလုံခြုံရေး စသည့် အကြောင်းအရာများတွင် “သဘောထား ကွာဟချက်များ” ရှိနေဆဲဖြစ်ပြီး နယ်မြေပိုင်နက်၊ သမိုင်း စသည့် အရေးကိစ္စများတွင် ကွဲလွဲမှုများ သိသာထင်ရှားနေဆဲဖြစ်သည်။ ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးသည် ကာလတိုအတွင်း “မဟာဗျူဟာအသွင် မဟုတ်ဘဲ ကိရိယာအသွင်” ထူးခြားချက်ကိုသာ ပိုမိုဖော်ပြနေမည်ဖြစ်သည်။

ဂျပန်-တောင်ကိုရီးယား သဘောထားဖော်ပြမှုတွင် ကွာဟမှုများရှိ
လီဂျေမြောင်က ဂျပန်နိုင်ငံသို့ ရောက်ရှိသည့် ဇန်နဝါရီ ၁၃ ရက်တွင် ဆာနာအဲ တာအာအိချိသည် ဦးညွှတ်၍ ဂါရဝပြုကြိုဆိုခဲ့သည်။ နှစ်ဖက်က တစ်နာရီခွဲခန့်ကြာ‌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းလုံခြုံရေး၊ ဉာဏ်ရည်တု၊ သမိုင်းပြဿနာ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း တောင်ကိုရီးယားမီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။
တွေ့ဆုံဆွေးနွေးမှုတွင် “အမျိုးသမီးလိင်ကျွန်” များ အတင်းအဓမ္မ စုဆောင်းခြင်း၊ အလုပ်သမားများ အတင်းအဓမ္မ စုဆောင်းခြင်း၊ Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) စသည့် အကဲဆတ်သော အကြောင်းအရာများ ပါဝင်ခြင်းမရှိကြောင်း Yonhap သတင်းဌာန က အထူးဖော်ပြထားသည်။
ဂျပန်နိုင်ငံက ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှု အကြောင်းအရာအား ပေါ်ပေါ်တင်တင် ကြေညာခဲ့သော်လည်း နှစ်နိုင်ငံအကြီးအကဲများ၏ သဘောထားဖော်ပြမှုအရ ကြည့်မည်ဆိုလျှင် နှစ်ဖက်က အရေးကိစ္စများစွာတွင် ရပ်တည်ချက် ကွာဟမှုများရှိနေသည်။ ဥပမာအားဖြင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဆာနာအဲ တာကာအိချိက ဒေသတွင်းလုံခြုံရေး အရေးကိစ္စနှင့်စပ်လျဉ်း၍ ဂျပန်-တောင်ကိုရီးယား-အမေရိကန် သုံးဘက်ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သင့်သည်ဟု ဆိုခဲ့ပြီး လီဂျေမြောင်ကမူ အရှေ့မြောက်ပိုင်းအာရှဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ရှုမြင်ရမည်ဟု အလေးထား ပြောကြားခဲ့သည်။
လီဂျေမြောင်နှင့် ဆာနာအဲ တာကာအိချိက တွေ့ဆုံဆွေးနွေးမှု အစပိုင်းတွင် ဖော်ပြချက်များကလည်း ကွာဟမှုများရှိနေပြီး ကိုယ်စီ၏ မတူညီသော ရပ်တည်ချက်ကို ထင်ဟပ်နေကြောင်း တောင်ကိုရီးယား အမျိုးသားသံတမန်ရေးရာအကယ်ဒမီ ပါမောက္ခ Min Jeong-hun က အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဆာနာအဲ တာကာအိချိက ဂျပန်-တောင်ကိုရီးယားဆက်ဆံရေးသည် ဒေသတွင်းတည်ငြိမ်မှုအတွက် “မဟာဗျူဟာမြောက် အရေးပါမှု” ရှိသည်ဟု ဆိုပြီး လီဂျေမြောင်ကမူ အဆိုပါအကြောင်းအရာကို ဆက်လက်ပြောကြားရန် ဆန္ဒမရှိဘဲ တောင်ကိုရီးယား-ဂျပန်က လက်ရှိနိုင်ငံတကာစည်းစနစ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သင့်သည်ဟုသာ အလေးထား ပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။
