Connect with us

Asia

တောင်ကိုရီးယားနိုင်ငံက အထူးရှေ့နေဥပဒေအသစ်ဖြင့် ယွန်းဆက်ယို ဇနီးမောင်နှံအား ဆက်လက်စုံစမ်းစစ်ဆေးမည်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တရားရုံးကြားနာမှု တက်ရောက်နေသော တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို (ယာဘက် တီဗီ အောက်ဘက်) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS/Handout via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို ဇနီးမောင်နှံအား ဆက်လက်စုံစမ်းစစ်ဆေးရန် ရည်ရွယ်သည့် ဘက်စုံအထူးရှေ့နေဥပဒေအသစ်ကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် တောင်ကိုရီးယားနိုင်ငံ နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် စိစစ်၍ အတည်ပြုခဲ့ကြောင်း Yonhap သတင်းဌာနက ထိုနေ့ သတင်း၌ ဖော်ပြခဲ့သည်။
ဘက်စုံအထူးရှေ့နေဥပဒေအသစ်တွင် ပါဝင်သော စုံစမ်းစစ်ဆေးမည့် အကြောင်းအရာများမှာ စုစုပေါင်း ၁၇ ခု ရှိပြီး ယခင်က စုံစမ်းစစ်ဆေးရေးတာဝန်အား လုပ်ဆောင်ခဲ့ပြီးဖြစ်သည့် အထူးရှေ့နေအဖွဲ့သုံးဖွဲ့က စုံစမ်းစစ်ဆေးမှုအတွင်း မလုံလောက်သည့် အစိတ်အပိုင်းနှင့် အသစ်တိုးသော သံသယဖြစ်ဖွယ်အချက်များကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်သည်။ အဆိုပါဥပဒေမူကြမ်းကို ဇန်နဝါရီ ၁၆ ရက်က တောင်ကိုရီးယား လွှတ်တော် မျက်နှာစုံညီအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မှုဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည်။
အဆိုပါဥပဒေမူကြမ်းအား အတည်ပြုပြီးနောက် သမ္မတသည် တင်ပြထားသည့်စာရင်းအနက်မှ အထူးရှေ့နေတစ်ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းသည် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရှေ့နေနှင့် အစိုးရဝန်ထမ်းစေလွှတ်ပေးရန် တောင်းခံပြီး ၎င်းတို့ဖြင့် ဖွဲ့စည်းထားသော အထူးရှေ့နေအဖွဲ့အသစ်ဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နိုင်ကြောင်း၊ အထူးရှေ့နေအဖွဲ့အသစ်အနေဖြင့် ပြင်ဆင်ကာလ ရက် ၂၀ ရှိပြီး ထို့နောက် ရက်ပေါင်း ၉၀ ကြာ စုံစမ်းစစ်ဆေးမှုအား လုပ်ဆောင်နိုင်ကြောင်း၊ ထို့ပြင် တစ်ကြိမ်လျှင် ရက် ၃၀ ဖြင့် နှစ်ကြိမ်သက်တမ်းတိုးနိုင်ကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယိုသည် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တောင်ကိုရီးယားနိုင်ငံ ရှေ့နေရုံး အရေးပေါ်စစ်အုပ်ချုပ်ရေး စုံစမ်းစစ်ဆေးမှုဌာနသည် “ပြည်တွင်းဆူပူသောင်းကျန်းမှု စတင်မှု” ဖြင့် ယွန်းဆက်ယိုအား ဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခဲ့သည်။ ယွန်းဆက်ယိုသည် တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအစိုးရ သမိုင်းတွင် ပထမဆုံး တရားစွဲဆိုခံရသော တာဝန်ထမ်းဆောင်ဆဲသမ္မတ ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် တောင်ကိုရီးယား အခြေခံဥပဒေတရားရုံးက ယွန်းဆက်ယိုအပေါ် စွပ်စွဲချက်များကို အတည်ပြုသည်ဟု ကြေညာခဲ့ပြီး ယွန်းဆက်ယိုအနေဖြင့် သမ္မတရာထူး ရုပ်သိမ်းခံခဲ့ရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ယွန်းဆက်ယိုသည် အထူးအစိုးရတာဝန်များ လုပ်ဆောင်ခြင်းကို အဟန့်အတားပြုမှု စသည့်ပြစ်မှုများအတွက် ပထမအကြိမ်စီရင်မှုတွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ (Xinhua)

——————
(Chinese Version)
韩国将启动新特检法继续调查尹锡悦夫妇
新华社首尔1月20日电(记者黄莹莹)据韩联社20日报道,旨在继续调查韩国前总统尹锡悦夫妇的新综合特检法在当天举行的国务会议上审议并获通过。
报道说,新综合特检法涉及的调查内容共17项,旨在调查此前已完成调查任务的三个特检组在调查中不充分的部分以及新增疑点。该法案已于16日在韩国国会全体会议上获表决通过。
另据韩国YTN电视台报道,该法案通过后,总统将从推荐名单中任命一名特别检察官,后者可向相关机关请求派遣检察官和公务员组成新特检组展开调查。新特检组有20天准备期,随后可先行开展为期90天的调查,并可延期两次,每次30天。
2024年12月,韩国时任总统尹锡悦发布紧急戒严令。去年1月,韩国检察厅紧急戒严特别调查本部以“涉嫌发动内乱”拘留起诉尹锡悦,尹锡悦成为韩国宪政史上首位被起诉的在任总统。4月,韩国宪法法院宣布通过对尹锡悦的弹劾,尹锡悦被罢免总统职务。2026年1月16日,尹锡悦因妨碍执行特殊公务等罪名一审被判有期徒刑5年。(完)
图说:1月13日,韩国前总统尹锡悦(右侧电视机下方)在韩国首尔出席法院庭审。新华社/纽西斯通讯社