Asia
ကာဂျစ္စတန်-တရုတ်ဆက်ဆံရေး ကျယ်ပြန့်သော အနာဂတ်အလားအလာရှိကြောင်း ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ဘစ်ရှ်ကက်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကာဂျစ္စတန်-တရုတ်ဆက်ဆံရေးသည် ကြွယ်ဝသော အောင်မြင်မှုရလဒ်များရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ကျယ်ပြန့်သော အနာဂတ်အလားအလာရှိကြောင်း ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး Jeenbek Kulubaev က ဇန်နဝါရီ ၁၅ ရက်တွင် မြို့တော် ဘစ်ရှ်ကက်၌ ပြောကြားခဲ့သည်။
Kulubaev က ထိုနေ့တွင် ကျင်းပသော နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် လွန်ခဲ့သည့်တစ်နှစ်အတွင်း ကာဂျစ္စတန်-တရုတ် နှစ်နိုင်ငံသည် နီးကပ်သော ထိတွေ့ဆက်ဆံမှုများ ထိန်းသိမ်းထားကာ ကာဂျစ္စတန်သမ္မတ Sadyr Japarov သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တွေ့ဆုံဆွေးနွေးမှုများစွာ ကျင်းပခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအတွင်း နှစ်ဖက်က နိုင်ငံစုံရေးရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကာဂျစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို အစဉ်အမြဲရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“၂၀၂၅ ခုနှစ်ဟာ ကာဂျစ္စတန်-တရုတ်ဆက်ဆံရေးမှာ ကြွယ်ဝတဲ့ ရလဒ်တွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်တယ်။ အမှတ်ပြည့်က ၁၀ မှတ်ဆိုရင် (နှစ်နိုင်ငံဆက်ဆံရေးကို) ကျွန်တော် ၁၁ မှတ်ပေးမှာပါ” ၎င်းက ပြောကြားခဲ့သည်။
Kulubaev က ၂၀၂၆ ခုနှစ် ကာဂျစ္စတန်-တရုတ် နှစ်နိုင်ငံလုပ်ငန်းစဉ်များနှင့် တွေ့ဆုံဆွေးနွေးမှုများမှာ အလွန်ကြွယ်ဝပြီး နှစ်နိုင်ငံ အဆင့်မြင့် ကူလူးဖလှယ်မှုသည် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကာဂျစ္စတန်-တရုတ်ဆက်ဆံရေးမှာ ကျယ်ပြန့်တဲ့ အနာဂတ်အလားလာရှိတယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။ ကာဂျစ္စတန်နှင့် တရုတ်တို့သည် တက်ကြွစွာ ဆွေးနွေးညှိနှိုင်းမှုကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများအတွက် တစ်ဆင့်တိုး တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
吉尔吉斯斯坦外长:吉中关系拥有远大前景
新华社比什凯克1月15日电(记者江宥林)吉尔吉斯斯坦外长库鲁巴耶夫15日在首都比什凯克说,2025年吉中关系发展取得丰硕成果,两国关系拥有远大前景。
库鲁巴耶夫在当天举行的年度记者会上回答新华社记者提问时说,过去一年,吉中两国保持密切接触,吉总统扎帕罗夫对中国进行国事访问,两国元首举行多次会晤,双方就双多边问题进行了讨论,吉方始终获得中方支持。“2025年是吉中关系取得丰硕成果和成功的一年。如果满分是10分,我会(为两国关系)打11分。”
库鲁巴耶夫表示,2026年吉中双边议程和会晤会非常丰富,两国最高层交往将推动双方关系向前发展。“我认为,吉中关系拥有远大前景。”他强调,吉方与中方将保持积极沟通,以进一步拓展两国发展机遇。(完)
图说:月15日,在吉尔吉斯斯坦比什凯克,库鲁巴耶夫出席年度记者会。新华社记者 江宥林 摄