ဆာနာအဲ တာကာအိချိက ယခုအကြိမ် ဂျပန်-တောင်ကိုရီးယား အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုကို အခွင့်ယူ၍ ၎င်းက သံတမန်ဆက်ဆံရေးတွင် လက်ဦးမှုမဲ့နေသည့်အနေအထားအား ဖြေလျှော့ကာ ၎င်းအစိုးရက ဒေသတွင်း၌ အထီးကျန်ဆန်လာသည့် အကျပ်အတည်းထဲ ကျရောက်နေမှုကို ဖုံးကွယ်ထားရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဂျပန်လူထုသဘောထားက ယူဆသည်။
ထို့ပြင် ဆာနာအဲ တာကာအိချိကလည်း ၎င်း၏ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုများရှိသည်။ ဆာနာအဲ တာကာအိချိသည် ယခုလအတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအား ကြိုတင်ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။ ယင်းသည် ဆာနာအဲ တာကာအိချိအတွက် အုပ်ချုပ်ရေး “စာမေးပွဲကြီး” တစ်ရပ်ပင်ဖြစ်သည်။ ဆာနာအဲ တာကာအိချိသည် ဂျပန်-တောင်ကိုရီးယား အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှု၏ ရလဒ်ကို ပုံကြီးချဲ့၍ ၎င်း၏သံတမန်ဆက်ဆံရေးစွမ်းရည်ကို ပြင်ပသို့ဖော်ပြကာ “စာမေးပွဲကြီး” မတိုင်မီ “အမှတ်ပိုရရန်” ကြိုးပမ်းလျက်ရှိသည်။

နယ်မြေပိုင်နက်အငြင်းပွားမှုက ပြင်းထန်နေဆဲဖြစ်
ဂျပန်-တောင်ကိုရီးယားဆက်ဆံရေး၏ ဖွဲ့စည်းပုံကွဲလွဲမှု အထူးသဖြင့် Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) နှင့်စပ်လျဉ်း၍ နယ်မြေပိုင်နက် အငြင်းပွားမှုသည် အစဉ်အမြဲ တည်ရှိနေဆဲဖြစ်သည်ဟု သုံးသပ်သူများက ယူဆကြသည်။
ယမန်နှစ် ဒီဇင်ဘာလက ဆာနာအဲ တာကာအိချိသည် “Takeshima ကျွန်းကို သမိုင်းဖြစ်ရပ်မှန်နဲ့ နိုင်ငံတကာဥပဒေ ကဏ္ဍနှစ်ရပ်ကနေ ကြည့်မယ်ဆို ဂျပန်နိုင်ငံရဲ့ ရှိရင်းစွဲနယ်မြေပိုင်နက်ပဲဖြစ်ပါတယ်” ဟု လွှတ်တော်၌ ကြေညာပြောကြားခဲ့သည်။
ထိုကဲ့သို့ သဘောထားထုတ်ပြန်ချက်သည် တောင်ကိုရီးယားပြည်တွင်း၌ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ပေါ်ထွက်လာခဲ့သည်။ တောင်ကိုရီးယားသမ္မတကလည်း Dokdo ကျွန်း သည် “သမိုင်း၊ ပထဝီ၊ နိုင်ငံတကာဥပဒေမှာ တောင်ကိုရီးယားရဲ့ ရှိရင်းစွဲနယ်မြေပိုင်နက်ဖြစ်တယ်လို့ အတည်ပြုထားတယ်” ဟု ချက်ချင်းပင် ပြောကြားခဲ့သည်။ The JoongAng စသည့် တောင်ကိုရီးယားမီဒီယာများစွာကလည်း ဆာနာအဲ တာကာအိချိ၏ ပြောကြားချက်ကို “မဟုတ်မမှန်ပြောဆိုချက်” ဟု သတ်မှတ်ခဲ့ပြီး ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်သည် တောင်ကိုရီးယား-ဂျပန်ဆက်ဆံရေးအား လှုံ့ဆော်ပေးသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ အစိုးရအရာရှိများသည် နှစ်စဉ် ဖေဖော်ဝါရီ ၂၂ ရက်တွင် “Takeshima ကျွန်းနေ့” ဟူသည့် အခမ်းအနားကို တက်ရောက်လေ့ရှိပြီး တောင်ကိုရီးယားဘက်က ယင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဆာနာအဲ တာကာအိချိ ဝန်ကြီးချုပ်အဖြစ် စတင်ထမ်းဆောင်ပြီးနောက် အခမ်းအနား တက်ရောက်သည့် အရာရှိများ၏အဆင့်ကို အစိုးရအဖွဲ့အဝင်အဖြစ် အဆင့်မြှင့်တင်လိုက်မည်လောဟု မေးမြန်းခံရခြင်းအပေါ် ဆာနာအဲ တာကာအိချိက အတိအလင်း ငြင်းပယ်ခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ဝေဝါးသော သဘောထားဖော်ပြချက်သည် ဂျပန်-တောင်ကိုရီးယားဆက်ဆံရေး အချိန်မရွေး ဆိုးရွားသွားစေနိုင်သည့် မီးစဟုပင် ရှုမြင်ခံရသည်။
လီဂျေမြောင်အစိုးအရအတွက် ဆိုရလျှင် နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်းသည့် အရေးကိစ္စတွင် ဂျပန်နိုင်ငံအပေါ် အလျှော့ပေးလိုက်လျောပေးမည့် အခြေအနေ လုံးဝမရှိဟု ဂျပန် Sankei Shimbun ၏ သတင်းဖော်ပြချက်တွင် သုံးသပ်ထားသည်။ နယ်မြေပိုင်နက် အငြင်းပွားမှုကြောင့် ဂျပန်ဘက်က ယခုအကြိမ် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုအတွင်း “ခမ်းနားသည့်ရလဒ်” ရရှိနိုင်မည်ဟု ဂျပန်ဘက်က မမျှော်လင့်ထားကြောင်း ဂျပန်အစိုးရအရာရှိက မီဒီယာများကို သီးသန့်ပွင့်လင်းစွာ ပြောကြားခဲ့ဖူးသည်။

သမိုင်းပြဿနာကို ရှောင်လွှဲရန်ခက်ခဲ
ဂျပန်-တောင်ကိုရီးယား အကြီးအကဲများက ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ နှစ်ဖက်အနေဖြင့် Chosei ကျောက်မီးသွေးတွင်း ပြိုကျမှုအတွင်း သေဆုံးသူများ၏ ရုပ်ကြွင်းများ ဖော်ထုတ်ခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်း စသည့် အရေးကိစ္စများတွင် သဘောတူညီမှု ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်နိုင်ငံ ယာမာဂူချီခရိုင်ရှိ ရေအောက်ကျောက်မီးသွေးတွင်းဖြစ်သော Chosei ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ ကိုရီးယားကျွန်းဆွယ် အလုပ်သမားများ အပါအဝင် လူ ၁၈၃ ဦး သေဆုံးခဲ့သည်။
