Asia
“ဆာနာအဲ တာကာအိချိရဲ့ မှားယွင်းတဲ့ပြောဆိုချက်က အားလုံးကို မီးနီအတူဖြတ်ဖို့ ခေါ်နေတာပဲ” ဟု ဂျပန်နိုင်ငံ ဂဲအိုအိတက္ကသိုလ် အထူးခန့်အပ်ထားသော တွဲဖက်ပါမောက္ခ အာရီနို ရိုအူစဂဲ ဆို
တိုကျို၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
“ဆာနာအဲ တာကာအိချိ အခုလုပ်နေတဲ့ ကိစ္စက အားလုံးကို ‘မီးနီဆိုပေမယ့် အားလုံးအတူဖြတ်မယ်ဆို ကြောက်စရာမလိုဘူး။ ထိုင်ဝမ်ပြဿနာဆိုတဲ့ ဒီမျဉ်းနီကို အားလုံးအတူနင်းမယ်ဆို ကြောက်စရာမဟုတ်ဘူး’ လို့ ပြောနေတာနဲ့ တူတူပဲ”
ဂျပန်နိုင်ငံ ဂဲအိုအိတက္ကသိုလ် အထူးခန့်အပ်ထားသော တွဲဖက်ပါမောက္ခ အာရီနို ရိုအူစဂဲက လတ်တလောရက်ပိုင်းတွင် လမ်းပေါ်ဟောပြောမှုအတွင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့်ပြောဆိုချက်ကို ဝေဖန်ခဲ့ရာ သက်ဆိုင်ရာဗီဒီယိုသည် လူမှုမီဒီယာပလက်ဖောင်း၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့သည်။
အာရီနို ရိုအူစဂဲက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ လက်ရှိ ဂျပန်လူမှုအသိုက်အဝန်းတွင် လူများစွာက ဂျပန်-တရုတ်ဆက်ဆံရေး၏ သမိုင်းကြောင်းနှင့် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုချက်ကြောင့် သက်ရောက်မှုအပေါ် အပြည့်အဝ နားလည်သိရှိခြင်းမရှိကြောင်း၊ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ဆာနာအဲ တာကာအိချိ ပြောဆိုချက်၏ ပြဿနာအကြောင်းအရာကို လူများစွာသိရှိလာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“ဆာနာအဲ တာကာအိချိက လွှတ်တော်မှာ ပြောဆိုချက်က ‘ထိုင်ဝမ်မှာ အရေးကိစ္စရှိချိန်’ တွင် ဂျပန်က လက်နက်အင်အားနဲ့ ကြားဝင်မယ်လို့ အရိပ်အမြွက်ပြောနေတာ။ ဂျပန်မှာ ဒါကို ‘မိမိကိုယ်ကိုယ် စုဖွဲ့ကာကွယ်ခွင့် လုပ်ဆောင်ခြင်း’ လို့ တန်ဆာဆင်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒါက အသိအမှတ်ပြုခြင်း မခံရပါဘူး” ဟု အာရီနို ရိုအူစဂဲက ဆိုသည်။
အာရီနို ရိုအူစဂဲ က သတင်းထောက်ထံသို့ ၎င်းဟောပြောသည့် ဗီဒီယိုကို ပြသခဲ့သည်။ အဆိုပါဟောပြောမှုအတွင်း ၎င်းက ဂျပန်-တရုတ် ရရှိထားသည့် နိုင်ငံရေးစာရွက်စာတမ်းလေးခု၏ အကြောင်းအရာကို မိတ်ဆက်ပြောကြားခဲ့ပြီး ဂျပန်ဘက်က အဆိုပါစာရွက်စာတမ်းများတွင် တရုတ်တစ်နိုင်ငံတည်းအား အခိုင်အမာ လက်ကိုင်ထားမည်ဟူသည့် နိုင်ငံရေးကတိကဝတ်ကို အတိအလင်းပြုလုပ်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
“ဂျပန်-တရုတ်ကြားက နိုင်ငံရေးစာရွက်စာတမ်း လေးခုရဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဂျပန်ပြည်သူ အများအပြားက ဒီအပေါ် နားမလည်ကြပါဘူး။ အထူးသဖြင့် ၁၉၇၂ ခုနှစ် “ဂျပန်-တရုတ်ပူးတွဲကြေညာချက်” နဲ့ ၁၉၇၈ ခုနှစ် “ဂျပန်-တရုတ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး စာချုပ်” မူလအကြောင်းအရာနဲ့ ဒါကနေ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းပေါ့” ဟု အာရီနို ရိုအူစဂဲက ဆိုသည်။
တရားဥပဒေရှုထောင့်အရဖြစ်စေ သမိုင်းရှုထောင့်အရဖြစ်စေ ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့် စပ်လျဉ်းသော ပြောဆိုချက်သည် ပြဿနာရှိနေသည်ဟု အာရီနို ရိုအူစဂဲ က ယူဆသည်။ ဂျပန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ တွင် ဂျပန်အနေဖြင့် နိုင်ငံအာဏာဖြင့် စစ်ပွဲစတင်ခြင်း၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက်အင်အားကို အသုံးပြု၍ နိုင်ငံတကာအငြင်းပွားမှုအား ဖြေရှင်းခြင်း နည်းလမ်းအား ရာသက်ပန်စွန့်လွှတ်ကြောင်း အတိအလင်း သတ်မှတ်ထားကြောင်း၊ မိမိကိုယ်ကိုယ် စုဖွဲ့ကာကွယ်ခွင့်ဟူသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပင် ဒွိဟဖြစ်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
