Connect with us

Africa & Middle East

အဓိကရုဏ်းများကြောင့် လူ ၃,၀၀၀ ခန့် ဖမ်းဆီးခံရဟု အီရန်မီဒီယာ ဆို

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အဓိကရုဏ်းများ ဆန့်ကျင်ရေး စုဝေးလှုပ်ရှားမှုတွင် ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင် ၃,၀၀၀ ခန့်နှင့် အဓိကရုဏ်းများတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း အီရန်လုံခြုံရေးအရာရှိများက ပြောကြားခဲ့ဟု အီရန် Tasnim သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ဖမ်းဆီးခံရသူများတွင် အဓိကခေါင်းဆောင်များ၊ အစ္စရေးနှင့် ဆက်နွှယ်သူများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အများပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့သော ဆူပူသောင်းကျန်းသူများပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လတ်တလောတွင် အီရန်နိုင်ငံ နေရာအများအပြားတွင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို ဦးတည်သည့် ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး ယင်းကာလအတွင်း အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ဒဏ်ရာရသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း၏ ဇန်နဝါရီ ၁၁ ရက်က ထုတ်လွှင့်ခဲ့သော သီးသန့်မေးမြန်းခန်းတစ်ခုတွင် အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်အစိုးရသည် ပြည်သူများ၏ တောင်းဆိုချက်ကို အထူးအလေးထား နားထောင်ကာ အီရန်ပြည်သူများ ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲများကို ကောင်းမွန်စွာ ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ သို့သော် အီရန်၌ မငြိမ်မသက်မှုများဖန်တီးရန် အမေရိကန်နှင့် အစ္စရေးတို့က “အဓိကရုဏ်းသမားများ” အား လှုံ့ဆော်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
伊朗媒体:约3000人因骚乱被捕
新华社德黑兰1月16日电(记者陈霄 沙达提)据伊朗塔斯尼姆通讯社16日报道,伊朗安全官员表示,目前已有约3000名恐怖组织成员及参与骚乱的人员被捕。
报道说,被捕人员包括重要头目、与以色列有关联的人员、武装人员以及破坏公共财产的暴徒等。
近期,伊朗多地出现针对物价上涨和货币贬值的抗议活动,其间发生骚乱,造成安全人员和民众伤亡。伊朗总统佩泽希齐扬在伊朗国家电视台11日播出的专访中表示,伊朗政府重视倾听民众诉求,决心解决好伊朗人民面临的经济困难,但不能容许美国和以色列教唆“暴乱者”在伊朗制造动荡。(完)
图说:1月12日,在伊朗首都德黑兰,人们参加集会。新华社记者 沙达提 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.