တောင်ကိုရီးယား Kyungnam တက္ကသိုလ် အရှေ့ဖျားရေးရာ သုတေသနဌာန သုတေသီ Cho Jin-goo က အဆိုပါအရေးကိစ္စအရကြည့်မည်ဆိုလျှင် လက်ရှိ တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံက ဖြေရှင်းရန်အတွက် အတူဆွေးနွေးနိုင်သည့် သမိုင်းပြဿနာသည်လည်း Chosei ကျောက်မီးသွေးတွင်း ဟူသည့် ကိစ္စရပ်တစ်ခုသာရှိကြောင်း၊ ယင်းသည်လည်း ထိခိုက်သေဆုံးသူများတွင် ဂျပန်ပြည်သူများ ပါဝင်နေပြီး ဂျပန်နိုင်ငံပြည်တွင်းတွင်လည်း ကာလကြာရှည်စွာ သက်ဆိုင်ရာ တောင်းဆိုချက်များ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ “အမျိုးသမီး လိင်ကျွန်” များ၊ လုပ်သား အတင်းအဓမ္မစုဆောင်းခြင်းအတွက် လျော်ကြေးပေးခြင်း စသည့် ပြဿနာများကမူ နှစ်ဖက်၏ သဘောထားကွဲလွဲမှုများ သိသာထင်ရှားသဖြင့် နှစ်ဖက် သံတမန်ရေးလုပ်ငန်းစဉ်အတွင်း ထည့်သွင်းရန် ခက်ခဲကြောင်း ယူဆသည်။
ယခုအကြိမ် ဂျပန်-တောင်ကိုရီးယား အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ရှေ့တစ်ရက်ညတွင် တောင်ကိုရီးယား အရပ်ဘက်အစုအဖွဲ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော်ရှေ့တွင် ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီး ဂျပန်ဘက်အနေဖြင့် “အမျိုးသမီးလိင်ကျွန်” ၊ “Dokdo ကျွန်း” စသည့်အရေးကိစ္စများကို တည့်မှန်စွာ ရှုမြင်၍ တရားမျှတသော တုံ့ပြန်မှု လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ဂျပန်နိုင်ငံခရီးစဉ် မတိုင်မီ ရှေ့တစ်ရက်တွင် လီဂျေမြောင်က ဂျပန် NHK သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားရာ၌ ဂျပန်၏ ကျူးကျော်မှုသမိုင်းကြောင့် တောင်ကိုရီးယား-ဂျပန်က နက်ရှိုင်းသောအလွှာတွင် ယုံကြည်မှု တည်ဆောက်နိုင်မည်လောနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားနိုင်ငံ ပြည်တွင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်သည်ဟု ဖြေကြားခဲ့သည်။
လီဂျေမြောင်၏ ယခုအကြိမ် ဂျပန်နိုင်ငံခရီးစဉ်နှင့် စပ်လျဉ်း၍ နှစ်ဖက်သည် အချို့သောအငြင်းပွားမှုများကို ယာယီဘေးဖယ်ထားသည်ဟု ဂျပန်-တောင်ကိုရီးယား လူထုသဘောထားက ယူဆသည်။ နှစ်နိုင်ငံက သမိုင်း၊ နယ်မြေပိုင်နက် စသည့်အရေးကိစ္စများတွင် အရင်းခံရပ်တည်ချက် ကွာဟမှုရှိပြီး “ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေး၏ အမြင့်ဆုံးအခြေအနေ” ကို အဆုံးအဖြတ်ပေးလိုက်သည်။ ဂျပန်နိုင်ငံ လက်ရှိအစိုးရ၏ သမိုင်းပြဿနာအပေါ် သဘောထား၊ ဒေသတွင်းလုံခြုံရေး အရေးကိစ္စတွင် အတိုက်အခံဖြစ်သော အယူအဆတို့ကြောင့် ဂျပန်-တောင်ကိုရီးယား ဆက်ဆံရေးသည် ကာလတိုအတွင်း “မဟာဗျူဟာအသွင် မဟုတ်ဘဲ ကိရိယာအသွင် အဖြစ်သာ ပိုမိုပြသနေမည်” ဖြစ်သည်။ (Xinhua)

ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိအား တွေ့မြင်ရစဉ် (ဓာတ်ပုံ – Franck Robichon/Pool via Xinhua)

Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) ၏ အရှေ့နှင့်အနောက် ကျွန်းနှစ်ကျွန်းအား ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
国际观察|日韩高层互动难掩两国固有矛盾
新华社东京/首尔1月14日电 题:日韩高层互动难掩两国固有矛盾   新华社记者李子越 黄莹莹 张粲
韩国总统李在明13日至14日访问日本,并与日本首相高市早苗在日本奈良县举行双边会谈。
尽管日方高调宣传会谈成果,但从两国领导人表态看,双方在地区安全等议题上存在“温差”,在领土、历史等问题上的矛盾仍然突出。日韩关系短期内将更多呈现“工具性而非战略性”特征。

日韩表态有“温差”
据韩国媒体报道,李在明13日抵日当天,高市迎接并俯身行鞠躬礼。双方会谈持续约一个半小时,涉及经贸合作、地区安全、人工智能、历史问题等。
韩联社特别提到,会谈未涉及强征“慰安妇”、强征劳工、独岛(日本称“竹岛”)等敏感问题。
日方高调宣传此次会谈成果,但从两国领导人表态看,双方在不少问题上的立场有“温差”。例如,在会谈后举行的联合记者会上,高市称在地区安全问题上应加强日韩美三方合作,李在明则强调要重视东北亚地区国家的合作。
韩国国立外交院教授闵正勋解读,李在明与高市在会谈开场时的表述也存在差异,体现各自不同立场。高市称日韩关系对于地区稳定有“战略重要性”;李在明无意接续此话题,仅强调韩日在当前国际秩序下有必要展开合作。
有日本舆论认为,高市试图借此次日韩首脑会谈淡化其在外交上的被动局面,掩饰其政府在地区内陷入孤立的窘境。
此外,高市也有其自身政治考量。高市正准备本月解散众议院,提前举行大选。这对高市而言是一场执政“大考”。高市试图放大日韩首脑会谈的效果,对外展示其外交能力,谋求在“大考”前“加分”。

领土争议仍尖锐
分析人士认为,日韩关系的结构性矛盾始终存在,特别是围绕独岛(日本称“竹岛”)的领土争端。
去年12月,高市在国会宣称“竹岛从历史事实和国际法两方面来看,都是日本的固有领土”。
这番表态在韩国国内引发强烈反弹,韩总统府当即表示,独岛“在历史、地理、国际法上都明确是韩国的固有领土”。《中央日报》等多家韩媒一致将高市发言定性为“妄言”,狠批高市言论刺激韩日关系。
日本政府官员每年2月22日都会出席所谓“竹岛日”活动,韩方对此强烈反对。高市就任首相后,在被问及是否将出席活动的官员级别提升至阁僚时,高市并未明确否认,这一模糊表态被视为随时可能点燃日韩关系恶化的导火索。
日本《产经新闻》的报道分析,对于李在明政府而言,在涉及领土争议的问题上几乎不存在对日妥协空间。日方官员曾私下向媒体坦言,由于领土争端,日方并未期待这次首脑会谈能取得什么“华丽成果”。

历史问题难回避
日韩领导人13日在联合记者会上说,双方就合作推进长生煤矿矿难遇难者遗骸发掘与身份鉴定等问题达成一致。1942年,位于日本山口县的海底煤矿长生煤矿发生坍塌,造成包括朝鲜半岛劳工在内的183人遇难。
韩国庆南大学远东问题研究所学者赵真九认为,从这一问题上看,当前韩日两国能够坐下来讨论解决的历史问题也仅限于长生矿难这一件事,这还是因为受害者中有日本人,日本国内也长期存在相关诉求。而“慰安妇”、强征劳工赔偿等问题因双方分歧明显,难以被纳入双边外交议程。
就在此次日韩首脑会谈前夕,韩国民间团体在首尔青瓦台前举行抗议活动,要求日方正视“慰安妇”“独岛”等问题,并作出公正回应。访日前一天,李在明在接受日本广播协会采访时说,由于日本的侵略历史,韩国国内就韩日能否建立深层次信任仍存在忧虑。
日韩舆论认为,对于李在明此次访日,双方暂时搁置了部分争议。两国在历史、领土等问题上的根本性立场差异,决定了“日韩关系的上限”。鉴于日本现政府在历史问题上的态度、在地区安全问题上的对抗性思维,日韩关系短期内将“更多体现为工具性而非战略性”。(完)
图说1:图为2025年12月3日韩国总统李在明在首尔青瓦台迎宾馆举行外媒记者会的资料照片。新华社记者姚琪琳摄
图说2:图为高市早苗资料图片。新华社发(Pool图片,弗兰克·罗比雄摄)
图说3:这是2013年10月28日拍摄的独岛(日本称“竹岛”)东西两岛的资料照片。新华社记者彭茜摄