“ဂျပန်က ‘မိမိကိုယ်ကိုယ်စုဖွဲ့ကာကွယ်ခွင့်’ ဆိုတဲ့ခေါင်းစဉ်ဖြင့် ထိုင်ဝမ်အရေးကိစ္စမှာ စစ်ရေးဖြင့်ကြားဝင်မယ်ဆို ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု အာရီနို ရိုအူစဂဲက သတင်းထောက်ကို ပြောကြားခဲ့သည်။
“သမိုင်းကို မမြင်ချင်ယောင်ဆောင်တဲ့သူက အနာဂတ်ကိုလည်း မမြင်ချင်ယောင်ဆောင်မှာပဲ” ဟု အာရီနို ရိုအူစဂဲ က ဆိုသည်။ ဂျပန်အနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အာရှတိုက်နိုင်ငံနှင့် ဒေသများစွာအပေါ် ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့ဖူးပြီး ထိုင်ဝမ်ဒေသအပေါ် နှစ်ပေါင်း ၅၀ ကြာ ကိုလိုနီအုပ်ချုပ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် အငြင်းပွားဖွယ်မရှိသော ဖြစ်ရပ်မှန်ဖြစ်ရာ ဂျပန်အနေဖြင့် အဆိုပါသမိုင်းအပေါ် တည့်မတ်စွာ ရှုမြင်ရမည်ဖြစ်ကြောင်း၊ ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့်ပြောဆိုချက်သည် တရုတ်ပြည်သူများ၏ သံယောဇဉ်ကို နက်ရှိုင်းစွာ ထိခိုက်နစ်နာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်က ‘ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်အရေးကိစ္စမှာ လုံးဝကြားဝင်လို့ မရပါဘူး။ တရုတ်နိုင်ငံအတွက် ထိုင်ဝမ်အရေးကိစ္စက မျဉ်းနီပဲ။ ဆာနာအဲ တာကာအိချိ လုပ်နေတဲ့ကိစ္စက အားလုံးကို မီးနီအတူတူဖြတ်ဖို့ခေါ်နေတာပဲ။ ဒီလိုမျိုး အန္တရာယ်များတဲ့ ဝန်ကြီးချုပ်ကို ကျွန်တော်တို့ အလိုက်သင့်ထောက်ခံလို့မရပါဘူး” ဟု အာရီနို ရိုအူစဂဲ က ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုအား ပါဝင်နေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
专访|“高市错误言论是在喊大家一起闯红灯”——访日本庆应义塾大学特聘副教授有野洋辅
新华社东京1月17日电 题:专访|“高市错误言论是在喊大家一起闯红灯”——访日本庆应义塾大学特聘副教授有野洋辅 新华社记者陈泽安 杨智翔 郭丹
“高市早苗正在做的事,就像对大家喊‘虽然是红灯,只要大家一起闯就不可怕;台湾问题这条红线,只要大家一起踩就不可怕’。”日本庆应义塾大学特聘副教授有野洋辅近日发表街头演讲,批驳日本首相高市早苗的涉台错误言论,相关视频在社交平台广泛传播。
有野洋辅在接受新华社记者专访时表示,当前日本社会中有不少人对日中关系的历史脉络以及高市涉台错误言论的影响认识并不充分,有必要让更多人看清高市涉台言论的问题所在。
“高市在国会的发言,暗示‘台湾有事’时日本将以武力方式介入。在日本,这被包装成所谓‘行使集体自卫权’,但在国际上,不能获得认可。”有野向记者展示了他的演讲视频。演讲中他介绍了日中达成的四个政治文件的内容,指出日方在这些文件中曾明确作出坚持一个中国的政治承诺。
“关于日中之间的四份政治文件的内容,许多日本民众其实对此并不了解,尤其是1972年的《日中联合声明》和1978年的《日中和平友好条约》原文,以及由此形成的历史脉络。”有野说。
有野认为,无论从法理角度还是历史角度,高市的涉台言论都存在问题。他指出,日本宪法第九条明确规定,日本永久放弃以国家权力发动战争、通过武力威胁或使用武力来解决国际纷争的手段。所谓集体自卫权与宪法本身就相互矛盾。“日本如果打着‘行使集体自卫权’的名义军事介入台湾问题的话,日本宪法是不允许的。”有野对记者说。
“对历史视而不见的人,也会对未来视而不见。”有野说,日本曾对包括中国在内的亚洲多个国家和地区发动侵略战争,对台湾地区实施了长达50年的殖民统治,这是不容置疑的事实,日本必须正视这段历史。高市的涉台错误言论深深伤害了中国人民的感情。
“日本绝对不能以所谓‘台湾有事’为由介入台湾问题。对中国来说,台湾问题是红线。而高市正在做的事情,就是在喊大家一起闯红灯。面对这样危险的首相,我们不能附和!”有野说。(完)
图说1:2025年11月26日,在位于日本东京的日本国会,日本首相高市早苗(左)在党首辩论会上发言。新华社记者贾浩成摄
图说2:2025年11月28日,民众在日本东京的首相官邸外参加抗议活动。新华社记者 贾浩成 摄
