Connect with us

North America

အမေရိကန် “ကျွန်းလုယက်မှု” စည်းကြပ်ခွန်ကြောင့် ဈေးကွက်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပွား၊ နိုင်ငံတကာ ရွှေနှင့် ငွေ ဈေးနှုန်းနှစ်ခုလုံး သမိုင်းစံချိန်သစ်တင်

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ရှုခင်းကို ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဥရောပနိုင်ငံအချို့အပေါ် အမေရိ

ကန် အစိုးရက စည်းကြပ်ခွန်ထပ်တိုးကောက်ခံခြင်း စသည့် သက်ရောက်မှုများကြောင့် နိုင်ငံတကာ ရွှေ (Gold) နှင့် ငွေ (Silver) ဈေးနှုန်းနှစ်ခုလုံး သမိုင်းစံချိန်သစ်တင်ခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) Gold Futures ဈေးနှုန်းသည် ဇန်နဝါရီ ၁၈ ရက်က အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၆၉၈ အထိ မြင့်တက်ခဲ့သလို Silver Futures ဈေးနှုန်းများသည် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၉၄ ဒေါ်လာကျော် အထိ ရောက်ရှိခဲ့သည်။ လန်ဒန် လက်ရှိရွှေဈေးနှုန်းသည် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက်တွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၆၉၀ ကျော် မြင့်တက်ခဲ့သလို လက်ရှိငွေဈေးနှုန်းမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၉၄ ဒေါ်လာကျော် အထိ ရောက်ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်မှစ၍ အမေရိကန်သို့ တင်သွင်းသော ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် နိုင်ငံများ၏ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းထပ်တိုးကောက်ခံမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။
ထို့အပြင် ထပ်တိုးစည်းကြပ်ခွန်များ၏ အခွန်နှုန်းထားသည် ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ရာ ယင်းမှာ အမေရိကန်က “ဂရင်းလန်းကျွန်းကို ဘက်စုံ အပြည့်အဝ ဝယ်ယူခြင်း” နှင့်စပ်လျဉ်း၍ သက်ဆိုင်သူများ သဘောတူညီချက်ရရှိသည်အထိ ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါလုပ်ရပ်သည် အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်မှုဆက်ဆံရေးအပေါ် ဈေးကွက်၏ စိုးရိမ်ပူပန်မှုဖြစ်စေရာ နစ်နာမည့်အန္တရာယ် ရှောင်ရှားရန်အလို့ငှာ အဖိုးတန်သတ္တုဝယ်လိုအား မြင့်တက်ရန် တွန်းအားဖြစ်ခဲ့သည်။

၂၀၂၆ ခုနှစ် ပထမ သီတင်းပတ် နှစ်ပတ်တွင် ရွှေနှင့် ငွေဈေးနှစ်ခုလုံးသည် နှစ်သစ်တွင် အကြီးမားဆုံး မြင့်တက်ခဲ့သည်။ ၂၀၂၆ ခုနှစ် အဖွင့်ကာလမှစ၍ ငွေဈေးနှုန်း (Silver Prices) သည် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှစ၍ နှစ်သစ်၏ အားအကောင်းဆုံးသော အစပြုမှုဖြစ်ခဲ့သည်။
ရွှေဈေးသည် စဉ်ဆက်မပြတ် မြင့်တက်နေမည်ဖြစ်သည်ဟု ဈေးကွက်တွင် အများက ရှုမြင်ယူဆကြသည်။

အနာဂတ်အကျိုးဆောင်ကုမ္ပဏီ FXTM သုံးသပ်သူပညာရှင်က အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell စစ်ဆေးခံရခြင်း၊ အမေရိကန်က ကုန်သွယ်ရေးမိတ်ဖက်များဖြင့် ကုန်သွယ်ရေးပွတ်တိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခြင်းနှင့် နိုင်ငံအများအပြားက ဗဟိုဘဏ်များ ရွှေ ဆက်တိုက်ဝယ်ယူခြင်း စသည့် အကြောင်းရင်းများကြောင့် ရွှေဈေးနှုန်းမှာ အချိန်တိုအတွင်း သမိုင်းစံချိန်အမြင့်ဆုံးကို စဉ်ဆက်မပြတ် ထိုးဖောက်နေခြင်း ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း၏ မြို့တော်တွင် ဆန္ဒပြနေကြသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
美国“夺岛”关税引发市场担忧 国际金银价格均创历史新高
新华社纽约1月18日电(记者徐静)受美国政府对部分欧洲国家加征关税等影响,国际黄金和白银价格均创历史新高。纽约商品交易所黄金期货价格18日一度升至每盎司4698美元,白银期货价格突破每盎司94美元。伦敦现货黄金价格当地时间19日一度涨破每盎司4690美元,现货白银价格突破每盎司94美元。
美国总统特朗普17日在社交媒体上宣布,将从2月1日起对来自丹麦、挪威、瑞典、法国、德国、英国、荷兰和芬兰的输美商品加征10%关税,并宣称加征关税的税率将从6月1日起提高至25%,直到相关方就美国“全面、彻底购买格陵兰岛”达成协议。此举引发市场对跨大西洋贸易关系的担忧,推动买入贵金属的避险需求升温。
2026年前两周,黄金和白银均创最大新年涨幅。2026年开年以来,白银价格已上涨31%,创下自1983年以来最强劲新年开局。
市场多数观点认为,黄金价格将持续上涨。期货经纪商富拓外汇分析师表示,美联储主席鲍威尔被调查、美国持续挑起与贸易伙伴摩擦以及多国央行持续购金等因素,推动金价短期内持续突破历史高位。(完)
1. 这是2025年3月20日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者赵丁喆摄
2. 1月17日,人们在丹麦自治领地格陵兰岛首府努克参加示威游行。新华社发(孔斯豪格摄)
3. 2025年2月11日,在浙江省湖州市德清县乾元镇一家金店,店员展示黄金首饰。新华社发(倪立芳摄)