Connect with us

International Organizations

အမေရိကန်အနေဖြင့် အီရန်အပေါ် လက်နက်အင်အားသုံးရန် စွဲလမ်းမှုအား စွန့်လွှတ်ရန် တရုတ်နိုင်ငံ တိုက်တွန်း

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အဓိကရုဏ်းများ ဆန့်ကျင်ရေး စုဝေးလှုပ်ရှားမှုတွင် ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ စွန်းလေက ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အီရန်အခြေအနေ အရေးပေါ် တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးမှုအတွင်း အမေရိကန်အနေဖြင့် အီရန်အပေါ် လက်နက်အင်အားသုံးရန် စွဲလမ်းမှုအား စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။
လတ်တလောကာလများတွင် အီရန်နိုင်ငံ ပြည်တွင်းအခြေအနေသည် ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရကြောင်း၊ အမေရိကန်သည် အီရန်အခြေအနေနှင့်စပ်လျဉ်း၍ ဆက်တိုက်ထုတ်ပြန်ပြောကြား၍ အီရန်အပေါ် လက်နက်အင်အားသုံးမည်ဟု ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲဖြစ်ပွားတော့မည့် အငွေ့အသက်များ လွှမ်းခြုံထားပြီး တင်းမာမှုအခြေအနေ အဆက်မပြတ် ဆိုးရွားလာသည်ဟု စွန်းလေက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်း သို့မဟုတ် လက်နက်အင်အား အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းအား ကန့်ကွက်ကြောင်း၊ မိမိနိုင်ငံ၏သဘောဆန္ဒကို သူတစ်ပါးနိုင်ငံထံ အတင်းအဓမ္မ သွတ်သွင်းခြင်းကို ကန့်ကွက်ကြောင်း၊ ကမ္ဘာကြီးက “တောရိုင်းစည်းမျဉ်း” သို့ နောက်ပြန်ဆုတ်သွားခြင်းကို ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှု မပြုခြင်းသည် နိုင်ငံတကာဥပဒေ အခြေခံမူနှင့် ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေး၏ အရင်းခံအကျဆုံး စံနှုန်းပင်ဖြစ်ကြောင်း၊ အီရန်သည် လွတ်လပ်သည့် အချုပ်အခြာအာဏာနိုင်ငံဖြစ်ကြောင်း၊ အီရန်၏ အရေးကိစ္စများကို အီရန်ပြည်သူများ ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း၊ အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန်အစိုးရနှင့် ပြည်သူများက လက်ရှိအခက်အခဲကို ကျော်ဖြတ်ကာ နိုင်ငံတော်လုံခြုံမှုနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်မှုအား ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်နက်အင်အားသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာကို ပိုမိုရှုပ်ထွေး၍ ဖြေရှင်းရန် ခက်ခဲသွားစေမည်သာဖြစ်ကြောင်း၊ စစ်ရေးအရ အရဲစွန့်လှုပ်ရှားမှုမှန်သမျှသည် ဒေသတွင်းကို မမျှော်မှန်းနိုင်သော ချောက်နက်အတွင်းသို့သာ တွန်းပို့မည်ဖြစ်ကြောင်း စွန်းလေက အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အမေရိကန်အနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာရန်၊ လက်နက်အင်အားသုံးရန် စွဲလမ်းမှုအား စွန့်လွှတ်ရန် တိုက်တွန်းကြောင်း၊ ဘက်အသီးသီးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန်အတွက် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ အတူတကွပါဝင်ရန် တရုတ်နိုင်ငံ တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသသည် တစ်ကမ္ဘာလုံး လုံခြုံရေးအခြေအနေ ထိလွယ်ရှလွယ်အဖြစ်ဆုံး ဒေသဖြစ်နေဆဲဖြစ်ပြီး မတည်မငြိမ်လှုပ်ခတ်မှုများနှင့် စစ်ပွဲ၏အန္တရာယ်သည် အစဉ်တစိုက်မြင့်မားနေကြောင်း စွန်းလေက ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံအများစုက စစ်ရေးအတိုက်အခံပြုလုပ်မှုအပေါ် ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မှုနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုအား ငြိမ်းချမ်းစွာဖြေရှင်းရန် စိတ်ရင်းစေတနာအမှန်ဖြင့် မျှော်လင့်ခြင်းကို သတိပြုမိကြောင်း၊ အမေရိကန် စသည့် သက်ဆိုင်ရာဘက်များက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဒေသတွင်းနိုင်ငံများ၏ တိုက်တွန်းပြောဆိုသံများကို မှန်ကန်စွာရှုမြင်ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ဆန့်ကျင်ဘက်မဟုတ်ဘဲ အကျိုးပြုသည့် ကိစ္စများ ပိုမိုလုပ်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဖျောင်းဖျခြင်းနှင့် စစ်ပွဲရပ်တန့်ခြင်းအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ကာ ဒွိဟများဆိုးရွားလာခြင်းနှင့် မီးလောင်ရာလေပင့်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်နက်အင်အား အသုံးပြုမှုအပေါ် စွဲလမ်းခြင်း၊ ဖိအားပေးခြင်းကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းတို့သည် ပိုမိုများပြားသော ပဋိပက္ခနှင့် ရန်ငြိုးအမုန်းတရားများကိုသာ ဖန်တီးပေးမည်ကို သမိုင်းက အကြိမ်များစွာ သက်သေထူခဲ့ကြောင်း၊ မည်သည့်နိုင်ငံမဆို သူတစ်ပါးနိုင်ငံ၏ကံကြမ္မာကို ဆုံးဖြတ်ပေးပိုင်ခွင့်မရှိသလို နိုင်ငံတကာဥပဒေအထက်တွင် တင်စီးထားသည့် မည်သည့်လုပ်ရပ်မဆို ခွင့်ပြုမည်မဟုတ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သမိုင်း၏မှန်ကန်သောဘက်တွင် ရပ်တည်ရန်၊ တရားမျှတမှုနှင့် သမာသမတ်ကျမှု၏ မှန်ကန်သောဘက်တွင် ရပ်တည်ရန်၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုအား ကာကွယ်ထိန်းသိမ်းခြင်းအတွက် မလျှော့သောဇွဲဖြင့်ကြိုးပမ်းသွားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
中方呼吁美方对伊朗放下武力执念
新华社联合国1月15日电 中国常驻联合国代表团临时代办孙磊15日在安理会伊朗局势紧急公开会上发言,呼吁美方对伊朗放下武力执念。
孙磊说,近期,伊朗国内形势引发广泛关注。美国就伊朗局势持续发声,公然对伊朗发出武力威胁,中东地区战云密布,紧张气氛不断加剧。中方一贯主张遵守《联合国宪章》宗旨和国际法,反对在国际关系中使用或威胁使用武力,反对将本国意志强加于别国,反对世界倒退回“丛林法则”。主权平等、不干涉内政是国际法基本原则和现代国际关系最根本准则。伊朗是独立的主权国家,伊朗的事情应该由伊朗人民自主决定。中方支持维护伊朗主权、安全和领土完整,呼吁国际社会支持伊朗政府和人民克服当前困难,维持国家安全和社会稳定。
孙磊强调,武力解决不了问题,只会使问题更加复杂难解。任何军事冒险行动,只会将地区推向不可预知的深渊。中方呼吁美方恪守《联合国宪章》宗旨和原则,放下武力执念。中方呼吁各方保持克制,共同为维护世界和平与安全发挥应有作用。
孙磊指出,当前,中东仍是全球安全形势最脆弱的地区,动荡与战争的风险始终居高不下。中方注意到绝大多数地区国家对军事对抗的强烈担忧,以及通过对话和平解决争端的真诚期盼。中方希望美方等有关方面正视国际社会和地区国家呼声,多做有利于中东和平稳定的事,而不是相反。各国应为劝和止战发挥建设性作用,避免激化矛盾、火上浇油。
他还说,历史一再证明,迷信武力、一味施压、妄加干涉,只会制造更多的冲突和仇恨。任何国家都没有权力决定别国命运,任何凌驾于国际法之上的行为都不容许。中方呼吁国际社会站在历史正确一边,站在公平正义一边,为维护中东地区和平稳定、维护世界和平安宁作出不懈努力。(完)
图说:1月12日,在伊朗首都德黑兰,人们参加集会。新华社记者 沙达提 摄