North America
အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုများကို “စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်း” ဖြင့် တုံ့ပြန်သွားမည်ဟု ဥရောပနိုင်ငံ ၈ နိုင်ငံ ဆို
အော့စလို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့် စတင်သော စည်းကြပ်ခွန် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ဥရောပနိုင်ငံ ၈ နိုင်ငံက ဇန်နဝါရီ ၁၈ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့၍ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်မှုသည် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိသော သံသရာဆိုး ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိကြောင်း၊ နိုင်ငံ ၈ နိုင်ငံအနေဖြင့် “စည်းလုံးညီညွတ်စွာညှိနှိုင်းဆောင်ရွက်ခြင်း” ဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့် ဗြိတိန် နိုင်ငံတို့က ဤပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
“ကျွန်တော်တို့က ဒိန်းမတ်ဘုရင်၊ ဂရင်းလန်းကျွန်း ပြည်သူတွေနဲ့အတူ အခိုင်အမာရပ်တည်ပြီး… အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှု အခြေခံမူကို အရင်းခံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ကျွန်တာ်တို့ ဆန္ဒရှိပါတယ်” ၊ နိုင်ငံ ၈ နိုင်ငံအနေဖြင့် အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုများကို “စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှု” နည်းလမ်းများဖြင့် ဆက်လက်၍ ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ပြီး “ကိုယ်ပိုင် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ဖို့ ကျွန်တော် အခိုင်အမာ အားစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်တွင် “Arctic Endurance” စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့် ထရမ့်၏စွပ်စွဲချက်များကိုလည်း ဖြေရှင်းပြောကြားခဲ့သည်။ ယင်းလေ့ကျင့်မှုသည် ဒိန်းမတ်နှင့် ၎င်း၏မဟာမိတ်များက ကြိုတင်ညှိနှိုင်းဆောင်ရွက်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းက အာတိတ်လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီမှုရှိသလို “မည်သူ့အပေါ်မျှ ခြိမ်းခြောက်မှုမဖြစ်” ဟု ရှင်းပြခဲ့သည်။
မကြာသေးမီရက်များတွင် နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် စသည့် ဥရောပနိုင်ငံများက ဂရင်းလန်းကျွန်း၌ ဒိန်းမတ် လုပ်ဆောင်သော “Arctic Endurance” စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စစ်သည်များစေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၁၇ ရက်တွင် အထက်ဖော်ပြပါနိုင်ငံများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို ကြေညာစဉ် ထိုနိုင်ငံများမှ လူပုဂ္ဂိုလ်များ ဂရင်းလန်းကျွန်းသို့ သွားရောက်သည့် “ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟုပြောကြားခဲ့သည်။ ထိုနိုင်ငံများက “အလွန်အန္တရာယ်များတဲ့ ဂိမ်းကို ကစားနေကြတယ်” ၊ ယင်းက အန္တရာယ်များကို စဉ်ဆက်မပြတ် မဖြစ်နိုင်သည့် အဆုံးစွန်သို့ တွန်းပို့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
欧洲八国称将“团结协调”应对美国关税威胁
新华社奥斯陆1月18日电(记者姚雨璘 张玉亮)面对美国总统特朗普发出的关税威胁,欧洲八国18日发表联合声明称,威胁加征关税破坏跨大西洋关系,有引发危险恶性循环的风险,八国将“团结协调”予以应对。
丹麦、芬兰、法国、德国、荷兰、挪威、瑞典和英国共同签署了这份声明。
声明说,“我们坚定同丹麦王国及格陵兰岛人民站在一起……我们愿基于主权与领土完整原则进行对话。”八国将继续以“团结、协调”的方式应对美国关税威胁,“我们坚定致力于维护自身主权”。
声明还针对特朗普指责的“北极耐力”军事演习解释说,该演习是丹麦同盟友预先协调举行的,旨在加强北极安全,符合跨大西洋的共同利益,“不对任何人构成威胁”。
近日,挪威、瑞典、法国、德国、英国、荷兰和芬兰等欧洲国家宣布向格陵兰岛派兵
,参加由丹麦在该岛发起的“北极耐力”军事演习。
特朗普17日在宣布对上述国家加征关税时称,这些国家的人员前往格陵兰岛,“目的不明”。这些国家“正在玩一个非常危险的游戏”,将风险推高至不可持续的临界点。(完)
图说:1月17日,人们在丹麦自治领地格陵兰岛首府努克参加示威游行。新华社发(孔斯豪格摄)
