Connect with us

Africa & Middle East

၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူအချင်းချင်း ဖလှယ်ရေးနှစ်” က ပူးပေါင်းဆောင်ရွက်မှု အလားအလာသစ် ဖွင့်လှစ်ပေးဟု ဆီနီဂေါမီဒီယာဖော်ပြ

အီသီယိုးပီးယားနိုင်ငံ မြို့တော်အာဒစ်အာဘာဘာရှိ အာဖရိကသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူအချင်းချင်းဖလှယ်ရေးနှစ်” ဖွင့်ပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ်က “တရုတ်-အာဖရိက ပြည်သူအချင်းချင်း ဖလှယ်ရေးနှစ်” အဖြစ် အတည်ပြုခံရခြင်းသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာသစ် ဖွင့်လှစ်ပေးကြောင်း၊ ပြည်သူအချင်းချင်းဖလှယ်မှု၊ ယဉ်ကျေးမှုနှင့် လူငယ်အကြောင်းအရာကို ပိုမိုထင်ရှားသည့်နေရာ၌ထားရှိခြင်းသည် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော၊ လူမှုအသိုက်အဝန်း၏ အသိအမှတ်ပြုမှု ပိုမိုရလွယ်သော ဦးတည်ချက်ဆီသို့ တိုးတက်မှုကို တွန်းအားပေးရန် အထောက်အကူပြုကြောင်း ဆီနီဂေါနိုင်ငံ အစိုးရမီဒီယာ “Le Soleil” က ဇန်နဝါရီ ၁၇ ရက်တွင် သတင်းဖော်ပြ၍ ထောက်ပြခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၆ ခုနှစ် “တရုတ်-အာဖရိက ပြည်သူအချင်းချင်းဖလှယ်ရေးနှစ်” သည် လူငယ်များဖလှယ်မှု၊ လူတော်လူချွန်များ ပျိုးထောင်မှု၊ ယဉ်ကျေးမှုချင်း အပြန်အလှန်ချိတ်ဆက်မှုနှင့် လူမှုအသိုက်အဝန်း ဆန်းသစ်တီထွင်မှုဖြင့် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးခိုင်မြဲစေရန် ရည်ရွယ်သည်။ “တရုတ်-အာဖရိက ပြည်သူအချင်းချင်းဖလှယ်ရေးနှစ်” တွင် အသေးစိတ်စီစဉ်ထားသော လှုပ်ရှားမှု အခမ်းအနားများစွာ ကျင်းပသွားမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာတိုးတက်မှုကို တွန်းအားပေးနိုင်သည့် ခေတ်သစ်လူတော်လူချွန်များ ပျိုးထောင်ပေးခြင်းဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးဟူသော ရှုထောင့်တစ်ခုထက် တိုးချဲ့လာရန် ရည်ရွယ်ထားသည်။
အာဖရိက-တရုတ်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် မဟာဗျူဟာမြောက်ခိုင်မာရင့်ကျက်မှုကို ဖော်ပြနေပြီး ၂၀၂၆ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှင့် လူရည်ချွန်စွမ်းရည်တည်ဆောက်မှု နှစ်မျိုးလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မည့် အဆင့်သစ်ကို ဖွင့်လှစ်လိုက်မည်ဖြစ်သည်။ အပြန်အလှန်နားလည်သိရှိမှု မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဖလှယ်မှု နက်ရှိုင်းစေခြင်းဖြင့် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အားလုံးပိုမိုပါဝင်မှုရှိလာကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုနှင့် မသေချာမရေရာသော နိုင်ငံတကာပတ်ဝန်းကျင်အား ကိုင်တွယ်စီမံရန် စွမ်းရည်ပိုမိုပိုင်ဆိုင်လာမည်ဖြစ်ပေသည်။

“တရုတ်-အာဖရိက ပြည်သူအချင်းချင်း ဖလှယ်ရေးနှစ်” သည် နှစ်ဖက်က ရေရှည်အမြော်အမြင်ထားရှိသည့် ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက်ကို ထင်ဟပ်နေပေသည်။ ၎င်းသည် လူမှုယဉ်ကျေးမှုအနှစ်သာရများ ပိုမိုပါဝင်မှုရှိသော၊ ပိုမိုအားလုံးပါဝင်မှုရှိသော၊ ပိုမိုကြံ့ကြံ့ခံနိုင်ရည်ရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာသစ် ဖွင့်လှစ်ပေးမည်ဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
全球瞭望|塞内加尔媒体:2026年“中非人文交流年”打开合作新空间
新华社达喀尔1月18日电(记者陈晨)塞内加尔官方报纸《太阳报》17日刊文指出,2026年被确定为“中非人文交流年”,为双方合作打开新的空间。将人文、文化与青年议题置于更突出位置,有助于推动合作朝着更可持续、也更易获得社会认同的方向发展。文章摘要如下:
2026年“中非人文交流年”旨在通过青年交流、人才培养、文化互通与社会创新,进一步巩固非中合作。“中非人文交流年”将举办一系列精品活动,目标是培养能够推动合作深入发展的新一代人才,使双方合作超越单一经济维度。
非中关系在2025年展示出战略成熟度,2026年将开启兼顾经济增长与人才能力建设的新阶段。通过增进相互理解、深化文化交流,非中合作将更加包容,并更有能力应对可持续发展挑战以及不确定的国际环境。
“中非人文交流年”体现双方着眼长远的合作愿景。它将为更具人文内涵、更包容、更有韧性的合作打开新的空间。(完)
图说:1月8日,2026年“中非人文交流年”开幕式在埃塞俄比亚首都亚的斯亚贝巴非盟总部举行。新华社记者 韩旭 摄