Africa & Middle East
တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှု တိုးချဲ့ခြင်းက ဇင်ဘာဘွေ ပို့ကုန်တိုးတက်မှုအတွက် တွန်းအားဖြစ်စေသည်ဟု ZimTrade က ပြောကြား
ဟာရာရီ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဇင်ဘာဘွေနိုင်ငံ ပို့ကုန်စုစုပေါင်းပမာဏ၏ ၁၆.၉ ရာခိုင်နှုန်းရှိကြောင်း ဇင်ဘာဘွေ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ZimTrade) က ဇန်နဝါရီ ၁၆ ရက် တွင် ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများက ဖော်ပြထားသည်။
ZimTrade အမှုဆောင်အရာရှိချုပ် Allan Majuru က နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပို၍နက်ရှိုင်းလာသည်နှင့်အမျှ ဇင်ဘာဘွေ-တရုတ် နှစ်နိုင်ငံသည် အချဉ်သီး (Citrus)၊ ထောပတ်သီး စသည့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းကဏ္ဍ၌ ကုန်သွယ်မှုတိုးတက်မှုအလားအလာ ပို၍ ကြီးမားလာကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံက ဇင်ဘာဘွေ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဆက်လက်တိုးချဲ့ခဲ့ရာ ဇင်ဘာဘွေ အချဉ်သီး (Citrus)၊ ထောပတ်သီးနှင့် ဘလူးဘယ်ရီ စသည့် စိုက်ပျိုးရေးထုတ်ကုန်အမျိုးအစား အများအပြား တရုတ်ဈေးကွက်သို့ ဝင်ရောက်လာစေခဲ့ပြီး တရုတ်နိုင်ငံသို့ ဇင်ဘာဘွေနိုင်ငံ၏ တင်ပို့မှုပမာဏက တစ်ဆင့်တိုးကျယ်ပြန့်လာကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းခွင့်ပြုမှု တိုးချဲ့ခြင်းအစီအမံများအပေါ် Allan Majuru က အထူးချီးမွမ်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အစီအမံများက ဇင်ဘာဘွေ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု တိုးချဲ့ရေးကို အထောက်အကူပြုကြောင်း၊ တရားမဝင်ကုန်သွယ်ရေးကို လျော့နည်းစေပြီး ဒေသခံလယ်သမားများ၏အကျိုးစီးပွားကို မြှင့်တင်ပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းများအရ ၂၀၂၄ ခုနှစ်တွင် တရုတ်-ဇင်ဘာဘွေ နှစ်ဖက်ကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၃.၈၀၂ သန်း ရှိပြီး ယမန်နှစ်ကာလတူထက် ၂၃.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၎င်းတို့အနက် ဇင်ဘာဘွေနိုင်ငံမှ တရုတ်နိုင်ငံ၏ တင်သွင်းမှုမှာ ကန်ဒေါ်လာ ၂.၄၃ ဘီလီယံရှိရာ ယမန်နှစ်ကာလတူထက် ၄၆.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
共话中国经济新机遇|津巴布韦贸促会:中国扩大农产品准入推动津出口增长
新华社哈拉雷1月16日电(记者许正)津巴布韦贸促会16日发布的最新数据显示,2025年前11个月,对中国出口占该国出口总额的16.9%。
津贸促会首席执行官艾伦·马朱鲁在声明中说,随着双边合作愈加深入,津中两国在柑橘、牛油果等农产品领域贸易增长潜力较大。近年来,中国持续扩大对津巴布韦农产品进口力度,推动津巴布韦柑橘、牛油果和蓝莓等多种农产品进入中国市场,进一步扩大了津对华出口规模。
马朱鲁对中国扩大津巴布韦农产品准入举措高度评价。他说,中国的举措有助于津巴布韦扩大农产品出口,减少非正规贸易,提高本地农民的收益。
据中国海关统计,2024年中津双边贸易额为38.02亿美元,同比增长23.9%。其中,中国自津巴布韦进口24.3亿美元,同比增长46.2%。(完)
1. 2025年12月4日拍摄的宁波舟山港穿山港区集装箱码头(无人机照片)。 (配本社同题文字稿) 新华社发(汤健凯摄)
