Connect with us

Latin America

တရုတ်နိုင်ငံမှ ကျူးဘားနိုင်ငံအား ကူညီပေးသော အရေးပေါ် စားနပ်ရိက္ခာကူညီရေးအစီအစဉ်၏ ပထမဆုံးအသုတ် ဆန်အိတ်များ လွှဲပြောင်းပေးအပ်

ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားတွင် ဝန်ထမ်းများက တရုတ်နိုင်ငံမှ ကူညီပေးသည့် ဆန်အိတ်များအား နေရာချနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကျူးဘားနိုင်ငံအား ကူညီပေးသော အရေးပေါ် စားနပ်ရိက္ခာကူညီရေးအစီအစဉ်၏ ပထမဆုံးအသုတ် ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်က ကျူးဘားနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဝန်ကြီးဌာန စားနပ်ရိက္ခာရွှေ့ပြောင်းသယ်ဆောင်ရေး ဂိုဒေါင်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျူးဘားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Oscar Perez-Oliva Fraga ၊ ပြည်တွင်းကုန်သွယ်ရေးဝန်ကြီး Betsy Díaz Velázquez ၊ နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး Déborah Rivas Saavedra နှင့် ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွာရှင်းတို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် Oscar Perez-Oliva Fraga က အဆိုပါကူညီရေးပစ္စည်းများသည် တရုတ်နိုင်ငံက ကျူးဘားနိုင်ငံအပေါ် အဖိုးတန်သောကူညီမှုနှင့် နက်ရှိုင်းသောသံယောဇဉ်ကို အပြည့်အဝထင်ဟပ်စေကြောင်း၊ စားနပ်ရိက္ခာကူညီမှုအပြင် နှစ်ဖက်က စွမ်းအင် စသည့်ကဏ္ဍများစွာတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့ပြီး လျင်မြန်ထိရောက်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ လက်ရှိခက်ခဲသည့်အခြေအနေတွင် တရုတ်နိုင်ငံအစိုးရ၏ ထောက်ခံအားပေးမှုအပေါ် ကျူးဘားက လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် ကျူးဘား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုအား အသေးစိတ်လက်တွေ့ဖော်ဆောင်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟွာရှင်းက ယခုအကြိမ်ကူညီမှုသည် တရုတ်-ကျူးဘားနှစ်နိုင်ငံ၏ ထူးကဲစွာချစ်ကြည်ရင်းနှီးသည့် နက်ရှိုင်းသောသံယောဇဉ်ကို ဆောင်ကြဉ်းထားသည်သာမက နှစ်ဖက်က လှိုင်းဒဏ်လေဒဏ် အခက်အခဲများကြားတွင် အစဉ်အမြဲ အတူလက်တွဲရှေ့သို့ချီတက်နေသည့် ခိုင်မာသောယုံကြည်မှုကိုလည်း ထင်ဟပ်စေကြောင်း၊ နှစ်နိုင်ငံ၏ အတူတကွကြိုးပမ်းမှုအောက်တွင် မည်သည့်ပိတ်ဆို့မှုမဆို မျှော်လင့်ချက် အလင်းရောင်အား မှေးမှိန်သွားစေမည်မဟုတ်သလို မည်သည့်အခက်အခဲမဆိုလည်း ရှေ့သို့ချီတက်သည့်လမ်းကို မတားဆီးနိုင်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားဘက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ပြီး အခက်အခဲများကို အတူကျော်ဖြတ်ကာ တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် ပိုမိုများပြားသောအားအင်များ ဖြည့်တင်းပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ဆန်ကူညီရေးအစီအစဉ်၏ စုစုပေါင်းကူညီပေးမည့်ပမာဏသည် တန်ချိန် ၃၀,၀၀၀ ဖြစ်ပြီး ပထမဆုံးအသုတ်ကို ဇန်နဝါရီ ၁၉ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဒုတိယအသုတ်သည် ကျူးဘားနိုင်ငံ ဆန်တီရာဂို ဒီကျူးဘားဆိပ်ကမ်းသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ရောက်ရှိပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲအသုတ်များလည်း မကြာမီစတင်ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
中国援古巴紧急粮食援助项目首批大米完成交付
新华社哈瓦那1月19日电(记者蒋彪)中国援古巴紧急粮食援助项目首批大米交付仪式19日在古巴内贸部粮食转运仓库举行。古巴副总理兼外贸外资部长佩雷斯-奥利瓦、内贸部长迪亚斯、外贸外资部副部长里瓦斯和中国驻古巴大使华昕等出席活动。
佩雷斯-奥利瓦在仪式上表示,这批援助物资充分体现了中国对古巴的宝贵帮助与深厚情谊。除粮食援助外,双方还在能源等多个领域开展广泛合作,取得迅速有效的进展。在当前困难条件下,古巴衷心感谢中国政府的支持,这正是共建古中命运共同体的具体实践。
华昕表示,此次援助不仅承载着中古两国特殊友好的深情厚谊,也彰显了双方在风浪中始终携手同行的坚定信念,相信在两国共同努力下,任何封锁都无法熄灭希望之光,任何困难都无法阻挡前进之路。中方愿与古方继续加强合作,共克时艰,为构建中古命运共同体注入更多动力。
据悉,本次大米援助项目总量为3万吨,首批19日交付,第二批已顺利运抵古巴圣地亚哥港,后续批次也即将启运。(完)
图说:1月19日,在古巴首都哈瓦那,工作人员码放中国援助的大米。新华社发(华金·埃尔南德斯摄)